မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နှင့် ယေရှုအား သစ္စာဖောက်သောယုဒရှကာရုတ်တို့ ဖြစ်ကြ၏။
ရှင်မာကု 14:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တပည့်တော်ဆယ့်နှစ်ပါးတွင် တစ်ပါးဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များလက်သို့ ယေရှုကို အပ်ရန် သူတို့ထံသို့ ထွက်သွားလေ၏။ Common Language Bible တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သောယုဒ ရှကာရုတ်သည် ကိုယ်တော်ကိုရန်သူ့လက်သို့ အပ်ရန်ယဇ်ပုရောဟိတ်ကြီးများထံသို့သွား၏။- Garrad Bible ထို နောက် တစ် ဆယ့် နှစ် ပါး အ ပါ အ ဝင် ယု ဒ ဣ ရှ ကာ ရုတ် သည် ပ ရော ဟိတ် ကြီး တို့ ထံ သို့ သွား ၍ ကိုယ် တော် ကို ပို့ အပ် မည် ပြု ရာ၊ Judson Bible ထိုအခါ တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကိုအပ်ခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှတစ်ပါးဖြစ်သော ယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများလက်သို့ ကိုယ်တော်ကိုအပ်နှံရန် သူတို့ထံသို့သွားလေ၏။ မြန်မာ ထိုအခါ တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကိုအပ်ခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွားလေ၏။- |
မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နှင့် ယေရှုအား သစ္စာဖောက်သောယုဒရှကာရုတ်တို့ ဖြစ်ကြ၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယုဒရှကာရုတ်လာရခြင်းအကြောင်းကို ကြားသောအခါ ဝမ်းမြောက်၍ သူ့အား ငွေပေးရန် ကတိပြုကြ၏။ ထို့ကြောင့် ယုဒသည် ယေရှုကို ထိုသူတို့လက်သို့ အပ်နှံရန် အခွင့်ကောင်းကို ရှာကြံလျက်နေ၏။
ကိုယ်တော်နှင့် တပည့်တော်တို့သည် ညစာစားလျက်နေကြ၏။ ထိုအချိန်တွင် ရှိမုန်ရှကာရုတ်၏သား ယုဒ၏စိတ်၌ ယေရှုကို သစ္စာဖောက်ရန် မာရ်နတ်သည် လှုံ့ဆော်ထားပြီးဖြစ်၏။
မုန့်တစ်ဖဲ့ကို စားပြီးလျှင် ယုဒသည် ချက်ချင်းထွက်သွားလေ၏။ သူထွက်သွားသောအချိန်သည် ညအချိန်ဖြစ်၏။