ရှင်မာကု 6:34 - Common Language Bible34 ကိုယ်တော်သည်လှေမှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူ၏။ သိုးထိန်းမဲ့သည့် သိုးများကဲ့သို့ဖြစ်နေကြသဖြင့် သူတို့ကို သနားတော်မူ၏။ သို့ဖြစ်၍များစွာသောတရား စကားများကို သူတို့အားဟောပြောသွန်သင် တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible34 လှေ မှ ဆင်း လျှင် ကြီး စွာ သော ထို ပ ရိတ် သတ် ကို မြင် သော်၊ အ ထိန်း မဲ့ သိုး အုပ် ကဲ့ သို့ ရှိ နေ ကြ သော ကြောင့် က ရု ဏာ သက်၍ အ ကျယ် အား ဖြင့် သွန် သင် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible34 ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 ကိုယ်တော်သည်လှေပေါ်မှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ဖြစ်ကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ များစွာသောအရာတို့ကိုသွန်သင်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း34 ယေရှုသည် လှေပေါ်မှဆင်းသောအခါ လူအုပ်ကြီးကို တွေ့မြင်တော်မူလျှင် သူတို့သည် သိုးထိန်းမရှိသော သိုးများကဲ့သို့ ဖြစ်သောကြောင့် သနားကြင်နာစိတ်ရှိတော်မူ၏။ ထို့ကြောင့် သူတို့အား အကြောင်းအရာများစွာကို ဟောပြောသွန်သင်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ34 ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့သည် သိုးထိန်းမဲ့သည့်သိုးများကဲ့သို့တောင်ကုန်း များပေါ်တွင်ကွဲလွင့်လျက်နေသည်ကိုငါ မြင်၏။ ထာဝရဘုရားကလည်း`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့အေးချမ်းစွာပြန်ခွင့်ပြုလော့' ဟုမိန့် တော်မူပါသည်''ဟုဆို၏။
ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့ သည်သိုးထိန်းမဲ့သည့်သိုးများကဲ့သို့ တောင် ကုန်းများပေါ်တွင်ကွဲလွင့်လျက်နေသည်ကို ငါမြင်၏။ ထာဝရဘုရားက`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့ဧချမ်းစွာပြန်ခွင့်ပြုကြလော့' ဟုမိန့် တော်မူသည်'' ဟုဆင့်ဆိုလေ၏။
သခင်ယေရှုသည်တပည့်တော်တို့အားအထံ တော်သို့ခေါ်ဆောင်တော်မူပြီးလျှင် ``ဤလူ အပေါင်းတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် နေခဲ့ကြ၏။ သူတို့မှာအစားအစာမရှိကြ တော့သဖြင့်သူတို့ကိုငါသနား၏။ လမ်းတွင် အားပြတ်မည်စိုးရိမ်ရသဖြင့်သူတို့အား အစားအစာမကျွေးဘဲအိမ်သို့မပြန်စေ လို'' ဟုမိန့်တော်မူ၏။
ထိုသို့သွားသည်ကိုလူအများပင်မြင်လိုက် သဖြင့် ကိုယ်တော်နှင့်တပည့်တော်တို့ဖြစ်ကြောင်း သိကြ၏။ ထို့ကြောင့်အမြို့မြို့အရွာရွာမှလူ အပေါင်းတို့သည် ကိုယ်တော်သွားရာအရပ်သို့ အလျင်အမြန်ကုန်းကြောင်းလိုက်သဖြင့်ကိုယ် တော်နှင့်တပည့်တော်တို့မရောက်မီရောက်နှင့် နေကြ၏။-