ရောမ 9:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အား ပေးခဲ့သောကတိတော်ကို တည်ရန် ပျက်ကွက်တော်မူသလော။ ပျက်ကွက်တော်မမူ။ အဘယ်ကြောင့်ဆိုသော် အစ္စရေးလူမျိုး တစ်မျိုးလုံးသည် ဘုရားသခင်၏ လူမျိုးအစစ်အမှန် ဖြစ်သည်ဟု မဆိုနိုင်သောကြောင့်ဖြစ်၏။ Common Language Bible ဘုရားသခင်၏ကတိတော်အတိုင်းအကောင် အထည်မပေါ်ဟုငါမဆိုလို။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏လူစုတော်တွင် ဣသရေလအမျိုးသားအားလုံးမပါဝင် သောကြောင့်ဖြစ်၏။- Garrad Bible သို့ ရာ တွင် ဣ သ ရေ လ လူ မျိုး အ ပေါင်း တို့ သည် ဣ သ ရေ လ လူ မျိုး စစ် မ ဟုတ်။ ဣ ဇာက် မှ သာ သင့် အ မျိုး အ နွယ် ဟု သမုတ် လိမ့် မည် ဟူ သော ကျမ်း ချက် အ ရ အာ ဗြ ဟံ့ အ မျိုး အ နွယ် ရှိ သ မျှ တို့ လည်း သား မြေး စစ် မ ဟုတ် သော ကြောင့် ဘု ရား သ ခင့် ဗျာဒိတ် တော် ပျက် သည် ဟု ဆို လျှင် မ မှန် ချေ။ Judson Bible ထိုသို့ဆိုသော် ဘုရားသခင်၏ ကတိတော်မတည်ဟု ငါမဆိုလို။ အကြောင်းမူကား၊ ဣသရေလနှင့် ဆက်နွယ်သော သူအပေါင်းတို့သည် ဣသရေလလူမှန် မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ပျက်ပြယ်သွားသည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးအနွယ်ဝင်အားလုံးသည် အစ္စရေးလူမျိုးမဟုတ်။ |
မိမိထံသို့ နာသနေလချဉ်းကပ်လာသည်ကို မြင်တော်မူသောအခါ ယေရှုက “ရိုးသားလှသော အစ္စရေးအမျိုးသားစစ်စစ်ကို ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
ကျမ်းစာတော်ကို မပယ်ဖျက်နိုင်ကြောင်းကို သင်တို့သိကြ၏။ ထို့ကြောင့် ဘုရားသခင်က မိမိ၏ နှုတ်ကပတ်တော်ကို လက်ခံရရှိသောသူတို့ကို ဘုရားများဟု ခေါ်ဆိုတော်မူလျှင်
အကယ်၍ သူတို့ထဲမှ တချို့သည် မယုံကြည်လျှင် မည်သို့ဆိုမည်နည်း။ သူတို့၏ မယုံကြည်ခြင်းသည် ဘုရားသခင်၏ သစ္စာတော်ကို ပျက်ပြယ်စေနိုင်သလော။
သူတို့သည် ဘုရားသခင်၏ သားသမီးအဖြစ် ရွေးချယ်ခြင်းခံရသော အစ္စရေးလူမျိုးများ ဖြစ်ကြ၏။ ဘုရားသခင်သည် မိမိ၏ဘုန်းအသရေတော်ကို သူတို့အား ဖော်ပြတော်မူ၏။ သူတို့နှင့် ပဋိညာဉ်များဖွဲ့၍ ပညတ်တရားကိုလည်း ပေးတော်မူ၏။ ကိုးကွယ်ရမည့်နည်းနှင့် မိမိ၏ကတိတော်များကို သူတို့အား ပေးတော်မူ၏။
ဤအခြေခံသဘောတရားကို လက်ခံကျင့်သုံးသောသူတို့အပေါ်သို့ ဘုရားသခင်ထံတော်မှလာသော ငြိမ်းချမ်းခြင်းနှင့် ကရုဏာတော် သက်ရောက်ပါစေသော။ ထိုသူတို့မှာ ဘုရားသခင်၏ လူမျိုးတော်အစ္စရေးလူမျိုးများ ဖြစ်ကြ၏။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
ကျွန်ုပ်တို့ သစ္စာမရှိလျှင်ပင် ကိုယ်တော်သည် မိမိကိုယ်မိမိ မငြင်းပယ်နိုင်သောကြောင့် သစ္စာစောင့်တော်မူလိမ့်မည်။