နားထောင်ကြလော့။ သင်တို့လယ်၌ ကောက်ရိတ်သော လုပ်သားတို့ကို သင်တို့သည် လုပ်အားခ မပေးဘဲနေသောကြောင့် ထိုလုပ်အားခများသည် အော်ဟစ်ကြ၏။ ကောက်ရိတ်သောသူတို့၏ အော်ဟစ်သံကိုလည်း ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကြားတော်မူပြီ။
ရောမ 9:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ဟေရှာယက “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျွန်ုပ်တို့အတွက် မျိုးဆက်ကို ချန်ထားတော်မမူခဲ့လျှင် ကျွန်ုပ်တို့သည် သောဒုံမြို့ကဲ့သို့ ဖယ်ရှားခြင်းခံရ၍ ဂေါမောရမြို့ကဲ့သို့ ဖျက်ဆီးခြင်းကို ခံရကြလိမ့်မည်” ဟု ပရောဖက်ပြုဟောပြောခဲ့၏။ Common Language Bible ထို့အပြင် ``အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ငါတို့လူမျိုးမပျောက်ကွယ်သွားစေရန် ငါတို့သားမြေးအချို့တို့ကိုချမ်းသာပေး တော်မမူခဲ့လျှင် ငါတို့သည်သောဒုံမြို့နှင့် ဂေါမောရမြို့တို့၏ကံကြမ္မာနှင့်တွေ့ကြုံ ကြလိမ့်မည်'' ဟုယခင်ကဟေရှာယဖော်ပြ ခဲ့သည့်အတိုင်းပင်ဖြစ်ပေသည်။ Garrad Bible ထို နည်း တူ ပင် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည် ငါ တို့၌ မျိုး စေ့ ကို ချန် ထား တော် မ မူ လျှင် ငါ တို့ သည် သော ဒုံ မြို့ ကဲ့ သို့ လည်း ကောင်း၊ ဂေါ မော ရ မြို့ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ခဲ့ ကြ လေ ပြီ ဟု ဟေ ရှာ ယ ဟော နှင့် သ တည်း။ Judson Bible ထိုသို့နှင့်အညီ၊ ဟေရှာယသည် အထက်က ဆိုပြန်သည်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါတို့၌ မျိုးစေ့ကို ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဟေရှာယက “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့အတွက် အမျိုးအနွယ်ကိုချန်ထားတော်မမူလျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်ခဲ့၍ ဂေါမောရမြို့နှင့်တူခဲ့ကြပေလိမ့်မည်”ဟု ကြိုတင်ပြောထားသည့်အတိုင်းဖြစ်၏။ |
နားထောင်ကြလော့။ သင်တို့လယ်၌ ကောက်ရိတ်သော လုပ်သားတို့ကို သင်တို့သည် လုပ်အားခ မပေးဘဲနေသောကြောင့် ထိုလုပ်အားခများသည် အော်ဟစ်ကြ၏။ ကောက်ရိတ်သောသူတို့၏ အော်ဟစ်သံကိုလည်း ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကြားတော်မူပြီ။
ထို့နောက် သောဒုံနှင့် ဂေါမောရမြို့တို့ကို ပြာကျသည့်တိုင် မီးရှို့လျက် ပြစ်ဒဏ်စီရင်တော်မူ၍ ဘုရားတရားမဲ့သောသူတို့ထံ ကျရောက်မည့်ဘေး၏ နမူနာအဖြစ် ဖော်ပြတော်မူ၏။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အနီးရှိ မြို့များမှ မြို့သူမြို့သားတို့သည် လိင်မှုကျူးလွန်၍ သဘာဝနှင့် ဆန့်ကျင်သောမေထုန်ကို ပြုကြသဖြင့် ထာဝရမီးဒဏ်ကို ခံရ၏။ ထို့ကြောင့် ထိုမြို့တို့သည် သင်ခန်းစာယူစရာဖြစ်လာကြ၏။