သင်တို့သည် တစ်ပါးသူတို့၏ အပြစ်များကို ခွင့်လွှတ်လျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်လည်း သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။
ရောမ 5:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ပေးသနားတော်မူသော ဆုကျေးဇူးသည် အာဒံကျူးလွန်သောအပြစ်၏ရလဒ်နှင့် အလွန်ကွာခြား၏။ အဘယ်ကြောင့်ဆိုသော် အာဒံ၏အပြစ်သည် ပြစ်ဒဏ်ကိုသာ ကျခံစေပြီး ဘုရားသခင်ပေးသော ဆုကျေးဇူးမှာမူ ကျွန်ုပ်တို့၌ အပြစ်များစွာရှိသော်လည်း ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ကြောင်းသတ်မှတ်ခံရစေသောကြောင့်ဖြစ်၏။ Common Language Bible ဘုရားသခင်၏ဆုကျေးဇူးနှင့်လူတစ်ယောက် ၏အပြစ်ကွာခြား၏။ တစ်ဦးအပြစ်ကူးသော အခါပြစ်ဒဏ်စီရင်ချက်ချမှတ်ပါက အပြစ်များစွာကူးကြသောအခါ မထိုက် မတန်သော်လည်းအပြစ်မရှိဟုစီရင်ချက် မှတ်သတည်း။- Garrad Bible ၎င်း ပြင် တစ် ဦး၏ ပြစ် မှု အ ကျိုး ဆက် အ လိုက် နှင့် ဆု တော် တူ သည် မ ဟုတ်။ တစ် ဦး ကြောင့် ပြစ် ဒဏ် စီ ရင် ချက် သင့် ရောက် သည် မှန် က လွန် ကျူး မှု အ များ ကြောင့် တ ရား သေ လွှတ် ချက် ဆု ကျေး ဇူး တော် သက် ရောက် သ တည်း။ Judson Bible ထိုမှတစ်ပါး၊ လူတစ်ယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာ မတူ။ အကြောင်းမူကား၊ တရားစီရင်သောအရာမှာ၊ အပြစ်တစ်ခုကြောင့် ဒဏ်ခံစေဟု စီရင်၏။ ကျေးဇူးတော်အရာမှာ၊ အပြစ်များလျက်ပင် လွှတ်စေဟုစီရင်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဆုကျေးဇူးသည် တစ်ယောက်သောသူက အပြစ်ပြုသောကြောင့် ဖြစ်လာသည့်အရာကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား ကျူးလွန်သောအပြစ်တစ်ခုကြောင့်ဖြစ်လာသည့် တရားစီရင်ခြင်းသည် ပြစ်ဒဏ်စီရင်ခြင်းသို့ရောက်စေ၏။ သို့သော် ကျူးလွန်သောအပြစ်များစွာကြောင့်ဖြစ်လာသည့် ဆုကျေးဇူးမူကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းသို့ရောက်စေ၏။ |
သင်တို့သည် တစ်ပါးသူတို့၏ အပြစ်များကို ခွင့်လွှတ်လျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်လည်း သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
ကျွန်ုပ်တို့ကို သခင်ဘုရား တရားစီရင်တော်မူခြင်းမှာလည်း ကျွန်ုပ်တို့အား ဤလောကီသားတို့နှင့်အတူ ပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်၏။
ကျမ်းစာတွင် “ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက်” ဟူ၍ ရေးသားထား၏။ ထို့ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို လိုက်နာခြင်းကို အားကိုးသော သူတို့သည် ကျိန်ဆိုခြင်းကိုခံရ၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းသော်လည်း ပညတ်ချက်တစ်ခုကို မလိုက်နာလျှင် အလုံးစုံတို့ကို ချိုးဖောက်ရာရောက်သောကြောင့်ဖြစ်၏။