သူသည် အလင်းရှင်အကြောင်းကို သက်သေခံရန် လာ၏။ ဤသို့ သက်သေခံခြင်းမှာ လူအပေါင်းတို့သည် ထိုအလင်းရှင်ကို ယုံကြည်လာစေရန်ဖြစ်၏။
ရောမ 5:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ အာဒံ၏ အပြစ်တစ်ခုကြောင့် လူအပေါင်းတို့သည် ပြစ်ဒဏ်ချမှတ်ခံရသကဲ့သို့ ခရစ်တော်၏ ဖြောင့်မတ်ခြင်းတစ်ခုကြောင့် လူအပေါင်းတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရပြီး အသက်ရှင်ခွင့်ကိုရကြ၏။ Common Language Bible သို့ဖြစ်၍တစ်ဦးကအပြစ်ကိုပြုသောကြောင့် လူသားအားလုံးပင်ပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြသည်နည်းတူ အခြားတစ်ဦးကဖြောင့်မတ် သောအမှုကိုပြုသောကြောင့်လူသားအပေါင်း တို့သည်ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မြောက်၍ အသက်ရှင်ရကြ၏။- Garrad Bible သို့ ဖြစ်၍ လွန် ကျူး မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ ပြစ် စီ ရင် ခံ ရ သည့် နည်း တူ ပင် ဖြောင့် မတ် မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ သက် ရှင် ခြင်း နှင့် ဆိုင် သော ဖြောင့် မတ် ရာ ရောက် ရ ကြ၏။ Judson Bible ထိုကြောင့်၊ တစ်ယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ၊ တစ်ယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ကျူးလွန်သောအပြစ်တစ်ခုကြောင့် ပြစ်ဒဏ်စီရင်ခြင်းသည် လူအပေါင်းတို့ထံသို့ ရောက်လာသကဲ့သို့ ဖြောင့်မတ်သောအကျင့်တစ်ခုကြောင့် အသက်နှင့်ဆိုင်သောဖြောင့်မတ်ခြင်းသည် လူအပေါင်းတို့ထံသို့ ရောက်လာ၏။ |
သူသည် အလင်းရှင်အကြောင်းကို သက်သေခံရန် လာ၏။ ဤသို့ သက်သေခံခြင်းမှာ လူအပေါင်းတို့သည် ထိုအလင်းရှင်ကို ယုံကြည်လာစေရန်ဖြစ်၏။
ငါသည်လည်း မြေမှ မြှောက်ထားခြင်းခံရသောအခါ လူအပေါင်းတို့ကို ငါ့ထံသို့ ဆွဲခေါ်မည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့သည် ယောဟန်ထံသို့ လာ၍ “ဆရာတော်… ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတွင် ဆရာတော်နှင့် တွေ့ဆုံခဲ့သောသူကို မှတ်မိသေးသလော။ ဆရာတော်ကပင် ထိုသူသည် ခရစ်တော်ဖြစ်ကြောင်း သက်သေခံပေးခဲ့ပါ၏။ ယခု သူသည် နှစ်ခြင်းမင်္ဂလာပေးလျက်နေပါ၏။ လူအပေါင်းတို့သည် ကျွန်ုပ်တို့ထံမလာဘဲ ထိုသူထံသို့ သွားကြပါသည်” ဟု ဆိုကြ၏။
ထိုအရှင်ကို ယုံကြည်သောသူရှိသမျှတို့သည် မောရှေ၏ပညတ်တရားအရ မလွှတ်နိုင်သောအပြစ်များမှ လွတ်ခွင့်ရသည်ကိုလည်းကောင်း သင်တို့သိမှတ်ကြလော့။
ဘုရားသခင်သည် ယေရှုခရစ်တော်အား အပြစ်ဖြေရာယဇ်အဖြစ် သတ်မှတ်တော်မူ၏။ ယေရှုအသွေးသွန်း၍ အသေခံတော်မူခြင်းကို ယုံကြည်သောသူတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြ၏။ ဘုရားသခင်သည် ခရစ်တော်ကို ယဇ်အဖြစ် သတ်မှတ်တော်မူရခြင်းမှာ မိမိ၏ဖြောင့်မတ်ခြင်းကို ပြသရန်ဖြစ်၏။ ထိုသို့ ဘုရားသခင်သည် သည်းခံတော်မူ၍ လူတို့ကျူးလွန်ခဲ့သောအပြစ်များကို ပြစ်ဒဏ်မပေးဘဲနေတော်မူ၏။
ထိုအရှင်သည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အသေခံရန် အပ်နှံခြင်းကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရစေရန်လည်း ရှင်ပြန်ထမြောက်တော်မူခဲ့၏။
အပြစ်သည် လူတစ်ဦးကြောင့် ကမ္ဘာလောကသို့ ဝင်လာခဲ့၏။ အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြရ၏။
သို့ရာတွင် အာဒံ၏အပြစ်နှင့် ဘုရားသခင်၏ ဆုကျေးဇူးသည် အလွန်ကွာခြား၏။ ဤလူတစ်ဦးဖြစ်သော အာဒံ၏ အပြစ်ကြောင့် လူများစွာသည် သေကြရ၏။ သို့သော် အခြားသူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် လူများစွာက ရရှိသောဘုရားသခင်၏ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းဟူသည့်လက်ဆောင်သည် ပို၍ ကြီးမား၏။
လူတစ်ဦး၏ မနာခံခြင်းကြောင့် လူများစွာတို့သည် အပြစ်သားများအဖြစ် သတ်မှတ်ခြင်းခံကြရသကဲ့သို့ လူတစ်ဦး၏ နာခံခြင်းကြောင့် လူများစွာတို့သည် ဖြောင့်မတ်သူများအဖြစ် သတ်မှတ်ခြင်းခံကြရ၏။
သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။
လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသကဲ့သို့ လူအပေါင်းတို့သည် ခရစ်တော်ကြောင့် အသက်ပြန်ရှင်ခြင်းအခွင့်ကို ရကြလိမ့်မည်။
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယေရှုခရစ်တော်သည် လောကီသားများအတွက် အသက်စွန့်နိုင်ရန် ကောင်းကင်တမန်များထက် ယာယီနိမ့်ကျစေခြင်းကို ခံ၍ အသေခံရသောကြောင့် ဘုန်းအသရေနှင့် ဂုဏ်အသရေတို့ဖြင့် ချီးမြှောက်ခံရကြောင်း ကျွန်ုပ်တို့မြင်ကြရ၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။
သို့သော် သင်တို့မှာမူ သန့်ရှင်းသောအရှင်ထံမှ ဘိသိက်ပေးခြင်းခံရသဖြင့် သမ္မာတရားကို သိကြ၏။