နာဇရက်မြို့သို့ ဦးစွာရောက်တော်မူပြီးနောက် ထိုမြို့မှ ထွက်ခွာ၍ ဇာဗုလုန်နှင့် နဿလိနယ်မြေစပ်ကြားတွင်ရှိသော ဂါလိလဲအိုင်အနီးရှိ ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။
ရှင်မာကု 1:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုနှင့် တပည့်တော်တို့သည် ကပေရနောင်မြို့သို့ သွားကြ၏။ ဥပုသ်နေ့ရောက်သောအခါ ကိုယ်တော်သည် ဂျူးဝတ်ပြုဆောင်သို့ ဝင်၍ သွန်သင်တော်မူ၏။ Common Language Bible ကိုယ်တော်နှင့်တပည့်တော်တို့သည် ကပေရနောင်မြို့သို့ ရောက်လာကြ၏။ ဥပုသ်နေ့၌သခင်ယေရှုသည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင်တော်မူ၏။- Garrad Bible က ပေ ရ နောင် မြို့ သို့ ရောက် ကြ သော်၊ ဥ ပုသ် နေ့ တွင် ကိုယ် တော် သည် ဓ မ္မာ ရုံ သို့ ချက် ခြင်း ဝင်၍ Judson Bible ကပေရနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည် ချက်ချင်းတရားဇရပ်သို့ ဝင်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ဝင်ကြ၏။ ဥပုသ်နေ့ရောက်သည်နှင့် ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သွန်သင်တော်မူ၏။ မြန်မာ ကပေရနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည် ချက်ချင်းတရားဇရပ်သို့ ဝင်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။- |
နာဇရက်မြို့သို့ ဦးစွာရောက်တော်မူပြီးနောက် ထိုမြို့မှ ထွက်ခွာ၍ ဇာဗုလုန်နှင့် နဿလိနယ်မြေစပ်ကြားတွင်ရှိသော ဂါလိလဲအိုင်အနီးရှိ ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။
ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ထိုသူတို့ကိုလည်း ချက်ချင်းခေါ်တော်မူသဖြင့် သူတို့သည် ဖခင်ဇေဗေဒဲအား လူငှားများနှင့်အတူ လှေထဲတွင် ထားခဲ့၍ နောက်တော်သို့ လိုက်ကြ၏။
ဝတ်ပြုဆောင်မှ ထွက်လာကြပြီးနောက် ယေရှုနှင့် တပည့်တော်တို့သည် ယာကုပ်၊ ယောဟန်တို့နှင့်အတူ ရှိမုန်နှင့် အန္ဒြေတို့၏ အိမ်သို့ ကြွတော်မူ၏။
ဤသို့ဖြင့် ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
ထို့နောက် ကိုယ်တော်သည် ကပေရနောင်မြို့မှ ထွက်ခွာ၍ ယုဒပြည်သို့ ကြွတော်မူပြီးလျှင် ဂျော်ဒန်မြစ် တစ်ဖက်ကမ်းသို့ ကြွတော်မူ၏။ လူထုကြီးသည်လည်း ကိုယ်တော်ထံသို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ယခင်နည်းတူ သူတို့ကို ဟောပြောသွန်သင်တော်မူ၏။
ရက်အနည်းငယ် ကြာပြီးနောက် ယေရှုသည် ကပေရနောင်မြို့သို့ တစ်ဖန်ဝင်တော်မူ၏။ အိမ်သို့ ကိုယ်တော်ရောက်ရှိနေတော်မူသည့်သတင်းသည် ပျံ့နှံ့လေ၏။
ယေရှုသည် ဂျူးဝတ်ပြုဆောင်သို့ တစ်ဖန်ကြွတော်မူလျှင် လက်တစ်ဖက်သေသောသူတစ်ဦးကို တွေ့မြင်တော်မူ၏။
ဥပုသ်နေ့ရောက်သော် ကိုယ်တော်သည် ဂျူးဝတ်ပြုဆောင်၌ သွန်သင်တော်မူ၏။ ကြားနာသောသူများစွာတို့သည် အံ့အားသင့်ကြ၏။ ထိုသူတို့က “သူသည် ဤအရာများကို အဘယ်ကရသနည်း။ သူရရှိသောပညာသည် မည်သည့်ပညာဖြစ်သနည်း။ သူပြသသောအံ့ဖွယ်အမှုများကို မည်သည့်တန်ခိုးဖြင့် ပြုသနည်း။
အို ကပေရနောင်မြို့… သင်သည် ကောင်းကင်တိုင်အောင် ချီးမြှောက်ခံရပါမည်လော။ မခံရပါ။ သင်သည် မရဏနိုင်ငံတိုင်အောင် နှိမ့်ချခံရလိမ့်မည်” ဟူ၍ ဖြစ်၏။
ထို့နောက် ယေရှုသည် မိမိကြီးပြင်းခဲ့သည့် နာဇရက်မြို့သို့ကြွတော်မူ၏။ ဥပုသ်နေ့ရောက်လာသောအခါ ဓလေ့ထုံးစံရှိသည့်အတိုင်း ဂျူးဝတ်ပြုဆောင်သို့ သွား၍ ကျမ်းစာဖတ်ရန် ရပ်တော်မူ၏။
ယေရှုကလည်း “သင်တို့က ‘ဆရာဝန်… သင်သည် မိမိရောဂါကို မိမိပြန်၍ ပျောက်ကင်းအောင်ကုသလော့’ ဟူသော စကားပုံနှင့်အညီ ‘ကပေရနောင်မြို့၌ သင်ပြုသည့်အံ့ဖွယ်အမှုများကို ငါတို့ကြားခဲ့ရသည့်အတိုင်း သင်၏နေရပ်မြို့ဖြစ်သော ဤနေရာ၌လည်း ပြုလော့’ ဟု ငါ့ကို ဧကန်မုချပြောဆိုကြလိမ့်မည်။
ပေါလုသည် မိမိပြုလေ့ရှိသည့်အတိုင်း ဝတ်ပြုဆောင်သို့သွား၍ ဥပုသ်နေ့သုံးရက်တိုင် ကျမ်းစာကိုအမှီပြုကာ ထိုသူတို့နှင့်အတူ ဆွေးနွေးပြောဆို၏။
ပေါလုသည် ဥပုသ်နေ့တိုင်း ဂျူးဝတ်ပြုဆောင်၌ တရားဆွေးနွေး၍ ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများ ယုံကြည်လာရန် စည်းရုံးလျက်နေ၏။