Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 14:69 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

69 ထို​အစေခံ​မိန်းကလေး​သည် ပေတရု​ရပ်နေသည်​ကို မြင်ပြန်​သောအခါ “ဤ​လူ​သည် ထို​သူတို့​ထဲမှ တစ်ယောက်​ဖြစ်သည်” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

69 အ​စေ​ခံ​မ​က​လေး​သည်​ပေ​တ​ရု​ကို​တစ်​ဖန်​မြင် ပြန်​သ​ဖြင့် အ​နား​၌​ရပ်​နေ​သူ​တို့​အား ``ဤ​သူ သည်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​ဆို ပြန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

69 ဤ သူ သည် ထို သူ တို့ အ ပေါင်း ပါ ဖြစ် သည် ဟု ရပ် နေ သူ တို့ အား ဆို သော် ပေ တ ရု ငြင်း ဆို ပြန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

69 နောက်​တစ်​ဖန် အ​စေ​အ​ပါ​မိန်း​မ​သည် ပေ​တ​ရု​ကို​မြင်​လျှင်၊ အ​နား၌ ရပ်​နေ​သော​သူ​တို့​အား၊ ဤ​သူ​သည် ထို​သူ​တို့ အ​ဝင်​ဖြစ်​သည်​ဟု ဆို​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

69 ထို့နောက် ထို​အစေခံ​မိန်းမ​သည် ပေတရု​ကို နောက်တစ်ဖန်​တွေ့​သဖြင့် အနီး​၌​ရပ်​နေ​သော​သူ​တို့​အား “ဤ​သူ​သည် သူ​တို့​ထဲက​တစ်​ဦး​ဖြစ်​သည်”​ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

69 နောက်​တစ်​ဖန် အ​စေ​အ​ပါ​မိန်း​မ​သည် ပေ​တ​ရု​ကို​မြင်​လျှင်၊ အ​နား၌ ရပ်​နေ​သော​သူ​တို့​အား၊ ဤ​သူ​သည် ထို​သူ​တို့ အ​ဝင်​ဖြစ်​သည်​ဟု ဆို​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 14:69
7 ပူးပေါင်းရင်းမြစ်များ  

ဖြားယောင်း​သွေးဆောင်ခြင်း​ထဲသို့ လိုက်ပါမသွား​စေရန် သတိ​နှင့် စောင့်နေ​လျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်​သည် ဆန္ဒရှိ​သော်လည်း ကိုယ်ခန္ဓာ​မှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။


သို့သော် ပေတရု​က “သင်​ပြောဆိုနေသည့်​အရာ​ကို ငါ​မသိပါ” ဟု ငြင်းဆို​လျက် ခြံအဝင်ဝ​ဘက်သို့ ထွက်သွားလေ၏။ ထို​အချိန်​တွင် ကြက်တွန်လေ၏။


သို့သော် ပေတရု​သည် ထပ်မံ​ငြင်းဆိုလေ၏။ အချိန်​အနည်းငယ်​ကြာ​သော် ထို​နေရာ​၌ ရပ်နေသော​သူတို့​က “သင်​သည်လည်း အမှန်ပင်​ထို​သူတို့​ထဲမှ တစ်ယောက်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်​သည် ဂါလိလဲပြည်သား​ဖြစ်သည်” ဟု ပေတရု​ကို ဆိုကြ၏။


ခဏ​ကြာ​သော် အခြား​တစ်ယောက်​သည် ပေတရု​ကို​မြင်​၍ “သင်​သည်လည်း ထို​သူတို့​ထဲမှ တစ်ယောက်​ဖြစ်သည်” ဟု ဆို၏။ သို့သော် ပေတရု​ကလည်း “မိတ်ဆွေ… ကျွန်ုပ်​မပါပါ” ဟု ငြင်းဆိုလေ၏။


အမျိုးသမီး​က ပေတရု​အား “သင်​သည် ထို​သူ​၏​တပည့်များ​ထဲမှ​တစ်ယောက် မဟုတ်လော” ဟု မေး​လျှင် ပေတရု​က “မဟုတ်ပါ” ဟု ငြင်းလေ၏။


ထို​အချိန်​၌ ရှိမုန်​ပေတရု​သည် ရပ်​လျက် မီးလှုံ​နေစဉ် လူတို့​က “သင်​သည်လည်း သူ​၏ တပည့်များ​ထဲမှ တစ်ယောက်​မဟုတ်လော” ဟု မေးကြ၏။ ပေတရု​က “မဟုတ်ပါ” ဟု ငြင်းပြန်၏။


ညီအစ်ကို​မောင်နှမတို့… တစ်စုံတစ်ယောက်​သည် အပြစ်​ပြုမိ​လျှင် ဝိညာဉ်တော်​၏ လမ်းပြခြင်း​ခံရသော သင်တို့​က နူးညံ့သိမ်မွေ့သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်ပေး​ရမည်။ သင်တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ရာသို့ မလိုက်ပါမိ​စေရန် သတိပြုကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ