ထို့နောက် ဘုရားသခင်က “ငါ့ကို မရှာသောသူတို့သည် ငါ့ကို တွေ့ကြ၏။ ငါ့အကြောင်းကို မမေးသောသူတို့အား ငါသည် ကိုယ်ထင်ပြ၏” ဟု မိန့်တော်မူကြောင်း ဟေရှာယသည် ရဲဝံ့စွာ ဖော်ပြထား၏။
ရောမ 9:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဘုရားသခင်၏ ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရရန် ကြိုးပမ်းကြသော အစ္စရေးလူမျိုးတို့မှာ မည်သည့်အခါမျှ မအောင်မြင်ကြ။ Common Language Bible သို့ရာတွင်ရွေးကောက်တော်မူခြင်းကိုခံရ သောလူစုတော်သည်ဘုရားသခင်နှင့်မှန်ကန် စွာဆက်သွယ်စေမည့်တရားဥပဒေကိုရှာ သော်လည်းမတွေ့ရှိကြ။- Garrad Bible ဖြောင့် မတ် ခြင်း တ ရား ကို လိုက် ရှာ သော ဣ သ ရေ လ လူ မျိုး တို့ မူ ကား ထို တ ရား ကို မ မှီ ကြ ချေ။ Judson Bible ဖြောင့်မတ်ခြင်းတရားကို မီအောင်လိုက်သော ဣသရေလလူတို့မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမီကြ။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့်တရားကို ရရှိရန်ကြိုးစားသောအစ္စရေးလူမျိုးတို့သည် ထိုတရားသို့မပေါက်ရောက်ကြ။ |
ထို့နောက် ဘုရားသခင်က “ငါ့ကို မရှာသောသူတို့သည် ငါ့ကို တွေ့ကြ၏။ ငါ့အကြောင်းကို မမေးသောသူတို့အား ငါသည် ကိုယ်ထင်ပြ၏” ဟု မိန့်တော်မူကြောင်း ဟေရှာယသည် ရဲဝံ့စွာ ဖော်ပြထား၏။
ထို့ကြောင့် မည်သို့ဆိုရမည်နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေကြသည့် ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို မရရှိကြပေ။ ဘုရားသခင်ရွေးကောက်တော်မူခြင်းကို ခံရသောသူတို့ကသာ ရရှိကြပြီး ကျန်ရှိသောသူတို့မှာ ခေါင်းမာကြ၏။
ထို့ကြောင့် ပညတ်တရား၌ပါသောပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မဟုတ်။ ပညတ်တရားသည် ကျွန်ုပ်တို့မည်မျှ အပြစ်ရှိကြောင်းကို သိရန်သာ ဖော်ပြ၏။
သို့ဖြစ်လျှင် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းအတွက် ကြွားဝါစရာရှိသလော။ မရှိပါ။ ထိုကြွားဝါစရာသည် ဖယ်ရှားခံရပြီ။ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ ပညတ်တရားကို လိုက်နာကျင့်သုံးသောကြောင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်သောကြောင့်သာ ဖြစ်၏။
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်နှင့် ဆန့်ကျင်နေသလော။ လုံးဝမဆန့်ကျင်ပေ။ အကယ်၍ ပညတ်တရားသည် အသက်ကို ရှင်စေနိုင်လျှင် ထိုပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မှာ အသေအချာပင် ဖြစ်၏။
အသင်းတော်ကို စိတ်အားထက်သန်စွာ ညှဉ်းဆဲခဲ့သောသူ ဖြစ်၏။ ပညတ်တရားကို လိုက်နာ၍ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်ဆိုလျှင် ကျွန်ုပ်သည် အပြစ်ဆိုဖွယ်မရှိသူ ဖြစ်၏။