ရှင်မာကု 12:37 - Common Language Bible37 ဤသို့ဆိုရာတွင်ဒါဝိဒ်မင်းကိုယ်တိုင်ပင် မေရှိယ ကို `အရှင်' ဟုခေါ်သည်ဖြစ်ရာ အသို့လျှင်မေရှိယ သည်ဒါဝိဒ်၏သားမြေးဖြစ်နိုင်ပါမည်နည်း'' ဟု မိန့်တော်မူ၏။ လူပရိသတ်ကြီးသည်ကိုယ်တော်၏ စကားတော်ကို အားရရွှင်လန်းစွာကြားနာကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible37 ခ ရစ် တော် ကို အ ရှင် ဘု ရား ဟူ၍ ဒါ ဝိဒ် ကိုယ် တိုင် ခေါ် သ ဖြင့် မည် သို့ သူ့ သား ဖြစ် မည် နည်း ဟု မိန့် တော် မူ ၏။ ကြီး စွာ သော လူ ပ ရိ သတ် မူ ကား အား ရ ဝမ်း မြောက် စွာ ကြား နာ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible37 ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင် အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ လူများအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော်ကို နားထောင်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း37 ဒါဝိဒ်ကိုယ်တိုင် ခရစ်တော်ကို ‘သခင်’ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။ များစွာသောလူထုပရိသတ်သည် ကိုယ်တော်၏စကားတော်ကို ဝမ်းမြောက်စွာနားထောင်နေကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း37 ဒါဝိဒ်မင်းကိုယ်တိုင်က ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ ဒါဝိဒ်မင်း၏သား ဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။ လူအုပ်ကြီးသည် ယေရှု၏ စကားတော်ကို အလွန်ဝမ်းမြောက်စွာ နားထောင်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ37 ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင် အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ လူများအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော်ကို နားထောင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။