Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ယေရှု​က “သင်တို့​သည် မြို့​ထဲသို့ ဝင်​သောအခါ လူ​တစ်ဦး​ကို တွေ့​လိမ့်မည်။ ထို​လူ​ကို တွေ့​လျှင် ဆရာတော်​က ‘ငါ​၏​အချိန် ရောက်လာပြီ။ ငါ​သည် ပသခါပွဲတော်​ညစာ​ကို တပည့်တို့​နှင့်အတူ သင့်​အိမ်​၌ သုံးဆောင်မည်’ ဟု မှာကြားလိုက်သည်​ဟူ၍ ထို​သူ​အား ပြောကြလော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ကိုယ်​တော်​က ``မြို့​ထဲ​သို့​ဝင်​၍​ဤ​မည်​သော​သူ​ထံ သို့​သွား​၍​ဆ​ရာ​တော်​က `ငါ့​အ​တွက်​သတ်​မှတ် ထား​သည့်​အ​ချိန်​ရောက်​လာ​ပြီ​ဖြစ်​၍​ငါ့​တ​ပည့် များ​နှင့်​အ​တူ​သင်​၏​အိမ်​တွင်​ပ​သ​ခါ​ပွဲ​ကို ကျင်း​ပ​လို​သည်' ဟု​မှာ​ကြား​လိုက်​ကြောင်း​ပြော ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 မြို့ တွင်း ရှိ ဤ မည် သူ့ ထံ သွား ပြီ လျှင် ဆ ရာ က ငါ့ အ ချိန် နီး ပြီ။ တ ပည့် တို့ နှင့် တ ကွ ပ သ ခါ ပွဲ ကို သင့် အိမ် တွင် ငါ ကျင်း ပ မည် ဟူ၍ မှာ လိုက် ကြောင်း ကြား ပြော ကြ လော ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ကိုယ်​တော်​က၊ မြို့​တွင် ဤ​မည်​သော​သူ၏​အိမ်​သို့ သွား​ကြ၊ ဆ​ရာ​မှာ​လိုက်​သည်​ကား၊ ငါ့​အ​ချိန်​နီး​ပြီ။ သင့်​အိမ်၌ ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို ငါ​ခံ​မည်​ဟု ထို​သူ​ကို ပြော​ကြ​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ကိုယ်တော်​က​လည်း“မြို့​ထဲသို့​သွား​၍ တစ်​ယောက်​သော​သူ​အား ‘ငါ​၏​အချိန်​နီး​ပြီ။ ပသခါ​ပွဲတော်​ကို သင့်​ထံ၌ ငါ​၏​တပည့်​များ​နှင့်အတူ​ကျင်းပ​မည်’​ဟူ၍ ဆရာ​က​မှာ​လိုက်​သည်​ဟု ထို​သူ​အား ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

18 ကိုယ်​တော်​က၊ မြို့​တွင် ဤ​မည်​သော​သူ၏​အိမ်​သို့ သွား​ကြ၊ ဆ​ရာ​မှာ​လိုက်​သည်​ကား၊ ငါ့​အ​ချိန်​နီး​ပြီ။ သင့်​အိမ်၌ ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို ငါ​ခံ​မည်​ဟု ထို​သူ​ကို ပြော​ကြ​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:18
18 ပူးပေါင်းရင်းမြစ်များ  

တစ်စုံတစ်ဦး​က သင်တို့​အား ‘အဘယ်ကြောင့် မြည်း​ကို ကြိုးဖြေကြသနည်း’ ဟု မေး​လျှင် ‘သခင်​အသုံးပြုလို​သောကြောင့်​ဖြစ်၏’ ဟု ဖြေကြလော့။ ထိုသို့​ဖြေလျှင် သူ​သည် ချက်ချင်း​ယူခွင့်ပြု​လိမ့်မည်” ဟု မိန့်မှာတော်မူ၏။


သင်တို့​အား ခေါင်းဆောင်​ဟု ခေါ်ဝေါ်သည်​ကိုလည်း မခံကြနှင့်။ သင်တို့​တွင် ခရစ်တော်​ဟူသော ခေါင်းဆောင်​တစ်ပါးတည်း​ရှိ၏။


သို့သော်လည်း သင်တို့​သည် ဆရာတော်​ဟု ခေါ်ဝေါ်ခြင်း​ကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့​တွင် ဆရာ​တစ်ပါးတည်း​သာ​ရှိ​သောကြောင့်​ဖြစ်၏။ သင်တို့​အားလုံး​သည်လည်း ညီအစ်ကို​မောင်နှမများ​ဖြစ်ကြ၏။


ထို့ကြောင့် တပည့်တော်တို့​သည် ယေရှု​မိန့်တော်မူသည့်​အတိုင်း ဆောင်ရွက်​၍ ပသခါပွဲတော်​ကို ပြင်ဆင်ကြ၏။


“သင်တို့ သိ​နှင့်​ပြီး​ဖြစ်သည့်​အတိုင်း နှစ်ရက်​ကြာ​လျှင် ပသခါပွဲတော်​ကျရောက်မည်။ ထိုအခါ လူသား​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ရန်သူ့​လက်​သို့ အပ်နှံကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ယုဒ​သည် ယေရှု​ထံသို့ ချက်ချင်း လာ​၍ “မင်္ဂလာပါ ဆရာတော်” ဟု နှုတ်ဆက်​၍ နမ်းလေ၏။


ထိုသို့ မိန့်တော်မူ​နေစဉ် ဝတ်ပြုဆောင်မှူး​ယာဣရု​အိမ်​မှ လူ​တချို့​သည် ရောက်လာ​၍ ယာဣရု​အား “အရှင့်​သမီး​သည် အသက်​မရှိတော့ပါ။ ဆရာတော်​ကို အဘယ်ကြောင့် နှောင့်ယှက်​တော့မည်နည်း” ဟု ဆိုကြ၏။


ငါ​သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်​တွင် သင်တို့​နှင့်အတူ​ရှိစဉ် မဖမ်းဆီးဘဲ​နေကြ၏။ သို့သော်လည်း ဤ​အချိန်​သည် သင်တို့​၏​အချိန်၊ အမှောင်ထု​ကြီးစိုးချိန် ဖြစ်၏” ဟု မိန့်တော်မူ၏။


ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်သွား​၍ ငိုကြွေးနေကြသူများ​အထဲမှ မိမိ​ညီမ မာရိ​ကို ခေါ်​လျက် “ဆရာတော် ကြွလာပြီ။ သင့်​ကို ခေါ်တော်မူသည်” ဟု တိတ်တဆိတ်​ပြောလေ၏။


ထိုအခါ ယေရှု​က “လူသား​ဘုန်းပွင့်မည့်​အချိန် ကျရောက်ပြီ။


ထို​အချိန်​သည် ပသခါပွဲတော်​မတိုင်မီ​တစ်ရက် ဖြစ်၏။ ယေရှု​သည် ဤ​လောက​မှ ထွက်ခွာ​၍ မိမိ​၏​ခမည်းတော်​ထံသို့ ပြန်ကြွတော်မူ​ရမည့် အချိန်​ရောက်ပြီ​ဖြစ်ကြောင်း​ကို သိတော်မူ၏။ ကိုယ်တော်​သည် ဤ​လောက​၌ ရှိသော မိမိ​တပည့်တို့​ကို ချစ်တော်မူ၏။ သူတို့​ကို အဆုံး​တိုင်အောင် ချစ်တော်မူ၏။


ဤ​အကြောင်းအရာများ​ကို မိန့်တော်မူပြီး​သောအခါ ယေရှု​သည် ကောင်းကင်​သို့ မျှော်ကြည့်​လျက် “အို အဖ… အချိန်​ကျပါပြီ။ သားတော်​သည် ကိုယ်တော်​၏​ဘုန်းတော်​ကို ထင်ရှား​စေနိုင်ရန် ကိုယ်တော်​သည် သားတော်​၏​ဘုန်း​ကို ထင်ရှားစေတော်မူပါ။


ယေရှု​က “မာရိ” ဟု ခေါ်​လျှင် မာရိ​သည် လှည့်​၍ ဟေဗြဲဘာသာ​ဖြင့် “ရဗ္ဗုနိ” ဟု ထူးလေ၏။ (ရဗ္ဗုနိ​၏ အဓိပ္ပာယ်​သည် ဆရာ​ကို ဆိုလို၏။)


ထိုအခါ ဂျူးခေါင်းဆောင်များ​သည် ယေရှု​ကို ဖမ်းဆီး​ရန် ရှာကြံကြ၏။ သို့သော်လည်း ယေရှု​၏​အချိန် မကျရောက်သေး​သောကြောင့် မည်သူ​မျှ မဖမ်းဆီးကြပေ။


ယေရှု​က “ငါ့​အချိန် မကျရောက်သေး။ သို့သော် သင်တို့​၏ အချိန်​မှာမူ အစဉ်​ကျရောက်​လျက်​ရှိ၏။


ထို​ပွဲတော်​သို့ သင်တို့​သွားကြလော့။ ငါ့​အချိန် မကျသေး​သောကြောင့် ငါ​သည် မသွားပါ” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ