ထိုအချိန်တွင် လေသည် ဆန့်ကျင်ဘက်တိုက်သောကြောင့် တပည့်တော်တို့၏ လှေမှာ လှိုင်းပုတ်ခြင်းခံရပြီး ကမ်းနှင့်အလွန်ဝေးကွာသွား၏။
ရှင်မာကု 6:48 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လေသည် ဆန့်ကျင်ဘက်တိုက်သောကြောင့် တပည့်တော်တို့သည် ပင်ပန်းစွာ အားစိုက်လှော်ခတ်ကြရသည်ကို မြင်တော်မူ၏။ နံနက်သုံးနာရီခန့်တွင် ကိုယ်တော်သည် ရေပေါ်တွင် လမ်းလျှောက်တော်မူ၍ တပည့်တော်တို့ ရှိရာသို့ ကြွကာ သူတို့ကို ကျော်ဖြတ်ရန် ပြုတော်မူ၏။ Common Language Bible လေကိုဆန်၍ခက်ခဲစွာလှော်ခတ်ရကြသဖြင့် တပည့်တော်တို့သည်ဒုက္ခရောက်လျက်ရှိကြသည် ကိုမြင်တော်မူသောအခါ ကိုယ်တော်သည်ရေပေါ် မှာလျှောက်၍သူတို့ထံသို့ကြွတော်မူ၏။ အချိန် ကားမိုးသောက်ယံအချိန်ဖြစ်၏။ ကိုယ်တော်သည် သူတို့အနီးမှဖြတ်ကျော်၍ကြွမည်ပြု၏။- Garrad Bible လေ မ သင့်၍ ပင် ပန်း စွာ ခတ် လျက် ရှိ နေ ကြ သည် ကို မြင် တော် မူ သော် သန်း ခေါင် ကျော် သုံး နာ ရီ ခန့် အ ချိန်၌ အိုင် ရေ ပေါ် တွင် စက် တော် ဖြန့် လျက် တ ပည့် တော် တို့ ထံ ကြွ ရာ လွန် သွား မည် ပြု တော် မူ၏။ Judson Bible လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ်၍ ပင်ပန်းကြသည်ကို မြင်တော်မူ၏။ ညသုံးချက်တီးကျော်အချိန်၌ အိုင်ပေါ်မှ စက်တော်ဖြန့်လျက်၊ သူတို့ရှိရာသို့ကြွ၍ အနားမှာ လျှောက်သွားမည် ပြုတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း လေဆန်သောကြောင့် လှော်ခတ်၍ ပင်ပန်းနေကြသောတပည့်တော်တို့ကို ကိုယ်တော်မြင်တော်မူလျှင် မိုးသောက်ယံအချိန်ဝန်းကျင်၌ ပင်လယ်ပေါ်တွင်လမ်းလျှောက်လျက် သူတို့ထံသို့ကြွတော်မူပြီး သူတို့ကိုကျော်ဖြတ်သွားမည်ပြုလေ၏။ မြန်မာ လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ်၍ ပင်ပန်းကြသည်ကို မြင်တော်မူ၏။ ညသုံးချက်တီးကျော်အချိန်၌ အိုင်ပေါ်မှ စက်တော်ဖြန့်လျက်၊ သူတို့ရှိရာသို့ကြွ၍ အနားမှာ လျှောက်သွားမည် ပြုတော်မူ၏။- |
ထိုအချိန်တွင် လေသည် ဆန့်ကျင်ဘက်တိုက်သောကြောင့် တပည့်တော်တို့၏ လှေမှာ လှိုင်းပုတ်ခြင်းခံရပြီး ကမ်းနှင့်အလွန်ဝေးကွာသွား၏။
အကယ်၍ အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကို အတိအကျသိထားလျှင် သူသည် သတိနှင့်စောင့်နေလျက် မိမိအိမ်ကို ဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်းကို သင်တို့သိကြ၏။
ထို့ကြောင့် အိမ်ရှင်သည် ညနေ၊ သို့မဟုတ် သန်းခေါင်၊ သို့မဟုတ် အရုဏ်မတက်မီ၊ သို့မဟုတ် မိုးလင်းချိန်တို့တွင် မည်သည့်အချိန်၌ ကြွလာမည်ကို သင်တို့မသိသောကြောင့် သတိနှင့် စောင့်နေကြလော့။
ညအချိန်ရောက်သော် တပည့်တော်တို့၏ လှေသည် အိုင်အလယ်၌ ရောက်နေ၏။ ယေရှုမှာမူ ကုန်းပေါ်၌ တစ်ကိုယ်တည်းရှိတော်မူ၏။
ထိုသို့ ရေပေါ်တွင် ကိုယ်တော်လမ်းလျှောက်တော်မူသည်ကို တပည့်တော်တို့မြင်သောအခါ တစ္ဆေဟု ထင်မှတ်၍ အော်ဟစ်ကြ၏။
သခင်သည် သန်းခေါင်ယံအချိန်၌ဖြစ်စေ၊ မိုးမလင်းမီအချိန်၌ဖြစ်စေ ပြန်လာသောအခါ အသင့်စောင့်နေကြသောအစေခံတို့သည် မင်္ဂလာရှိကြ၏။
ထိုအခါ သူတို့သွားနေသည့်ဧမောက်ရွာအနီးသို့ ရောက်သော် ယေရှုသည် ရှေ့သို့ဆက်သွားမည့်ဟန် ပြုတော်မူ၏။
ထိုသူတို့သည် လူ့သဘာဝအရ မွေးဖွားလာသူများ မဟုတ်။ သွေးသားဆန္ဒအရ မွေးဖွားလာသူများ မဟုတ်။ လူ့အလိုဆန္ဒအရ မွေးဖွားလာသူများ မဟုတ်။ ဘုရားသခင်က မွေးဖွားစေတော်မူသောသူများဖြစ်ကြ၏။