သို့သော် ယေရှုသည် ထိုအရာကို သိမြင်တော်မူသဖြင့် “ငါ့အတွက် ကောင်းမှုပြုသော ဤအမျိုးသမီးကို အဘယ်ကြောင့် ဝေဖန်ကြသနည်း။
ရှင်မာကု 5:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မိန့်တော်မူနေစဉ် ဝတ်ပြုဆောင်မှူးယာဣရုအိမ်မှ လူတချို့သည် ရောက်လာ၍ ယာဣရုအား “အရှင့်သမီးသည် အသက်မရှိတော့ပါ။ ဆရာတော်ကို အဘယ်ကြောင့် နှောင့်ယှက်တော့မည်နည်း” ဟု ဆိုကြ၏။ Common Language Bible ယင်းသို့မိန့်တော်မူချိန်၌ယာဣရု၏အိမ်မှလူ အချို့တို့ရောက်လာကြပြီးလျှင် ``အရှင်၏သမီး သည်သေဆုံးပါပြီ။ ဆရာတော်ကိုအဘယ်ကြောင့် ဒုက္ခပေးပါတော့မည်နည်း'' ဟုဆိုကြ၏။ Garrad Bible ထို သို့ မိန့် တော် မူ စဉ် ဓ မ္မာ ရုံ အုပ် အိမ် မှ လူ လာ၍ အ ရှင့် သ မီး သေ ဆုံး ပြီ။ ဆ ရာ ကို အ ဘယ် ကြောင့် ဆက် လက် ပင် ပန်း ရှာ တော့ သ နည်း ဟု ကြား ပြော ကြ ရာ၊ Judson Bible ထိုသို့ မိန့်တော်မူစဉ်တွင် တရားဇရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီး သေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ယှက်သေးသနည်းဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံ၏အိမ်မှ လူတို့သည် ရောက်လာ၍ “သင်၏သမီးသေဆုံးသွားပါပြီ။ ဆရာ့ကို အဘယ်ကြောင့် ဆက်၍နှောင့်ယှက်နေဦးမည်နည်း”ဟု ပြောကြ၏။ မြန်မာ ထိုသို့ မိန့်တော်မူစဉ်တွင် တရားဇရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီး သေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ယှက်သေးသနည်းဟု ဆိုကြ၏။- |
သို့သော် ယေရှုသည် ထိုအရာကို သိမြင်တော်မူသဖြင့် “ငါ့အတွက် ကောင်းမှုပြုသော ဤအမျိုးသမီးကို အဘယ်ကြောင့် ဝေဖန်ကြသနည်း။
ယေရှုက “သင်တို့သည် မြို့ထဲသို့ ဝင်သောအခါ လူတစ်ဦးကို တွေ့လိမ့်မည်။ ထိုလူကို တွေ့လျှင် ဆရာတော်က ‘ငါ၏အချိန် ရောက်လာပြီ။ ငါသည် ပသခါပွဲတော်ညစာကို တပည့်တို့နှင့်အတူ သင့်အိမ်၌ သုံးဆောင်မည်’ ဟု မှာကြားလိုက်သည်ဟူ၍ ထိုသူအား ပြောကြလော့” ဟု မိန့်တော်မူ၏။
ဤအရာများကို မိန့်တော်မူစဉ် ထိုအရပ်မှ ခေါင်းဆောင်တစ်ဦးသည် ယေရှုထံတော်သို့လာ၍ ခြေတော်ရင်း၌ ဝပ်တွားခယလျက် “အကျွန်ုပ်၏သမီးသည် ယခုပင် သေဆုံးပါ၏။ သို့သော်လည်း အရှင်သည်ကြွလာ၍ သူ့အပေါ်၌ လက်တော်ကို တင်ပါက သူသည် အသက်ရှင်ပါလိမ့်မည်” ဟု လျှောက်လေ၏။
ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုရန် ထွက်ခွာတော်မူသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ ပြေးလာ၍ ဒူးထောက်ပြီးလျှင် “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ထိုအခါ ယာဣရု အမည်ရှိသော ဂျူးဝတ်ပြုဆောင်မှူးတစ်ဦးသည် လာ၍ ယေရှုကို တွေ့မြင်သောအခါ ခြေတော်ရင်း၌ ဝပ်တွားခယလျက်
ထိုသို့ မိန့်တော်မူနေစဉ် ဝတ်ပြုဆောင်မှူးအိမ်မှ လူတစ်ဦးသည် လာ၍ ယာဣရုအား “အရှင်၏သမီးသည် အသက်မရှိတော့ပါ။ ဆရာတော်ကို မနှောင့်ယှက်ပါတော့နှင့်” ဟု ပြောလေ၏။
မာသက ယေရှုအား “သခင်… သခင်သာ ဤနေရာ၌ ရှိတော်မူခဲ့လျှင် ကျွန်မမောင်သေဆုံးမည်မဟုတ်ပါ။
ယေရှုက “ငါသည် သေလွန်သောသူတို့ကို ပြန်ရှင်စေ၍ အသက်ကို ပေးပိုင်သူဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ပြန်ရှင်လိမ့်မည်။
ထိုသို့လျှောက်ထားပြီးနောက် မာသသည် ပြန်သွား၍ ငိုကြွေးနေကြသူများအထဲမှ မိမိညီမ မာရိကို ခေါ်လျက် “ဆရာတော် ကြွလာပြီ။ သင့်ကို ခေါ်တော်မူသည်” ဟု တိတ်တဆိတ်ပြောလေ၏။
မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ ရောက်သောအခါ ခြေတော်ရင်း၌ ဝပ်တွားခယလျက် “သခင်… သခင်သာ ဤနေရာ၌ ရှိတော်မူခဲ့လျှင် ကျွန်မမောင်သေဆုံးမည်မဟုတ်ပါ” ဟု လျှောက်လေ၏။
ယေရှုက “ကျောက်တုံးကို ရွှေ့ကြလော့” ဟု မိန့်တော်မူ၏။ ထိုအခါ သေလွန်သူ၏ အစ်မဖြစ်သူ မာသက “သခင်… လာဇရုသေသည်မှာ လေးရက်ရှိပါပြီ။ ထို့ကြောင့် ယခုဆိုလျှင် အနံ့ထွက်နေပါလိမ့်မည်” ဟု လျှောက်လေ၏။
သင်တို့အား ငါအမှန်ဆို၏။ သေသောသူတို့သည် ဘုရားသခင်၏ သားတော်အသံကို ကြားသည့်အချိန် ကျရောက်လာလိမ့်မည်။ စင်စစ် ထိုအချိန်သည် ယခုပင် ရောက်လျက်ရှိ၏။ သားတော်၏ အသံကို ကြားသောသူတို့သည် အသက်ရှင်လိမ့်မည်။