သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
ရောမ 8:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လက်ရှိအချိန်ကာလ၌ ကျွန်ုပ်တို့ခံရသောဒုက္ခသည် နောင်တွင် ထင်ရှားမည့် ဘုန်းအသရေနှင့် ယှဉ်လျှင် မပြောပလောက်ကြောင်း ကျွန်ုပ်မှတ်ယူ၏။ Common Language Bible ယခုမျက်မှောက်ကာလ၌ငါတို့ခံရကြသည့် ဒုက္ခဆင်းရဲကိုနောင်အခါ၌ ငါတို့အားပေါ် လွင်ထင်ရှားမည့်ဘုန်းအသရေတော်နှင့်နှိုင်း ယှဉ်၍မရဟုငါယုံကြည်၏။- Garrad Bible ငါ တို့၌ ပွင့် မည့် ဘုန်း တော် ကို ထောက် သော် ယ ခု ကာ လ ခံ ရ သော ဒု က္ခ များ ကို အ မှု မ ထား ထိုက် ဟု ငါ မှတ် ယူ၏။ Judson Bible ငါတို့အား ပေါ်ထွန်းလတ္တံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ယခုမျက်မှောက်ကာလ၌ ခံရသောဒုက္ခဝေဒနာများသည် ငါတို့၌ထင်ရှားမည့်ဘုန်းအသရေနှင့်နှိုင်းလျှင် မပြောပလောက်ဟု ငါမှတ်ယူ၏။ |
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။
သင်တို့၏ အသက်ဖြစ်သော ခရစ်တော် ပြန်ကြွလာ၍ ထင်ရှားသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလိမ့်မည်။
ထိုသို့ ကယ်တင်ခံရရန် ဘုရားသခင်သည် ကျွန်ုပ်တို့ဟောပြောသော သတင်းကောင်းဖြင့် သင်တို့ကို ခေါ်တော်မူ၏။ ဤသို့ခေါ်ခြင်းသည် ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ဘုန်းအသရေကို သင်တို့ခံစားရရှိနိုင်ရန် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော် ဘုန်းအသရေနှင့် ကြွလာမည့် မင်္ဂလာရက်မြတ်ကို စောင့်မျှော်နေကြ၏။
အချို့အမျိုးသမီးများသည် မိမိတို့၏ ဆွေမျိုးများ သေရာမှ ထမြောက်လာသောကြောင့် သူတို့ကို ပြန်လည်ရရှိကြ၏။ အချို့လူတို့သည် ပိုမိုမွန်မြတ်သောဘဝသို့ ထမြောက်လိုသဖြင့် လွတ်မြောက်ခွင့်ကို လက်မခံဘဲ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြ၏။
ထို့ကြောင့် သင်တို့၏ စိတ်နှလုံးကို အသင့်ပြင်၍ တည်ကြည်စေကြလော့။ ယေရှုခရစ်တော် ပြန်လည်ကြွလာသောအခါ သင်တို့ခံစားရမည့် ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
ခရစ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားကြရသည့်အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော်ထင်ရှားသောအခါ သင်တို့အလွန်ဝမ်းမြောက်ရလိမ့်မည်။
ထို့ကြောင့် ခရစ်တော်၏ဆင်းရဲဒုက္ခကို မြင်တွေ့သည့်သက်သေဖြစ်သူ၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းအသရေကို မျှဝေခံစားသူ ကျွန်ုပ်သည် အသင်းတော်အကြီးအကဲတစ်ဦးအနေဖြင့် သင်တို့ထဲမှ အသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်လိုက်၏။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။