ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုရန် ထွက်ခွာတော်မူသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ ပြေးလာ၍ ဒူးထောက်ပြီးလျှင် “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ရှင်မာကု 14:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် အိမ်ရှင်အား ‘ဆရာတော်က “ငါ၏ တပည့်တို့နှင့်အတူ ပသခါပွဲတော်ညစာကို စားရမည့် ဧည့်ခန်းသည် မည်သည့်နေရာတွင်ရှိသနည်း” ဟု သင့်အား မေးလိုက်ပါသည်’ ဟု ပြောကြလော့။ Common Language Bible ထိုသူ၏နောက်သို့လိုက်သွားကြလော့။ သူဝင်သော အိမ်မှအိမ်ရှင်အား ``ဆရာတော်နှင့်တပည့်များ ပသခါပွဲညစာကိုစားရန်အခန်းကားအဘယ် မှာနည်း'' ဟုဆရာတော်ကမေးကြောင်းပြော ကြလော့။- Garrad Bible လိုက် သွား ၍ ဝင် ရာ အိမ့် ရှင် အား ဆ ရာ က တ ပည့် တို့ နှင့် တ ကွ ပ သ ခါ ပွဲ ကို ငါ သုံး ဆောင် ရ မည့် ဧည့် ခန်း အ ဘယ် မှာ နည်း ဟူ၍ မေး လိုက် ကြောင်း ကြား ပြော ကြ လော့။ Judson Bible သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို စားရသော ဧည့်သည်အခန်းကား၊ အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သူဝင်သွားသောအိမ်၏အိမ်ရှင်အား ‘ဆရာက ငါ၏တပည့်များနှင့်အတူ ပသခါပွဲတော်ညစာကိုစားမည့် ငါ့အခန်းသည် အဘယ်မှာရှိသနည်းဟု မေးလိုက်ပါ၏’ဟူ၍ ပြောကြလော့။ မြန်မာ သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို စားရသော ဧည့်သည်အခန်းကား၊ အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။- |
ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုရန် ထွက်ခွာတော်မူသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ ပြေးလာ၍ ဒူးထောက်ပြီးလျှင် “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
တစ်စုံတစ်ဦးက သင်တို့ကို ‘အဘယ်ကြောင့် မြည်းကို ကြိုးဖြေကြသနည်း’ ဟု မေးလျှင် ‘သခင်အသုံးပြုလိုသောကြောင့်ဖြစ်၏။ ချက်ချင်းပြန်ပို့ပေးပါမည်’ ဟု ဖြေကြလော့” ဟူ၍ မိန့်မှာတော်မူ၏။
ယေရှုက တပည့်တော်နှစ်ပါးအား “သင်တို့သည် မြို့ထဲသို့ ဝင်သောအခါ ရေအိုးထမ်းလာသောလူတစ်ဦးနှင့် ဆုံလိမ့်မည်။ ထိုသူနောက်သို့လိုက်၍ သူဝင်သည့်အိမ်သို့ ဝင်ကြလော့။
ထိုသူသည် သင်တို့အား ခင်းကျင်းထားသော အိမ်အပေါ်ထပ်ခန်းမကြီးကို ပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
ထို့နောက် အိမ်ရှင်အား ‘ဆရာတော်က “ငါ့တပည့်တို့နှင့်အတူ ပသခါပွဲတော်ညစာကို စားရမည့် ဧည့်ခန်းသည် မည်သည့်နေရာတွင်ရှိသနည်း” ဟု သင့်အား မေးလိုက်ပါသည်’ ဟု ပြောကြလော့။
ထိုသို့လျှောက်ထားပြီးနောက် မာသသည် ပြန်သွား၍ ငိုကြွေးနေကြသူများအထဲမှ မိမိညီမ မာရိကို ခေါ်လျက် “ဆရာတော် ကြွလာပြီ။ သင့်ကို ခေါ်တော်မူသည်” ဟု တိတ်တဆိတ်ပြောလေ၏။
သင်တို့သည် ငါ့ကို ဆရာတော်ဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်ဆိုကြ၏။ ငါသည် သင်တို့ခေါ်ဆိုသည့်အတိုင်းဖြစ်သောကြောင့် ထိုသို့ ခေါ်ဆိုသည်မှာ မှန်ကန်၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ တစ်စုံတစ်ဦးသည် ငါ့အသံကို ကြား၍တံခါးဖွင့်လျှင် ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။