Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 6:48 - Common Language Bible

48 လေ​ကို​ဆန်​၍​ခက်​ခဲ​စွာ​လှော်​ခတ်​ရ​ကြ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ကြ​သည် ကို​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​လျှောက်​၍​သူ​တို့​ထံ​သို့​ကြွ​တော်​မူ​၏။ အ​ချိန် ကား​မိုး​သောက်​ယံ​အ​ချိန်​ဖြစ်​၏။ ကိုယ်​တော်​သည် သူ​တို့​အ​နီး​မှ​ဖြတ်​ကျော်​၍​ကြွ​မည်​ပြု​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

48 လေ မ သင့်၍ ပင် ပန်း စွာ ခတ် လျက် ရှိ နေ ကြ သည် ကို မြင် တော် မူ သော် သန်း ခေါင် ကျော် သုံး နာ ရီ ခန့် အ ချိန်၌ အိုင် ရေ ပေါ် တွင် စက် တော် ဖြန့် လျက် တ ပည့် တော် တို့ ထံ ကြွ ရာ လွန် သွား မည် ပြု တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

48 လေ​မ​သင့်​သော​ကြောင့် တ​ပည့်​တော်​တို့​သည် တက်​ခတ်၍ ပင်​ပန်း​ကြ​သည်​ကို မြင်​တော်​မူ၏။ ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ အိုင်​ပေါ်​မှ စက်​တော်​ဖြန့်​လျက်၊ သူ​တို့​ရှိ​ရာ​သို့​ကြွ၍ အ​နား​မှာ လျှောက်​သွား​မည် ပြု​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

48 လေ​ဆန်​သောကြောင့် လှော်ခတ်​၍ ပင်ပန်း​နေ​ကြ​သော​တပည့်​တော်​တို့​ကို ကိုယ်တော်​မြင်​တော်မူ​လျှင် မိုးသောက်ယံ​အချိန်​ဝန်းကျင်​၌ ပင်လယ်​ပေါ်တွင်​လမ်းလျှောက်​လျက် သူ​တို့​ထံသို့​ကြွ​တော်မူ​ပြီး သူ​တို့​ကို​ကျော်ဖြတ်​သွား​မည်​ပြု​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

48 လေ​သည် ဆန့်ကျင်ဘက်​တိုက်​သောကြောင့် တပည့်တော်တို့​သည် ပင်ပန်း​စွာ အားစိုက်​လှော်ခတ်ကြရသည်​ကို မြင်တော်မူ၏။ နံနက်​သုံးနာရီ​ခန့်​တွင် ကိုယ်တော်​သည် ရေ​ပေါ်တွင် လမ်းလျှောက်တော်မူ​၍ တပည့်တော်တို့ ရှိရာ​သို့ ကြွ​ကာ သူ​တို့​ကို ကျော်ဖြတ်​ရန် ပြုတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

48 လေ​မ​သင့်​သော​ကြောင့် တ​ပည့်​တော်​တို့​သည် တက်​ခတ်၍ ပင်​ပန်း​ကြ​သည်​ကို မြင်​တော်​မူ၏။ ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ အိုင်​ပေါ်​မှ စက်​တော်​ဖြန့်​လျက်၊ သူ​တို့​ရှိ​ရာ​သို့​ကြွ၍ အ​နား​မှာ လျှောက်​သွား​မည် ပြု​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 6:48
16 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည်​အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု​ပါ​ရ​စေ။ အ​ကျွန်ုပ်​အိမ်​သို့​ကြွ​တော်​မူ​ကြ​ပါ။ ခြေ​ကို​ဆေး​၍​ည​အိပ်​တည်း​ခို​ကြ​ပါ။ နံ​နက်​စော​စော​ထ​၍​ခ​ရီး​ဆက်​ကြ​ပါ'' ဟု​ခေါ်​ဖိတ်​လေ​၏။ သို့​ရာ​တွင်​ကောင်း​ကင်​တ​မန်​တို့​က``ငါ​တို့​သည် အ​ပြင်​လမ်း​မ​ပေါ်​၌​သာ​နေ​ပါ​မည်'' ဟု​ဆို​လေ​၏။


ထို​သူ​က``ငါ့​ကို​လွှတ်​ပါ။ မိုး​လင်း​လု​ပြီ'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​က``အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မှ​လွှတ် မည်'' ဟု​ပြော​၏။


မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။


မိုး​မျက်​နှာ​ကျက်​ရှိ​ရေ​ပြင်​အ​ထက်​တွင်​အိမ်​တော်​ကို တည်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိုး​တိမ်​တို့​ကို​ရ​ထား​သ​ဖွယ်၊ လေ​ကို​အ​တောင်​များ​သ​ဖွယ်​စီး​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​သ​မုဒ္ဒ​ရာ မြည်​ဟည်း​သံ​ထက်​လည်း​ကောင်း၊ ပင်​လယ်​လှိုင်း​တံ​ပိုး​များ​ထက်​လည်း​ကောင်း​သာ​၍ တန်​ခိုး​ကြီး​ပြီး​လျှင် အ​ချုပ်​အ​ခြာ​အာ​ဏာ​တော်​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် စိုး​စံ​တော်​မူ​၏။


နံ​နက်​အ​ရုဏ်​မ​တက်​မီ​အ​ချိန်​တွင် ထာ​ဝ​ရ ဘု​ရား​သည်​မီး​တိုင်​နှင့်​မိုး​တိမ်​တိုင်​တို့​မှ​နေ ၍ အီ​ဂျစ်​စစ်​တပ်​ကို​ကြည့်​ရှု​တော်​မူ​ပြီး လျှင်​သူ​တို့​ကို​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ​တော်​မူ​၏။-


``အို ယေ​ရု​ရှ​လင်​မြို့၊ဒုက္ခ​ရောက်​လျက်၊ အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ၊ နှစ်​သိမ့်​မည့်​သူ မ​ရှိ​သည့်​မြို့၊ ငါ​သည်​သင်​၏​အုတ်​မြစ်​များ​ကို​အ​ဖိုး​တန် ကျောက်​များ​ဖြင့်​ပြန်​လည်​တည်​ဆောက်​မည်။


တ​ပည့်​တော်​တို့​၏​လှေ​သည်​ကား​ကမ်း​နှင့်​များ​စွာ ဝေး​ကွာ​သွား​လေ​ပြီ။ လေ​ဆန်​ဖြစ်​သ​ဖြင့်​ထို​လှေ ကို​လှိုင်း​တံ​ပိုး​များ​ရိုက်​ခတ်​လျက်​ရှိ​၏။


အ​ကယ်​၍​အိမ်​ရှင်​သည်​သူ​ခိုး​လာ​မည့်​အ​ချိန်​ကို သာ​သိ​ရ​လျှင်​သ​တိ​နှင့်​နေ​လျက် မိ​မိ​အိမ်​ကို သူ​ခိုး​ဖောက်​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​သင်​တို့ သိ​မှတ်​ကြ​လော့။-


သင်​တို့​သည်​အိမ်​ရှင်​အ​ဘယ်​အ​ခါ​ကြွ​လာ​မည် ကို​မ​သိ။ ညဥ့်​ဦး​ယံ​၌​ကြွ​ကောင်း​ကြွ​လာ​ပေ​မည်။ သို့​မ​ဟုတ်​သန်း​ခေါင်​ယံ​အ​ချိန်​၌​သော်​လည်း​ကောင်း ကြက်​ဦး​တွန်​ချိန်​၌​သော်​လည်း​ကောင်း၊ မိုး​သောက် ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ​နိုင်​ပေ​သည်။-


ည​ချမ်း​အ​ချိန်​ကျ​ရောက်​သော်​တ​ပည့်​တော်​တို့​၏ လှေ​သည် အိုင်​အ​လယ်​တွင်​ရောက်​လျက်​နေ​၏။ ကိုယ် တော်​သည်​ကား​တစ်​ကိုယ်​တည်း​ကုန်း​ပေါ်​မှာ​ရှိ​၏။-


သူ​တို့​သည်​ရေ​ပေါ်​မှာ​ကိုယ်​တော်​လမ်း​လျှောက် နေ​သည်​ကို​မြင်​ကြ​သော်​တစ္ဆေ​ဟု​ထင်​မှတ်​၍ ဟစ်​အော်​ကြ​၏။-


သူ​သည်​သန်း​ခေါင်​ယံ​၌​သော်​လည်း​ကောင်း၊ မိုး​သောက်​ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ သော​အ​ခါ စောင့်​မျှော်​လျက်​နေ​သော​အ​စေ​ခံ တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။-


ထို​သူ​တို့​သွား​သည့်​ရွာ​အ​နီး​သို့​ရောက်​ကြ လျှင်​ကိုယ်​တော်​သည်​ရှေ့​သို့​ဆက်​၍​သွား​မည့် ဟန်​ပြု​၏။-


ထို​သူ​တို့​သည်​လူ​သား​ဖ​ခင်​မှ​ပေါက်​ဖွား​လာ သော​သား​သ​မီး​များမ​ဟုတ်။ ဘု​ရား​သ​ခင် ပေါက်​ဖွား​စေ​တော်​မူ​သော​သူ​များ​ဖြစ်​ကြ​၏။


နောက်​တစ်​နေ့​နံ​နက်​၌​ရှော​လု​သည်​မိ​မိ ၏​လူ​တို့​ကို​သုံး​တပ်​ခွဲ​ပြီး​လျှင် အ​ရုဏ် တက်​ချိန်​၌ ရန်​သူ​တပ်​စ​ခန်း​ကို​အ​တင်း ဝင်​၍​တိုက်​ခိုက်​ရာ​မွန်း​တည့်​ချိန်​ရောက်​သော် အမ္မုန်​အ​မျိုး​သား​တို့​ကျ​ဆုံး​ကြ​ကုန်​၏။ မ​သေ​ဘဲ​ကြွင်း​ကျန်​နေ​သူ​တို့​သည်​လည်း တ​ကွဲ​တ​ပြား​ကိုယ်​လွတ်​ရုန်း​၍​ထွက်​ပြေး ကြ​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ