ထိုသူက “မည်သည့် ပညတ်များဖြစ်ပါသနည်း” ဟု လျှောက်၏။ ယေရှုက “လူ့အသက်ကို မသတ်နှင့်။ သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။
ရှင်မာကု 12:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းတတ်ဆရာတစ်ဦးသည် ယေရှုနှင့်ဇဒ္ဒုကဲတို့ ငြင်းခုံပြောဆိုနေကြသည်ကို နားထောင်လျက်ရှိ၏။ ကိုယ်တော်သည် သူတို့ကို ကောင်းမွန်စွာ ဖြေတော်မူသည်ကို သတိထားမိသဖြင့် ထိုကျမ်းတတ်ဆရာက “ပညတ်တော်အားလုံးတွင် မည်သည့်ပညတ်တော်သည် အရေးကြီးဆုံးဖြစ်သနည်း” ဟု မေးလျှောက်လေ၏။ Common Language Bible ယင်းသို့သခင်ယေရှုနှင့်ဇဒ္ဒုကဲတို့အခြေအတင် ပြောဆိုနေကြစဉ် ကျမ်းတတ်ဆရာတစ်ယောက်သည် အနီးအပါး၌ရှိနေ၏။ သူတို့အားသခင်ယေရှု လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုကြား သဖြင့် ရှေ့တော်သို့လာ၍ကိုယ်တော်အား ``ပညတ် ရှိသမျှတို့တွင်အဘယ်ပညတ်သည်အကြီးမြတ် ဆုံးဖြစ်ပါသနည်း'' ဟုမေးလျှောက်ကြ၏။ Garrad Bible ထို ဆွေး နွေး ချက် ကို ကြား၍ လျှောက် ပတ် စွာ ဖြေ ဆို တော် မူ ကြောင်း သိ မြင် သော ကျမ်း တတ် ဆ ရာ တစ် ယောက် သည် ချဉ်း လာ လျက် ပ ညတ် ရှိ သ မျှ တွင် ပ ညတ် ဦး ကား မည် သည့် ပ ညတ် ပါ နည်း ဟု မေး ရာ၊ Judson Bible ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတစ်ယောက်သည် ကြား၍၊ ကိုယ်တော်သည် လျောက်ပတ်စွာ ပြန်ပြောတော်မူသည်ကို သိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ်မည်သောပညတ်သည် သာ၍မြတ်သနည်းဟု မေးလျှောက်သော်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကျမ်းပြုဆရာတစ်ဦးသည် ချဉ်းကပ်လာ၍ သူတို့ငြင်းခုံပြောဆိုနေကြသည်ကိုကြားပြီး ကိုယ်တော်သည် သူတို့အား လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုမြင်လျှင် “ပညတ်ချက်အားလုံးတွင် မည်သည့်ပညတ်ချက်သည် ပထမဖြစ်သနည်း”ဟု မေးလျှောက်လေ၏။ မြန်မာ ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတစ်ယောက်သည် ကြား၍၊ ကိုယ်တော်သည် လျောက်ပတ်စွာ ပြန်ပြောတော်မူသည်ကို သိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ်မည်သောပညတ်သည် သာ၍မြတ်သနည်းဟု မေးလျှောက်သော်၊- |
ထိုသူက “မည်သည့် ပညတ်များဖြစ်ပါသနည်း” ဟု လျှောက်၏။ ယေရှုက “လူ့အသက်ကို မသတ်နှင့်။ သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပင်စိမ်းရွက်၊ စမုန်စပါးနှင့် ဇီရာစေ့တို့ကို ဆယ်ပုံတစ်ပုံလှူဒါန်းကြသော်လည်း ပညတ်ကျမ်းထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ သနားကြင်နာခြင်းနှင့် ယုံကြည်ခြင်းတို့ကိုမူ လျစ်လျူရှုထားကြသောကြောင့်ဖြစ်၏။ ဆယ်ပုံတစ်ပုံကို လှူဒါန်းကြရမည်မှန်သော်လည်း ထိုထက်အရေးကြီးသော အချက်တို့ကို လျစ်လျူမရှုသင့်ပေ။
အသေးနုပ်ဆုံးသောပညတ်တော်ကို ချိုးဖောက်၍ သူတစ်ပါးကို ထိုနည်းတူ ချိုးဖောက်ရန် သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ အသေးနုပ်ဆုံးသောသူဖြစ်လိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာ၍ သူတစ်ပါးကို သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။
ယေရှုနှင့် တပည့်တော်သုံးပါးတို့သည် ကျန်တပည့်တော်များရှိရာသို့ ပြန်လာကြသောအခါ တပည့်တော်တို့ကို ဝန်းရံလျက်ရှိသော လူအုပ်ကြီးကိုလည်းကောင်း၊ တပည့်တော်တို့နှင့် ဆွေးနွေးပြောဆိုနေကြသောကျမ်းတတ်ဆရာတချို့တို့ကိုလည်းကောင်း တွေ့မြင်ကြ၏။
ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပင်စိမ်းရွက်၊ စမုန်စပါးနှင့် ဟင်းခတ်ရွက်တို့ကို ဆယ်ပုံတစ်ပုံလှူဒါန်းကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်ကိုချစ်ခြင်း စသည့်အမှုတို့ကို လျစ်လျူရှုကြသောကြောင့်ဖြစ်၏။ ဆယ်ပုံတစ်ပုံကို လှူဒါန်းကြရမည်မှန်သော်လည်း ထိုထက်အရေးကြီးသော အချက်တို့ကို လျစ်လျူမရှုသင့်ပေ။
အချို့သောကျမ်းတတ်ဆရာများက “ဆရာတော်သည် လျောက်ပတ်စွာ မိန့်ကြားတော်မူပြီ” ဟု လျှောက်ဆိုကြ၏။