တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီးဖြစ်သူကို နတ်ဆိုးမင်းဟု ခေါ်ကြလျှင် အိမ်သူအိမ်သားတို့ကို ပို၍ ဆိုးရွားစွာ ခေါ်ကြလိမ့်မည်။
ရှင်မာကု 10:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့က “အကျွန်ုပ်တို့ တတ်နိုင်ပါသည်” ဟု လျှောက်ကြ၏။ ထိုအခါ ယေရှုက “သင်တို့သည် ငါ့ခွက်ကို အမှန်သောက်ကြရမည်။ ငါခံယူရမည့်နှစ်ခြင်းမင်္ဂလာကိုလည်း ခံယူကြရမည်။ Common Language Bible သူတို့က ``အကျွန်ုပ်တို့တတ်စွမ်းနိုင်ပါသည်'' ဟု လျှောက်ထားကြ၏။ သခင်ယေရှုက ``သင်တို့သည်ငါသောက်ရမည့် ခွက်ကိုသောက်ရကြလိမ့်မည်။ ငါခံရမည့်ဗတ္တိဇံ ကိုလည်းခံရကြလိမ့်မည်။- Garrad Bible စွမ်း နိုင် ပါ သည် ဟု လျှောက် ကြ၏။ ယေ ရှု က လည်း သင် တို့ သည် ငါ သောက် ရ သော ခွက် ကို သောက် ရ မည်။ ငါ ခံ ရ သော ဗ တ္တိ ဇံ ကို လည်း ခံ ရ မည်။ Judson Bible အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သောခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသောဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သူတို့က “အကျွန်ုပ်တို့တတ်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။ ယေရှုကလည်း“ငါသောက်မည့်ခွက်ကို သင်တို့သောက်ကြလိမ့်မည်။ ငါခံမည့်ဗတ္တိဇံကိုလည်း သင်တို့ခံကြလိမ့်မည်။ မြန်မာ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သောခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသောဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။- |
တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီးဖြစ်သူကို နတ်ဆိုးမင်းဟု ခေါ်ကြလျှင် အိမ်သူအိမ်သားတို့ကို ပို၍ ဆိုးရွားစွာ ခေါ်ကြလိမ့်မည်။
ထိုသူတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် ဂျော်ဒန်မြစ်ထဲ၌ ထိုသူတို့ကို နှစ်ခြင်းမင်္ဂလာပေးလေ၏။
ပေတရုက “အကျွန်ုပ်သည် သခင်နှင့်အတူ သေရမည်ဆိုလျှင်ပင် သခင့်ကို အကျွန်ုပ် မည်သည့်အခါမျှ ငြင်းပယ်မည်မဟုတ်” ဟု အလေးအနက်လျှောက်လေ၏။ အခြားတပည့်တော်တို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
ပေတရုက “သခင်… အဘယ်ကြောင့် အကျွန်ုပ် ယခုမလိုက်နိုင်ရပါသနည်း။ သခင့်အတွက် အသက်စွန့်ရန် အကျွန်ုပ်အသင့်ရှိနေပါသည်” ဟု လျှောက်၏။
‘ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်’ ဟု သင်တို့ကို ငါပြောခဲ့သောစကားကို သတိရကြလော့။ လောကီသားတို့သည် ငါ့ကို ညှဉ်းပန်းနှိပ်စက်လျှင် သင်တို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သူတို့သည် ငါ့စကားကို နားထောင်လျှင် သင်တို့၏စကားကိုလည်း နားထောင်ကြလိမ့်မည်။
အကျွန်ုပ်သည် အဖ၏နှုတ်ကပတ်တော်ကို သူတို့အား ပေးအပ်ပါပြီ။ အကျွန်ုပ်သည် လောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့် မသက်ဆိုင်ကြပါ။ ထို့ကြောင့် လောကီသားတို့သည် သူတို့ကို မုန်းကြ၏။
ယခုအခါ ကျွန်ုပ်သည် သင်တို့အတွက် ဆင်းရဲဒုက္ခခံရသည်ကို ဝမ်းမြောက်၍ ခရစ်တော်ကိုယ်စား ဆင်းရဲဒုက္ခခံကာ ကြွင်းကျန်နေသေးသော ဆင်းရဲဒုက္ခကို ကိုယ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ကျွန်ုပ်၏ ခန္ဓာသွေးသားဖြင့် ဖြည့်ဆည်းနေ၏။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။