ထိုအချိန်တွင် ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းတိုင်အောင် မလှမ်းမကမ်းမှ လိုက်လေ၏။ သူသည် အတွင်းသို့ ဝင်၍ အစောင့်တပ်သားများနှင့်အတူ ထိုင်ကာ မီးလှုံလျက် နေ၏။
ရှင်မာကု 14:68 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ပေတရုက “သင်ပြောဆိုနေသည့်အရာကို ငါမသိပါ” ဟု ငြင်းဆိုလျက် ခြံအဝင်ဝဘက်သို့ ထွက်သွားလေ၏။ ထိုအချိန်တွင် ကြက်တွန်လေ၏။ Common Language Bible ပေတရုက ``သင်ပြောသည့်အရာကိုငါမသိ၊ နားမလည်'' ဟုငြင်းဆို၏။ ထိုနောက်သူသည် ဝင်း၏အဝင်ဝဆီသို့သွား၏။ ထိုအချိန်၌ ကြက်တွန်လေ၏။ Garrad Bible သင် ပြော သည် ကို ငါ မ သိ။ နား လည်း မ လည် ဟု ငြင်း ဆို၏။ ထို နောက် ပြင် မုတ် ဆောင် သို့ ထွက် သည့် ကာ လ အ ထက် ကျွန် မ မြင် ပြန်၍၊ Judson Bible ပေတရုက၊ သင်ပြောသောအရာကို ငါမသိ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေတရုသည် “သင်ပြောနေသည့်အရာကို ငါမသိ၊ နားလည်းမလည်”ဟု ငြင်းဆိုလျက် ခြံအဝင်ဝဘက်သို့ထွက်သွားရာ ကြက်တွန်လေ၏။ မြန်မာ ပေတရုက၊ သင်ပြောသောအရာကို ငါမသိ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။- |
ထိုအချိန်တွင် ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းတိုင်အောင် မလှမ်းမကမ်းမှ လိုက်လေ၏။ သူသည် အတွင်းသို့ ဝင်၍ အစောင့်တပ်သားများနှင့်အတူ ထိုင်ကာ မီးလှုံလျက် နေ၏။
ထိုအစေခံမိန်းကလေးသည် ပေတရုရပ်နေသည်ကို မြင်ပြန်သောအခါ “ဤလူသည် ထိုသူတို့ထဲမှ တစ်ယောက်ဖြစ်သည်” ဟု ဆို၏။
သို့သော် ပေတရုသည် ထပ်မံငြင်းဆိုလေ၏။ အချိန်အနည်းငယ်ကြာသော် ထိုနေရာ၌ ရပ်နေသောသူတို့က “သင်သည်လည်း အမှန်ပင်ထိုသူတို့ထဲမှ တစ်ယောက်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဂါလိလဲပြည်သားဖြစ်သည်” ဟု ပေတရုကို ဆိုကြ၏။
ထိုခဏချင်းတွင် ဒုတိယအကြိမ်ကြက်တွန်လေ၏။ ထိုအခါ ပေတရုသည် “ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟူသော ယေရှုမိန့်တော်မူခဲ့သည့် စကားကို ပြန်လည်သတိရသဖြင့် ငိုကြွေးလေ၏။