Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 1:21 - မြန်မာ

21 က​ပေရ​နောင်​မြို့​သို့ သွား​ကြ​လျှင်၊ ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ချက်​ချင်း​တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် က​ပေ​ရ​နောင်​မြို့​သို့ ရောက်​လာ​ကြ​၏။ ဥ​ပုသ်​နေ့​၌​သ​ခင်​ယေ​ရှု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 က ပေ ရ နောင် မြို့ သို့ ရောက် ကြ သော်၊ ဥ ပုသ် နေ့ တွင် ကိုယ် တော် သည် ဓ မ္မာ ရုံ သို့ ချက် ခြင်း ဝင်၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 က​ပေရ​နောင်​မြို့​သို့ သွား​ကြ​လျှင်၊ ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ချက်​ချင်း​တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ဝင်​ကြ​၏။ ဥပုသ်နေ့​ရောက်​သည်​နှင့် ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ယေရှု​နှင့် တပည့်တော်တို့​သည် ကပေရနောင်မြို့​သို့ သွားကြ၏။ ဥပုသ်နေ့​ရောက်​သောအခါ ကိုယ်တော်​သည် ဂျူးဝတ်ပြုဆောင်​သို့ ဝင်​၍ သွန်သင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 1:21
18 ပူးပေါင်းရင်းမြစ်များ  

နာ​ဇ​ရက်​မြို့​ကို စွန့်​သွား​လျက်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​စပ်​ကြား​တွင် အိုင်​နှင့်​နီး​စပ်​သော က​ပေ​ရ​နောင်​မြို့​သို့ ရောက်၍ နေ​တော်​မူ၏။-


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။


ထို​သူ​တို့​သည်​လည်း လှေ​ပေါ်​မှာ​ရှိ​သော သူ​ငှား​တို့​နှင့်​တ​ကွ အ​ဘ​ဇေ​ဗေ​ဒဲ​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။


တ​ရား​ဇ​ရပ်​မှ ထွက်​ကြ​လျှင်၊ ရှိ​မုန်၊ အ​န္ဒြေ​တို့​အိမ်​သို့ ယာ​ကုပ်၊ ယော​ဟန်​နှင့်​တ​ကွ ချက်​ချင်း​သွား​ကြ၏။-


တစ်​မြို့​လုံး​သည် တံ​ခါး​နား​မှာ စု​ဝေး​လျက်​ရှိ​ကြ၏။-


ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ် တ​ရား​ဇ​ရပ်​တို့၌ တ​ရား​ဟော​လျက် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​လျက် နေ​တော်​မူ၏။


ထို​အ​ရပ်​မှ ကိုယ်​တော်​သည် ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​ကို လျှောက်​သွား​သ​ဖြင့် ယု​ဒ​ပြည်​စွန်း​သို့ ရောက်​တော်​မူ၏။ လူ​များ​တို့​သည် အ​ထံ​တော်၌​စု​ဝေး​ပြန်၍၊ ထုံး​စံ​ရှိ​တော်​မူ​သည်​အ​တိုင်း တစ်​ဖန် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-


နောက်​တစ်​နေ့​သ၌ ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့ ဝင်​ပြန်၍ အိမ်၌​ရှိ​တော်​မူ​သည်​ကို ကြား​ကြ​လျှင်၊-


တ​ရား​ဇ​ရပ်​သို့ တစ်​ဖန် ဝင်​တော်​မူ၍၊ ထို​ဇ​ရပ်၌ လက်​တစ်​ဖက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။-


ဥ​ပုသ်​နေ့​ရောက်​လျှင် တ​ရား​ဇ​ရပ်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ လူ​များ​တို့​သည် ကြား​နာ​ရ​လျှင် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်၍၊ ဤ​သူ​သည် ဤ​အ​ရာ​တို့​ကို အ​ဘယ်​မှာ​ရ​သ​နည်း။ သူ​ရ​သော ပ​ညာ​ကား အ​ဘယ်​ပ​ညာ​နည်း။ ဤ​မျှ​လောက်​သော တန်​ခိုး​များ​ကို အ​ဘယ်​သို့ ပြ​နိုင်​သ​နည်း။-


အို​က​ပေ​ရ​နောင်​မြို့၊ သင်​သည် မိုး​ကောင်း​ကင်​တိုင်​အောင် မြှောက်​စား​ခြင်း​ကို ခံ​ရ​သော်​လည်း၊ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လ​တ္တံ့။-


တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တွင် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သော​အ​ခါ၊


ကြီး​ပွား​တော်​မူ​ရာ နာ​ဇ​ရက်​မြို့​သို့ ရောက်​ပြန်​လျှင်၊ ထုံး​စံ​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ကျမ်း​စာ​ကို ဖတ်​ရွတ်​ခြင်း​ငှာ ထ​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ အ​ကယ်၍ သင်​တို့​သည် ပုံ​ပ​မာ​ကို​ဆောင်​လျက်၊ အ​ချင်း​ဆေး​သ​မား၊ ကိုယ်​အ​နာ​ကို ငြိမ်း​စေ​လော့။ ငါ​တို့​သည် သ​တင်း​ကြား​သည်​အ​တိုင်း၊ သင်​သည် က​ပေ​ရ​နောင်​မြို့၌ ပြု​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​နေ​ရင်း​မြို့၌​လည်း ပြု​ပါ​ဟူ၍ ငါ့​အား ပြော​ဆို​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ