“ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ ထိုအရာများ ဖြစ်ပျက်မည့်အချိန်တွင် မည်သည့်နိမိတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်နည်း” ဟု မေးလျှောက်ကြ၏။
ရှင်မာကု 13:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်တို့ကို မည်သူမျှ မလှည့်ဖြားစေရန် သတိပြုကြလော့။ Common Language Bible သခင်ယေရှုက ``သင်တို့အားသူတစ်ပါး မလှည့်စားစေရန်သတိပြုကြလော့။- Garrad Bible ယေ ရှု က မည် သူ မျှ သင် တို့ ကို မ ဖြား ယောင်း စေ ရန် သ တိ မူ ကြ လော့။ Judson Bible ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“မည်သူမျှ သင်တို့ကိုမလှည့်ဖြားစေရန် သတိပြုကြလော့။ မြန်မာ ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။- |
“ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ ထိုအရာများ ဖြစ်ပျက်မည့်အချိန်တွင် မည်သည့်နိမိတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်နည်း” ဟု မေးလျှောက်ကြ၏။
အဘယ်ကြောင့်ဆိုသော် လူများစွာတို့က ‘ငါသည် ခရစ်တော်ဖြစ်၏’ ဟု ငါ့အယောင်ဆောင်လျက် ရောက်လာကြလိမ့်မည်။ လူများစွာကိုလည်း လှည့်ဖြားကြလိမ့်မည်။
ယေရှုက “သင်တို့သည် လှည့်စားမခံရစေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူများစွာတို့သည် ငါ့အယောင်ကိုဆောင်၍ ‘ငါသည် ယေရှုဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြလိမ့်မည်။ သို့သော် ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
အလှည့်စားမခံကြနှင့်။ မကောင်းသော အပေါင်းအသင်းတို့သည် ကောင်းသောစာရိတ္တကို ပျက်စီးစေကြ၏။
အချည်းနှီးသော စကားများဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များကြောင့် မနာခံသောသူတို့အပေါ် ဘုရားသခင်၏ အမျက်တော် ကျရောက်၏။
ခရစ်တော်၏ တရားကို အခြေမခံဘဲ လောကီအခြေခံမူနှင့် လူ့ဓလေ့ထုံးတမ်းကို အခြေခံသည့် အတွေးအခေါ်နှင့် အနှစ်သာရမရှိသော လှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကို မသိမ်းသွင်းနိုင်စေရန် သတိပြုကြလော့။
မည်သူမျှ သင်တို့ကို မည်သည့်နည်းမျိုးဖြင့် မလှည့်ဖြားစေနှင့်။ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်မှုဖြစ်ပျက်၍ တရားမဲ့သူဖြစ်သော ပျက်စီးခြင်း၏သား မပေါ်ပေါက်မီအထိ ထိုနေ့ရက်သည် ကျရောက်လာမည် မဟုတ်ပေ။
ချစ်ရသောသူတို့… ဝိညာဉ်တော်အားဖြင့် ဟောပြောသည်ဟု ပြောဆိုသူတိုင်းကို မယုံကြနှင့်။ ထိုဝိညာဉ်တို့သည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဟုတ်မဟုတ်ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်အတုအယောင်များစွာတို့သည် ဤလောက၌ ပေါ်လာကြသောကြောင့်ဖြစ်၏။