ထို့ကြောင့် သင်သည် ယဇ်ပလ္လင်ရှေ့တွင် ပူဇော်စရာကို ဆက်သသောအခါ တစ်စုံတစ်ဦး၌ သင့်အား မကျေနပ်စရာအကြောင်းရှိသည်ကို သတိရမိလျှင်
ရှင်မာကု 11:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်တို့သည် ဆုတောင်းသောအခါ တစ်ပါးသူတို့အပေါ်၌ အပြစ်တင်စရာရှိလျှင် ထိုသူတို့၏အပြစ်ကို ဦးစွာခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ရှိတော်မူသော ခမည်းတော်သည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။ Common Language Bible သင်တို့သည်ရပ်လျက်ဆုတောင်းသောအခါ သူ တစ်ပါးတို့၏အပြစ်ဟူသမျှကိုဖြေလွှတ်ရ ကြမည်။ သို့မှသာလျှင်ကောင်းကင်ဘုံတွင်ရှိတော် မူသောသင်တို့အဖသည် သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်။- Garrad Bible သင် တို့ သည် ရပ် တန့် လျက် ပ ဌ နာ ပြု ကြ စဉ် သူ တ ထူး အ ပေါ်၌ ကျေ နပ် စေ ရန် အ ကြောင်း ရှိ လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် သင် တို့ ကျူး လွန် မှု များ ကို ဖြေ လွှတ် တော် မူ စေ ခြင်း ငှာ ထို အ ကြောင်း ကို ဖြေ လွှတ် လော့ ဟု မိန့် တော် မူ၏။ Judson Bible သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မတ်တတ်ရပ်လျက် ဆုတောင်းကြသောအခါ တစ်ဦးတစ်ယောက်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် ခွင့်လွှတ်ကြလော့။ သို့ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်။ မြန်မာ သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။- |
ထို့ကြောင့် သင်သည် ယဇ်ပလ္လင်ရှေ့တွင် ပူဇော်စရာကို ဆက်သသောအခါ တစ်စုံတစ်ဦး၌ သင့်အား မကျေနပ်စရာအကြောင်းရှိသည်ကို သတိရမိလျှင်
အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။
သင်တို့သည် ဆုတောင်းသောအခါ သူတော်ကောင်းယောင်ဆောင်သူများကဲ့သို့ မပြုကြနှင့်။ ထိုသူတို့သည် လူမြင်သာစေရန် ဝတ်ပြုဆောင်များနှင့် လမ်းဆုံလမ်းခွများတွင်ရပ်လျက် ဆုတောင်းရသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
ဖာရိရှဲသည် တစ်ဦးတည်း ရပ်လျက် ‘ဘုရားသခင်… အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လှည့်ဖြားသူ၊ မတရားသောသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်သောကြောင့် ကျေးဇူးတင်ပါ၏။ ထို့ပြင် ဤအခွန်ကောက်သူကဲ့သို့ မဟုတ်သည့်အတွက်လည်း ကျေးဇူးတင်ပါ၏။
အခွန်ကောက်သူမှာ အဝေးမှ ရပ်လျက် ကောင်းကင်သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်ကို လက်ဖြင့် ထု၍ ‘ဘုရားသခင်… အပြစ်သားဖြစ်သော အကျွန်ုပ်ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။
တစ်ပါးသူတို့ကို အပြစ်မစီရင်ကြနှင့်။ သို့မှသာ သင်တို့သည်လည်း အပြစ်စီရင်ခံရခြင်းမှ လွတ်လိမ့်မည်။ တစ်ပါးသူတို့ကို မဝေဖန်ကြနှင့်။ သို့မှသာ သင်တို့သည်လည်း ဝေဖန်ခံရခြင်းမှ လွတ်လိမ့်မည်။ တစ်ပါးသူတို့ကို ခွင့်လွှတ်ကြလော့။ သို့မှသာ သင်တို့သည် ခွင့်လွှတ်ခြင်းကို ခံရလိမ့်မည်။
သင်တို့သည် တစ်ဦးကို တစ်ဦး ကျေးဇူးပြုကြလော့။ သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့ကို ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကို တစ်ဦး ခွင့်လွှတ်ကြလော့။
တစ်ဦးနှင့်တစ်ဦး အပြစ်တင်စရာရှိလျှင် အချင်းချင်း သည်းခံ၍ ခွင့်လွှတ်ကြလော့။ သခင်ဘုရားသည် သင်တို့ကို ခွင့်လွှတ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ခွင့်လွှတ်ကြလော့။
ကရုဏာကင်းမဲ့သောသူသည် ကရုဏာကင်းမဲ့စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာထားသောသူသည် ဘုရားသခင်တရားစီရင်မည့်နေ့တွင် ကြောက်ရွံ့နေရန် မလိုပေ။
ဤသက်သေခံနှစ်ပါးတို့သည် ကမ္ဘာလောကကို အုပ်စိုးသည့်အရှင်သခင်၏ရှေ့တော်၌ ရှိသောသံလွင်ပင်နှစ်ပင်နှင့် ဆီမီးတိုင်နှစ်ခုဖြစ်၏။