Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 22:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထို့နောက် အိမ်ရှင်​အား ‘ဆရာတော်​က “ငါ့​တပည့်တို့​နှင့်အတူ ပသခါပွဲတော်​ညစာ​ကို စားရမည့် ဧည့်ခန်း​သည် မည်သည့်​နေရာ​တွင်​ရှိသနည်း” ဟု သင့်​အား မေးလိုက်ပါသည်’ ဟု ပြောကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 အိမ်​ရှင်​အား `တ​ပည့်​များ​နှင့်​အ​တူ​ပ​သ​ခါ​ပွဲ ည​စာ​ကို​ငါ​စား​ရန်​အ​ခန်း​ကား​အ​ဘယ်​နည်း' ဟု​ဆ​ရာ​တော်​က​စုံ​စမ်း​ခိုင်း​ကြောင်း​ပြော​ကြား ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ဆ ရာ က တ ပည့် တို့ နှင့် တ ကွ ပ သ ခါ ပွဲ ကို ငါ သုံး ဆောင် ရ မည့် ဧည့် ခန်း အ ဘယ် မှာ နည်း ဟူ၍ မေး လိုက် ကြောင်း ကြား ပြော ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ငါ​သည် ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို​စား​ရ​သော ဧည့်​သည်​အ​ခန်း​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဆ​ရာ​က မေး​သည်​ဟု အိမ်​ရှင်​ကို ပြော​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အိမ်ရှင်​အား ‘ဆရာ​က ငါ​၏​တပည့်​များ​နှင့်အတူ ပသခါ​ပွဲတော်​ညစာ​ကို သုံးဆောင်​ရ​မည့်​အခန်း​သည် အဘယ်မှာ​ရှိ​သနည်း​ဟု သင့်​အား မေး​လိုက်​ပါ​သည်’​ဟူ၍ ပြော​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

11 ငါ​သည် ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို​စား​ရ​သော ဧည့်​သည်​အ​ခန်း​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဆ​ရာ​က မေး​သည်​ဟု အိမ်​ရှင်​ကို ပြော​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 22:11
9 ပူးပေါင်းရင်းမြစ်များ  

တစ်စုံတစ်ဦး​က သင်တို့​အား ‘အဘယ်ကြောင့် မြည်း​ကို ကြိုးဖြေကြသနည်း’ ဟု မေး​လျှင် ‘သခင်​အသုံးပြုလို​သောကြောင့်​ဖြစ်၏’ ဟု ဖြေကြလော့။ ထိုသို့​ဖြေလျှင် သူ​သည် ချက်ချင်း​ယူခွင့်ပြု​လိမ့်မည်” ဟု မိန့်မှာတော်မူ၏။


ထို့နောက် အိမ်ရှင်​အား ‘ဆရာတော်​က “ငါ​၏ တပည့်တို့​နှင့်အတူ ပသခါပွဲတော်​ညစာ​ကို စားရမည့် ဧည့်ခန်း​သည် မည်သည့်​နေရာ​တွင်​ရှိသနည်း” ဟု သင့်​အား မေးလိုက်ပါသည်’ ဟု ပြောကြလော့။


တစ်စုံတစ်ဦး​က ‘အဘယ်ကြောင့် မြည်းကလေး​ကို ကြိုးဖြေကြသနည်း’ ဟု မေး​လျှင် ‘သခင်​အသုံးပြုလို​သောကြောင့်​ဖြစ်သည်’ ဟု ဖြေကြလော့” ဟု မိန့်မှာတော်မူ၏။


တပည့်တော်တို့​က​လည်း “သခင်​အသုံးပြုလိုတော်မူ​သောကြောင့်​ဖြစ်သည်” ဟု ပြန်ဖြေကြ၏။


ထို​နေရာ​သို့ ယေရှု​ရောက်တော်မူ​သောအခါ အပေါ်​သို့ မော့ကြည့်ပြီး​လျှင် “ဇက္ခဲ… အမြန်​ဆင်းခဲ့လော့။ ယနေ့ သင့်​အိမ်​တွင် ငါ​တည်းခိုမည်” ဟု မိန့်တော်မူ၏။


ကိုယ်တော်​က သူတို့​အား “သင်တို့​သည် ဂျေရုဆလင်မြို့​သို့ ဝင်​သောအခါ ရေအိုး​ထမ်းလာသော​လူ​တစ်ဦး​နှင့် ဆုံ​လိမ့်မည်။ ထို​သူ​နောက်သို့​လိုက်​၍ သူ​ဝင်သည့်​အိမ်​သို့ ဝင်ကြလော့။


ထို​သူ​သည် သင်တို့​အား ခင်းကျင်းထားသော အိမ်​အပေါ်ထပ်​ခန်းမကြီး​ကို ပြ​လိမ့်မည်။ ထို​အခန်း​တွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။


ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်သွား​၍ ငိုကြွေးနေကြသူများ​အထဲမှ မိမိ​ညီမ မာရိ​ကို ခေါ်​လျက် “ဆရာတော် ကြွလာပြီ။ သင့်​ကို ခေါ်တော်မူသည်” ဟု တိတ်တဆိတ်​ပြောလေ၏။


ကြည့်ရှုလော့။ ငါ​သည် တံခါး​ရှေ့မှာ ရပ်​၍ ခေါက်​လျက်​နေ၏။ တစ်စုံတစ်ဦး​သည် ငါ့​အသံ​ကို ကြား​၍​တံခါး​ဖွင့်​လျှင် ငါ​ဝင်​၍ သူ​နှင့်အတူ​စားသောက်မည်။ သူ​သည်လည်း ငါ​နှင့်အတူ စားသောက်ရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ