သူတို့သည် ကိုယ်တော်ကို တံတွေးဖြင့် ထွေးပြီးလျှင် လက်တော်တွင် ကိုင်ထားသော ကျူရိုးကို ယူ၍ ခေါင်းတော်ကို ရိုက်နှက်ကြ၏။
ရှင်မာကု 15:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူတို့သည် ကိုယ်တော်၏ ဦးခေါင်းတော်ကို ကျူရိုးဖြင့် ရိုက်ကြ၏။ တံတွေးဖြင့်ထွေး၍ ဒူးထောက်လျက် ရှိခိုးကြ၏။ Common Language Bible ဦးခေါင်းတော်ကိုကူလုံးနှင့်ရိုက်ကြ၏။ ကိုယ် တော်ကိုတံတွေးနှင့်ထွေးကြ၏။ ရှေ့တော်၌ ဒူးထောက်လျက်ဦးညွှတ်ရှိခိုးကြ၏။- Garrad Bible ဦး ခေါင်း တော် ကို ကျူ လုံး နှင့် ရိုက် ခြင်း၊ ကိုယ် တော် ကို တံ တွေး တွေး ခြင်း၊ ဒူး တုပ် ရှိ ခိုး ခြင်း များ ကို ပြု ကြ ၏။ Judson Bible ခေါင်းတော်ကို ကျူလုံးနှင့် ရိုက်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူးထောက်၍ ပျပ်ဝပ်ခြင်းကိုလည်း ပြုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ကိုယ်တော်၏ဦးခေါင်းကို ကျူရိုးဖြင့်ရိုက်ကာ ကိုယ်တော်ကိုတံတွေးနှင့်ထွေး၍ ဒူးထောက်လျက် ကိုယ်တော်ကိုရှိခိုးကြ၏။ မြန်မာ ခေါင်းတော်ကို ကျူလုံးနှင့် ရိုက်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူးထောက်၍ ပျပ်ဝပ်ခြင်းကိုလည်း ပြုကြ၏။- |
သူတို့သည် ကိုယ်တော်ကို တံတွေးဖြင့် ထွေးပြီးလျှင် လက်တော်တွင် ကိုင်ထားသော ကျူရိုးကို ယူ၍ ခေါင်းတော်ကို ရိုက်နှက်ကြ၏။
သူတို့သည် လူသားကို ပြက်ရယ်ပြု၍ တံတွေးနှင့် ထွေးကြလိမ့်မည်။ ကြိမ်ဒဏ်ပေး၍ ရိုက်နှက်ကြပြီး အသေသတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟူ၍ မိမိ၌ ဖြစ်ပျက်မည့်အကြောင်းအရာတို့ကို မိန့်တော်မူ၏။
ထို့နောက် လူတချို့သည် ယေရှုကို တံတွေးနှင့် ထွေးကြ၏။ မျက်နှာတော်ကို ဖုံးအုပ်ပြီးလျှင် ကိုယ်တော်ကို လက်သီးဖြင့် ထိုးနှက်၍ “ပရောဖက်ပြု၍ ဟောတော်မူပါ” ဟု ဆိုကြ၏။ အစောင့်တပ်သားတို့ကလည်း ယေရှု၏ပါးတော်ကို ရိုက်ပုတ်ကြ၏။
ထိုသို့ ပြက်ရယ်ပြုကြပြီးနောက် ခရမ်းရောင်ဝတ်ရုံကို ချွတ်၍ အဝတ်တော်ကို ပြန်ဝတ်ပေးကြ၏။ ထို့နောက် လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ခေါ်ဆောင်သွားကြ၏။
ယေရှုက “ဧလိယသည် အရာအားလုံးကို ပြန်လည်တည်ထောင်ရန် စော၍ လာမည်မှာ မှန်ပါ၏။ သို့သော်လည်း ကျမ်းစာ၌ လူသားသည် ဒုက္ခများစွာနှင့် ကဲ့ရဲ့ပစ်ပယ်ခံရမည်ဟု အဘယ်ကြောင့်ရေးထားသနည်း။
ဟေရုဒ်နှင့် သူ၏စစ်သည်တော်များကလည်း ကိုယ်တော်ကို မထီလေးစားဆက်ဆံ၍ ပြက်ရယ်ပြုကာ အလွန်တင့်တယ်သောဝတ်ရုံကို ဝတ်စေလျက် ပိလတ်မင်းထံသို့ ပြန်ပို့လိုက်၏။
သို့သော် ဘုရားသခင်သည် ဧလိယအား မည်သို့ပြန်၍ မိန့်တော်မူသနည်း။ ဘုရားသခင်က “သင်တစ်ဦးတည်း မဟုတ်ပါ။ ဗာလဘုရားကို ဦးမချမကိုးကွယ်သော အခြားလူ ခုနစ်ထောင်ကို ငါ့အတွက် ချန်ထားပြီ” ဟု ဖြေတော်မူ၏။
ဤသို့ပြုတော်မူခြင်းမှာ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်၌လည်းကောင်း ရှိကြသည့် သတ္တဝါအားလုံးသည် ယေရှုခရစ်တော်ကို ရိုသေသောအားဖြင့် ဒူးထောက်၍
ထို့ကြောင့် ကျွန်ုပ်တို့သည် စခန်းအပြင်ဘက်သို့ ထွက်ကာ ကိုယ်တော်ထံ သွား၍ ကိုယ်တော်ခံရသော ကဲ့ရဲ့ရှုတ်ချခြင်းကို ခံကြစို့။