ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
ရှင်မာကု 12:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒါဝိဒ်မင်းကိုယ်တိုင်က ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ ဒါဝိဒ်မင်း၏သား ဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။ လူအုပ်ကြီးသည် ယေရှု၏ စကားတော်ကို အလွန်ဝမ်းမြောက်စွာ နားထောင်ကြ၏။ Common Language Bible ဤသို့ဆိုရာတွင်ဒါဝိဒ်မင်းကိုယ်တိုင်ပင် မေရှိယ ကို `အရှင်' ဟုခေါ်သည်ဖြစ်ရာ အသို့လျှင်မေရှိယ သည်ဒါဝိဒ်၏သားမြေးဖြစ်နိုင်ပါမည်နည်း'' ဟု မိန့်တော်မူ၏။ လူပရိသတ်ကြီးသည်ကိုယ်တော်၏ စကားတော်ကို အားရရွှင်လန်းစွာကြားနာကြ၏။ Garrad Bible ခ ရစ် တော် ကို အ ရှင် ဘု ရား ဟူ၍ ဒါ ဝိဒ် ကိုယ် တိုင် ခေါ် သ ဖြင့် မည် သို့ သူ့ သား ဖြစ် မည် နည်း ဟု မိန့် တော် မူ ၏။ ကြီး စွာ သော လူ ပ ရိ သတ် မူ ကား အား ရ ဝမ်း မြောက် စွာ ကြား နာ ကြ ၏။ Judson Bible ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင် အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ လူများအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော်ကို နားထောင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်ကိုယ်တိုင် ခရစ်တော်ကို ‘သခင်’ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။ များစွာသောလူထုပရိသတ်သည် ကိုယ်တော်၏စကားတော်ကို ဝမ်းမြောက်စွာနားထောင်နေကြ၏။ မြန်မာ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင် အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ လူများအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော်ကို နားထောင်ကြ၏။ |
ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
မျက်မမြင်တို့သည် မျက်စိမြင်ကြပြီ။ ခြေမသန်သူတို့သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့သည် ကြားကြပြီ။ သေဆုံးသောသူတို့သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြားကြရပြီ။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲတို့က ထိုပုံဥပမာကို ကြားသောအခါ ယေရှုသည် မိမိတို့အား ဆိုးသွမ်းသောစပျစ်ခြံလုပ်သားများအဖြစ် ရည်ညွှန်းပြောဆိုကြောင်း သဘောပေါက်ကြ၏။
ထို့ကြောင့် သူတို့သည် ယေရှုကို ဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယေရှုကို ပရောဖက်တစ်ပါးကဲ့သို့ မှတ်ယူကြသောကြောင့်ဖြစ်၏။
သို့ရာတွင် လူထုတစ်ရပ်လုံးက ယေရှုမိန့်တော်မူသည့် စကားတော်တိုင်းကို တစိုက်မတ်မတ်နားထောင်လျက်ရှိသောကြောင့် လုပ်ဆောင်ခွင့်ကို မတွေ့နိုင်ကြပေ။
လူအပေါင်းတို့သည် ဗိမာန်တော်တွင် တရားနာယူရန် နံနက်စောစောထ၍ ယေရှုထံတော်သို့ ရောက်လာတတ်ကြ၏။
ယေရှုကြွရောက်လာတော်မူသည့် သတင်းကို ကြားသောအခါ ဂျူးလူမျိုးများစွာသည် ကိုယ်တော်ကိုသာ မဟုတ်၊ ကိုယ်တော်က သေရာမှပြန်ရှင်စေတော်မူခဲ့သော လာဇရုကိုပါ တွေ့မြင်လိုကြသဖြင့် ရောက်လာကြ၏။
အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် သူတို့၏ ဘိုးဘေးများဖြစ်၏။ ခရစ်တော်ကိုယ်တိုင်သည်လည်း လူသားအနေဖြင့် သူတို့၏ အမျိုးဖြစ်၏။ ခရစ်တော်သည် အရာခပ်သိမ်းကို အုပ်စိုး၍ ထာဝရမင်္ဂလာရှိသော ဘုရားသခင်လည်း ဖြစ်တော်မူ၏။ အာမင်။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
ငါယေရှုသည် အသင်းတော်များ၌ရှိသော သင်တို့အား ဤအကြောင်းအရာများကို သက်သေခံရန် ငါ၏ ကောင်းကင်တမန်ကို စေလွှတ်ထား၏။ ငါသည် ဒါဝိဒ်၏အမြစ်၊ ဒါဝိဒ်၏ အမျိုးဖြစ်၏။ တောက်ပသောမိုးသောက်ကြယ်လည်းဖြစ်၏” ဟု မိန့်တော်မူ၏။