ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
ရှင်မာကု 4:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက “ဘုရားသခင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် လယ်၌ မျိုးစေ့ကို ကြဲ၏။ Common Language Bible ထိုနောက်ကိုယ်တော်ကဆက်လက်၍ ``ဘုရားသခင် ၏နိုင်ငံတော်သည် မျိုးကြဲသူလူတစ်ယောက်ကြုံ တွေ့ရသည့်အဖြစ်အပျက်နှင့်တူ၏။- Garrad Bible ကိုယ် တော် က လည်း ဘု ရား သ ခင့် နိုင် ငံ တော် သည် မြေ တွင် လူ တစ် ဦး မျိုး ကြဲ ခြင်း နှင့် တူ၏။ Judson Bible ထိုမှတစ်ပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တစ်ဖန် မိမိမကြည့်မမှတ်၊- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကိုယ်တော်က“ဘုရားသခင်၏နိုင်ငံတော်သည် မြေပေါ်၌ လူတစ်ဦးမျိုးစေ့ကြဲသည်နှင့်တူ၏။ မြန်မာ ထိုမှတစ်ပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တစ်ဖန် မိမိမကြည့်မမှတ်၊- |
ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲ၏။
ထိုအခါ ယေရှုသည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “နားထောင်ကြလော့။ လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။
အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် စိုက်ခင်းတွင် စိုက်ထားသောမုန်ညင်းစေ့နှင့် တူ၏။
အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် အမျိုးသမီးတစ်ဦး မုန့်လုပ်ရာတွင် သုံးသည့်တဆေးနှင့်တူ၏။ ထိုအမျိုးသမီးက ဂျုံမှုန့်သုံးတင်းထဲသို့ တဆေးအနည်းငယ်ကိုသာ ထည့်သော်လည်း ထိုတဆေးသည် မုန့်အားလုံးကို ဖောင်းကြွစေသည်” ဟူ၍ ဖြစ်၏။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
ထိုအချိန်မှစ၍ ယေရှုက “ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် နောင်တရကြလော့” ဟု စတင်ဟောပြောတော်မူ၏။
ရှိသောသူတို့ကို များစွာထပ်၍ ပေးတော်မူလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ရှိသောအရာကိုပင် သိမ်းယူတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
သူသည် မျိုးစေ့ကြဲပြီးနောက် နေ့နှင့်ညအလျောက် အိပ်လျက်၊ ထလျက်နေစဉ် မျိုးစေ့သည် အပင်ပေါက်၍ ကြီးထွားလေ၏။ သို့သော် မည်သို့ပေါက်၍ ကြီးထွားသည်ကို သူမသိ။
ထို့နောက် ယေရှုက “ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း။ အဘယ်အရာနှင့် နှိုင်းယှဉ်ရမည်နည်းဟု ဆိုသော်
“လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။ မျိုးစေ့ကြဲရာတွင် အချို့အစေ့တို့မှာ လမ်းပေါ်တွင် ကျသဖြင့် ထိုမျိုးစေ့တို့ကို လူများကျော်နင်း၍ ငှက်များကောက်စားကြ၏။
သင်တို့အား ငါအမှန်ဆို၏။ ဂျုံစေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် အစေ့တစ်စေ့တည်းအဖြစ်သာ ရှိနေ၏။ သို့သော် ပျက်စီးလျှင် ဂျုံစေ့များစွာကို ဖြစ်ထွန်းစေတတ်၏။
ငြိမ်းချမ်းခြင်းမျိုးစေ့ကို ကြဲသော ငြိမ်းချမ်းရေးဖော်ဆောင်သူများသည် ဖြောင့်မတ်ခြင်း၏ အသီးအနှံကို ရိတ်ကြရ၏။