ယေရှုသည် လှေပေါ်မှဆင်းသောအခါ လူအုပ်ကြီးကို တွေ့မြင်တော်မူလျှင် သနားစိတ်ရှိတော်မူသဖြင့် ဖျားနာသူများကို ကျန်းမာစေတော်မူ၏။
ရှင်မာကု 6:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် လှေပေါ်မှဆင်းသောအခါ လူအုပ်ကြီးကို တွေ့မြင်တော်မူလျှင် သူတို့သည် သိုးထိန်းမရှိသော သိုးများကဲ့သို့ ဖြစ်သောကြောင့် သနားကြင်နာစိတ်ရှိတော်မူ၏။ ထို့ကြောင့် သူတို့အား အကြောင်းအရာများစွာကို ဟောပြောသွန်သင်တော်မူ၏။ Common Language Bible ကိုယ်တော်သည်လှေမှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူ၏။ သိုးထိန်းမဲ့သည့် သိုးများကဲ့သို့ဖြစ်နေကြသဖြင့် သူတို့ကို သနားတော်မူ၏။ သို့ဖြစ်၍များစွာသောတရား စကားများကို သူတို့အားဟောပြောသွန်သင် တော်မူ၏။- Garrad Bible လှေ မှ ဆင်း လျှင် ကြီး စွာ သော ထို ပ ရိတ် သတ် ကို မြင် သော်၊ အ ထိန်း မဲ့ သိုး အုပ် ကဲ့ သို့ ရှိ နေ ကြ သော ကြောင့် က ရု ဏာ သက်၍ အ ကျယ် အား ဖြင့် သွန် သင် တော် မူ၏။ Judson Bible ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည်လှေပေါ်မှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ဖြစ်ကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ များစွာသောအရာတို့ကိုသွန်သင်တော်မူ၏။ မြန်မာ ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ၏။ |
ယေရှုသည် လှေပေါ်မှဆင်းသောအခါ လူအုပ်ကြီးကို တွေ့မြင်တော်မူလျှင် သနားစိတ်ရှိတော်မူသဖြင့် ဖျားနာသူများကို ကျန်းမာစေတော်မူ၏။
ထိုအခါ ယေရှုသည် တပည့်တော်တို့ကို ခေါ်၍ “ဤလူတို့ကို ငါသနား၏။ သူတို့သည် သုံးရက်တိုင်တိုင် ငါနှင့်အတူ ရှိကြပြီ။ သူတို့ထံ၌ မည်သည့်စားစရာမျှ မရှိ။ လမ်းတွင် အားပြတ်မည်ကိုစိုးရိမ်ရသောကြောင့် သူတို့ကို စားစရာမကျွေးဘဲ မပြန်စေလိုပါ” ဟု မိန့်တော်မူ၏။
ယေရှုသည် လူထုပရိသတ်တို့ကို မြင်တော်မူသောအခါ သူတို့ကို သနားကြင်နာသောစိတ် ရှိတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သိုးထိန်းမရှိသော သိုးများကဲ့သို့ အားကိုးရာမဲ့လျက် လမ်းပျောက်နေကြသောကြောင့်ဖြစ်၏။
သို့သော် လူများစွာတို့သည် သူတို့သွားကြသည်ကို မြင်၍ ယေရှုနှင့်တပည့်တော်တို့ဖြစ်ကြောင်းကို သိကြ၏။ ထို့ကြောင့် မြို့ရွာများမှ ထွက်၍ ကုန်းကြောင်းဖြင့် လိုက်ကြရာ ယေရှုနှင့် တပည့်တော်တို့ထက်ပင် စော၍ ရောက်နှင့်ကြ၏။
ညနေခင်းရောက်သောအခါ တပည့်တော်တို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးသောအရပ်ဖြစ်ပြီး မိုးလည်းချုပ်ပါတော့မည်။
ထိုအချိန်တွင် လူအုပ်ကြီးသည် ထပ်မံစုဝေးကြရာ စားစရာမရှိကြသဖြင့် ယေရှုသည် တပည့်တော်တို့ကို ခေါ်၍
“ဤလူတို့ကို ငါသနား၏။ သူတို့သည် သုံးရက်တိုင်တိုင် ငါနှင့်အတူ ရှိကြပြီ။ သူတို့ထံ၌ မည်သည့်စားစရာမျှ မရှိ။
ကိုယ်တော်ကြွတော်မူကြောင်းကို လူထုပရိသတ်တို့သည် ကြားသိသဖြင့် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အား ကြိုဆို၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်တော်မူ၏။ ဖျားနာသောသူများကိုလည်း ကျန်းမာစေတော်မူ၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းသည် ကျွန်ုပ်တို့၏ အားနည်းချက်များကို မစာနာမထောက်ထားနိုင်သူ မဟုတ်။ ကိုယ်တော်သည် ကျွန်ုပ်တို့နည်းတူ ဖြားယောင်းသွေးဆောင်မှုအမျိုးမျိုးကို တွေ့ကြုံခဲ့သောအရှင်ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်သည် အပြစ်နှင့်ကင်းလွတ်တော်မူ၏။