သူသည် ဘုရားကို ယုံကြည်ကိုးစား၏။ ဘုရားသခင်သည် အလိုတော်ရှိတော်မူလျှင် ယခုပင် သူ့ကို ကယ်တင်တော်မူပါစေ။ သူက ‘ငါသည် ဘုရားသခင်၏ သားတော် ဖြစ်၏’ ဟု ပြောလေပြီ” ဟု ဆိုကာ ပြက်ရယ်ပြုကြ၏။
ရှင်မာကု 15:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုရှေ့တော်တွင် ရပ်နေသော ရောမတပ်မှူးသည် ယေရှု၏ အသက်ချုပ်တော်မူပုံကို တွေ့မြင်ရသောအခါ “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုလေ၏။ Common Language Bible ကိုယ်တော်၏ရှေ့တွင်ရပ်နေသူတပ်မှူးသည် ကိုယ် တော်အသက်ချုပ်တော်မူပုံကိုမြင်သဖြင့် ``ဤသူကားအကယ်ပင်ဘုရားသခင်၏ သားတော်ဖြစ်၏'' ဟုဆို၏။ Garrad Bible ကိုယ် တော့် ရှေ့ ရပ် နေ သူ တပ် မှုး သည် ထို သို့ အ သက် စွန့် တော် မူ သည် ကို မြင် သော် ဤ သူ ကား စင် စစ် ဘု ရား သ ခင့် သား တော် ပေ တည်း ဟု ဆို လေ ၏။ Judson Bible ထိုသို့ ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသော တပ်မှူးသည် မြင်လျှင်၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏ဟု ဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ဘက်သို့မျက်နှာမူလျက် ရပ်နေသောတပ်မှူးသည် ကိုယ်တော်အသက်ချုပ်ငြိမ်းတော်မူပုံကို တွေ့မြင်သောအခါ “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုလေ၏။ မြန်မာ ထိုသို့ ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသော တပ်မှူးသည် မြင်လျှင်၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏ဟု ဆို၏။- |
သူသည် ဘုရားကို ယုံကြည်ကိုးစား၏။ ဘုရားသခင်သည် အလိုတော်ရှိတော်မူလျှင် ယခုပင် သူ့ကို ကယ်တင်တော်မူပါစေ။ သူက ‘ငါသည် ဘုရားသခင်၏ သားတော် ဖြစ်၏’ ဟု ပြောလေပြီ” ဟု ဆိုကာ ပြက်ရယ်ပြုကြ၏။
ရောမတပ်မှူးနှင့်အတူ ယေရှုကို စောင့်ကြည့်နေကြသော အခြားစစ်သားတို့သည် မြေငလျင်လှုပ်၍ ဖြစ်ပျက်သမျှကို တွေ့မြင်ကြသောအခါ အလွန်ကြောက်လန့်ကြ၏။ သူတို့က “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။
ဆီဇာရီးယားမြို့၌ ကော်နေလိအမည်ရှိသောသူ တစ်ယောက်ရှိ၏။ သူသည် အီတလီတပ်ဟု ခေါ်သောတပ်တွင် လူတစ်ရာကိုအုပ်ချုပ်သည့် ရောမတပ်မှူးတစ်ဦးဖြစ်၏။
သို့သော် တပ်မှူးသည် ပေါလုကိုကယ်တင်လိုသဖြင့် သူတို့၏အကြံအစည်ကိုတားမြစ်၍ ရေကူးနိုင်သောသူများအား သင်္ဘောပေါ်မှ ဦးစွာခုန်ဆင်း၍ ကမ်းခြေသို့ ကူးသွားရန်နှင့်