ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။
ရှင်မာကု 12:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ဗိမာန်တော်၌ သွန်သင်တော်မူစဉ် “ခရစ်တော်သည် ဒါဝိဒ်မင်း၏သားတော်ဖြစ်သည်ဟု အဘယ်ကြောင့် ကျမ်းတတ်ဆရာတို့က ဆိုကြသနည်း။ Common Language Bible သခင်ယေရှုသည်ဗိမာန်တော်တွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``မေရှိယသည် ဒါဝိဒ်၏သားမြေးဖြစ်သည်ဟုအဘယ် ကြောင့်ကျမ်းတတ်ဆရာတို့ဆိုကြသနည်း။ Garrad Bible ဗိ မာန် တော် တွင် ဒေ သ နာ ပေး တော် မူ စဉ် ယေ ရှု က ခ ရစ် တော် သည် ဒါ ဝိဒ် မင်း သား တော် ဖြစ် ကြောင်း ကျမ်း တတ် ဆ ရာ တို့ အ သို့ ဆို ကြ သ နည်း။ Judson Bible ထိုအခါယေရှုသည် ဗိမာန်တော်၌ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင်၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ယေရှုသည် ဗိမာန်တော်၌ သွန်သင်တော်မူစဉ်“ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု ကျမ်းပြုဆရာတို့က မည်သို့ပြောဆိုနိုင်ကြသနည်း။ မြန်မာ ထိုအခါယေရှုသည် ဗိမာန်တော်၌ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင်၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုကြသနည်း။- |
ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။
ယေရှုသည် ထိုနေရာမှ ထွက်ကြွတော်မူစဉ် မျက်မမြင်နှစ်ယောက်က “ဒါဝိဒ်မင်း၏သားတော် ယေရှု၊ အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု ဟစ်အော်လျက် နောက်တော်သို့ လိုက်ကြ၏။
ထို့နောက် ကိုယ်တော်သည် ကပေရနောင်မြို့မှ ထွက်ခွာ၍ ယုဒပြည်သို့ ကြွတော်မူပြီးလျှင် ဂျော်ဒန်မြစ် တစ်ဖက်ကမ်းသို့ ကြွတော်မူ၏။ လူထုကြီးသည်လည်း ကိုယ်တော်ထံသို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ယခင်နည်းတူ သူတို့ကို ဟောပြောသွန်သင်တော်မူ၏။
ကိုယ်တော်နှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ တစ်ဖန်ရောက်ကြ၏။ ကိုယ်တော်သည် ဗိမာန်တော်ဝင်းအတွင်း ကြွတော်မူစဉ် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများသည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍
ငါသည် နေ့စဉ်နေ့တိုင်း သင်တို့နှင့်အတူ ရှိလျက် ဗိမာန်တော်တွင် ဟောပြောသွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။ သို့သော် ဤသို့ဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတွင် ငါနှင့်ပတ်သက်၍ ဖော်ပြထားသည့် အကြောင်းအရာများ ဖြစ်ပျက်လာစေရန်ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် ဗိမာန်တော်၌ နေ့စဉ်ဟောပြောသွန်သင်တော်မူ၏။ သို့သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် လူထုခေါင်းဆောင်များက ယေရှုကို သတ်ရန် ကြံစည်လျက် နေကြ၏။
တစ်နေ့သောအခါ ယေရှုသည် ဗိမာန်တော်၌ လူများအား သွန်သင်၍ သတင်းကောင်းကို ဟောပြောလျက်နေတော်မူ၏။ ထိုစဉ် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများသည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍
ယေရှုသည် နေ့ဘက်တွင် ဗိမာန်တော်ထဲ၌ ဟောပြောသွန်သင်တော်မူ၍ ညဘက်တွင် အပြင်သို့ထွက်ကြွကာ သံလွင်တောင်ပေါ်တွင် ညကို လွန်စေတော်မူတတ်၏။
ယေရှုက “ငါသည် ဤလောကတွင် လူသိရှင်ကြားဟောပြောခဲ့ပြီ။ လူအပေါင်းတို့သည် ငါသွန်သင်သမျှကို သိကြ၏။ ငါသည် ဂျူးလူမျိုးတို့စုဝေးရာဖြစ်သော ဝတ်ပြုဆောင်များနှင့် ဗိမာန်တော်၌ အစဉ်အမြဲဟောပြောသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပါ။
ကျမ်းစာ၌ ခရစ်တော်သည် ဒါဝိဒ်မင်း၏အမျိုး၊ ဒါဝိဒ်မင်း၏မွေးရပ် ဗက်လင်မြို့မှ ပေါ်ထွန်းလိမ့်မည်ဟု ဖော်ပြထားသည် မဟုတ်လော” ဟု ဆိုကြ၏။