Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 15:32 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ထိုအခါ ယေရှု​သည် တပည့်တော်တို့​ကို ခေါ်​၍ “ဤ​လူတို့​ကို ငါ​သနား၏။ သူတို့​သည် သုံးရက်​တိုင်တိုင် ငါ​နှင့်အတူ ရှိကြပြီ။ သူတို့​ထံ၌ မည်သည့်​စားစရာ​မျှ မရှိ။ လမ်း​တွင် အားပြတ်မည်​ကို​စိုးရိမ်ရ​သောကြောင့် သူတို့​ကို စားစရာ​မကျွေးဘဲ မပြန်စေလိုပါ” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား​အ​ထံ တော်​သို့​ခေါ်​ဆောင်​တော်​မူ​ပြီး​လျှင် ``ဤ​လူ အ​ပေါင်း​တို့​သည်​ငါ​နှင့်​အ​တူ​သုံး​ရက်​တိုင်​တိုင် နေ​ခဲ့​ကြ​၏။ သူ​တို့​မှာ​အ​စား​အ​စာ​မ​ရှိ​ကြ တော့​သ​ဖြင့်​သူ​တို့​ကို​ငါ​သ​နား​၏။ လမ်း​တွင် အား​ပြတ်​မည်​စိုး​ရိမ်​ရ​သ​ဖြင့်​သူ​တို့​အား အ​စား​အ​စာ​မ​ကျွေး​ဘဲ​အိမ်​သို့​မ​ပြန်​စေ လို'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 ထို အ ခါ တ ပည့် တော် တို့ ကို ခေါ်၍ ယေ ရှု က ဤ လူ ပ ရိ သတ် သည် ယ ခု တိုင် ငါ နှင့် သုံး ရက် ရှိ နေ လျက် စား ရန် အ စာ မ ရှိ ကြ သော ကြောင့် ငါ သ နား သည်။ လမ်း တွင် ပန်း မည် စိုး၍ အ စာ မ စား ရ ဘဲ မ လွှတ် လို ဟု မိန့် တော် မူ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍၊ ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ အ​လျှင်း​မ​ရှိ။ လမ်း​ခ​ရီး၌ မော​မည်​ကို​စိုး​ရိမ်​သော​ကြောင့် အ​စာ​မ​စား​မီ သူ​တို့​ကို​လွှတ်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ထိုအခါ ယေရှု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍“ဤ​လူထု​ပရိသတ်​ကို ငါ​သနား​၏။ အကြောင်းမူကား သူ​တို့​သည် သုံး​ရက်​တိုင်တိုင် ငါ​နှင့်အတူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်သည့်​စား​စရာ​မျှ​မ​ရှိ။ သူ​တို့​ကို​ဘာမျှ​မ​ကျွေး​ဘဲ ပြန်သွား​စေရန် ငါ​အလို​မ​ရှိ။ ထိုသို့​ပြန်​စေ​လျှင် သူ​တို့​သည် လမ်း​ခရီး​၌ အားပြတ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

32 ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍၊ ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ အ​လျှင်း​မ​ရှိ။ လမ်း​ခ​ရီး၌ မော​မည်​ကို​စိုး​ရိမ်​သော​ကြောင့် အ​စာ​မ​စား​မီ သူ​တို့​ကို​လွှတ်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 15:32
17 ပူးပေါင်းရင်းမြစ်များ  

ယောန​သည် ငါး​ကြီး​၏ ဝမ်းတွင်း​၌ သုံးရက်​နှင့် သုံးည​တိုင် နေရ​သကဲ့သို့ လူသား​သည် မြေကြီး​ထဲ​၌ သုံးရက်​နှင့် သုံးည နေရ​လိမ့်မည်။


ယေရှု​သည် ထို​သတင်း​ကို ကြား​သောအခါ ထို​နေရာ​မှ ထွက်ခွာ​၍ လှေ​ကို စီး​လျက် ဆိတ်ငြိမ်သော​အရပ်​သို့ ကြွတော်မူ၏။ သို့သော် လူထု​ပရိသတ်တို့​သည် ယေရှု​ကြွတော်မူကြောင်း​ကို ကြားသိ​သဖြင့် မြို့ရွာများ​မှ​ထွက်​၍ ကုန်းကြောင်း​ဖြင့် လိုက်ကြ၏။


တပည့်တော်တို့​က “ဤမျှလောက်​များသော​လူတို့​အား ဝလင်​စွာ​ကျွေးမွေး​ရန် စားစရာ​ကို ဤ​တောကန္တာရ​တွင် မည်သို့​ရနိုင်မည်နည်း” ဟု လျှောက်ကြ၏။


ယေရှု​သည် သနားတော်မူ​သဖြင့် သူတို့​၏​မျက်စိ​ကို လက်​နှင့်​တို့ထိတော်မူ၏။ သူတို့​သည် ချက်ချင်း​ပင် မျက်စိ​မြင်​၍ နောက်တော်​သို့​လိုက်ကြ၏။


“အရှင်မင်းကြီး… ထို​လှည့်ဖြားသူ​အသက်ရှင်​စဉ်အခါ​က ‘ငါ​သည် သုံးရက်​ကြာ​ပြီးနောက် သေခြင်း​မှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်​ကို အကျွန်ုပ်တို့ မှတ်မိပါ၏။


ယေရှု​သည် လူထု​ပရိသတ်တို့​ကို မြင်တော်မူ​သောအခါ သူတို့​ကို သနားကြင်နာသော​စိတ် ရှိတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူတို့​သည် သိုးထိန်း​မရှိသော သိုးများ​ကဲ့သို့ အားကိုးရာမဲ့​လျက် လမ်းပျောက်နေကြ​သောကြောင့်​ဖြစ်၏။


ထို​နတ်​သည် သူငယ်​ကို သေ​စေရန် မီး​ထဲသို့​ဖြစ်စေ၊ ရေ​ထဲသို့​ဖြစ်စေ မကြာခဏ​ပစ်ချတတ်ပါ၏။ ဆရာတော်​သည် တစ်စုံတစ်ခု​တတ်နိုင်​လျှင် အကျွန်ုပ်တို့​ကို သနား​၍ ကယ်တော်မူပါ” ဟု လျှောက်လေ၏။


ယေရှု​သည် မုဆိုးမ​ကို မြင်​သောအခါ သနားစိတ်​ရှိတော်မူ​သဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။


မိုးလင်းလုနီး​သောအခါ ပေါလု​က ထို​သူတို့​အားလုံး​ကို အစာ​စား​ရန် တိုက်တွန်း​လျက် “သင်တို့​သည် မည်သည့်​အစာ​ကို​မျှ​မစားဘဲ စိုးရိမ်ကြီး​စွာ ဆက်တိုက်​စောင့်ကြည့်လာသည်​မှာ ယနေ့​ဆယ့်​လေးရက်​ရှိပြီ။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​သည် ကျွန်ုပ်တို့​၏ အားနည်းချက်များ​ကို မစာနာမထောက်ထားနိုင်​သူ မဟုတ်။ ကိုယ်တော်​သည် ကျွန်ုပ်တို့​နည်းတူ ဖြားယောင်း​သွေးဆောင်မှု​အမျိုးမျိုး​ကို တွေ့ကြုံခဲ့သော​အရှင်​ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်​သည် အပြစ်​နှင့်​ကင်းလွတ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ