ယေရှုသည် သူတို့အား စူးစိုက်ကြည့်တော်မူ၍ “ဤအမှုကို လူမတတ်နိုင်ပါ။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
ရောမ 4:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ကတိထားတော်မူသမျှသောအရာတို့ကို ဘုရားသခင်တတ်စွမ်းနိုင်တော်မူသည်ဟု အပြည့်အဝယုံကြည်လေ၏။ Common Language Bible ဘုရားသခင်သည်မိမိကတိထားတော်မူသည့် အတိုင်းပြုတော်မူနိုင်ကြောင်းအာဗြဟံသည် အကြွင်းမဲ့ယုံကြည်၏။- Judson Bible ကတိထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ကတိပေးတော်မူသောအရာကို ဆောင်ရွက်နိုင်စွမ်းလည်းရှိသည်ဟု အပြည့်အဝယုံကြည်လေ၏။ |
ယေရှုသည် သူတို့အား စူးစိုက်ကြည့်တော်မူ၍ “ဤအမှုကို လူမတတ်နိုင်ပါ။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
အလွန်လေးစားရပါသော သော်ဖိလု… ဘုရားသခင်ဖြစ်စေတော်မူသည့်အတိုင်း ကျွန်ုပ်တို့၌ ဖြစ်လာခဲ့သော ဖြစ်ရပ်အကြောင်းအရာများကို လူများစွာတို့သည် ကြိုးစား၍ ရေးသားပြုစုခဲ့ကြပြီဖြစ်၏။
သင်သည် ထာဝရဘုရား မိန့်တော်မူသောအရာများ ပြည့်စုံမည်ဟု ယုံကြည်သောကြောင့် မင်္ဂလာရှိ၏” ဟု ကျယ်လောင်သောအသံဖြင့် ပြောဆို၏။
သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏ အစေခံကို အပြစ်တင်မည်နည်း။ ထိုအစေခံ၏ လုပ်ဆောင်မှုသည် ကျေနပ်ဖွယ်ဖြစ်သည်၊ မဖြစ်သည်ကို သူ၏ သခင်က ဆုံးဖြတ်လိမ့်မည်။ သူ၏ လုပ်ဆောင်မှုသည် ကျေနပ်ဖွယ် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့ကို ကူမနိုင်စွမ်းရှိတော်မူသောကြောင့် ဖြစ်၏။
တချို့က နေ့တစ်နေ့သည် အခြားသော နေ့တစ်နေ့ထက် ပို၍ မြင့်မြတ်သည်ဟု ယူဆပြီး တချို့ကမူ နေ့ရက်တိုင်းသည် အတူတူပင် ဖြစ်သည်ဟု ယူဆကြ၏။ မည်သို့ပင်ဖြစ်စေ လူတိုင်း မိမိတို့၏ ယူဆချက်အပေါ် အပြည့်အဝယုံကြည်မှု ရှိပါစေ။
သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ နတ်မင်းဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်အရာဖြစ်စေ၊ တန်ခိုးအာဏာများဖြစ်စေ၊ အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ မည်သည့်ဖန်ဆင်းခံကမျှ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ်တို့ကို ကွဲကွာစေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
ဘုရားသခင်သည် သင်တို့အတွက် ကျေးဇူးတော်တိုင်းကို ကြွယ်ဝစွာ ပေးသနားရန် တတ်နိုင်တော်မူ၏။ ဤသည်မှာ လိုအပ်သောအရာများကို အစဉ်ရရှိခြင်းအားဖြင့် သင်တို့သည် ကောင်းမှုတိုင်းတွင် ကူညီမစနိုင်ရန်ဖြစ်၏။
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
ဤလူအပေါင်းတို့သည် ယုံကြည်လျက် သေလွန်ကြ၏။ သူတို့သည် ဘုရားသခင်ကတိပြုတော်မူသည့်အရာများကို မရရှိခဲ့သော်လည်း အဝေးကပင် မြင်၍ ကြိုဆိုခဲ့ကြ၏။ သူတို့သည် ဤလောကတွင် ခေတ္တတည်းခိုသူများ၊ ဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။
ဘုရားသခင်သည် လူသေများကိုပင် ထမြောက်စေနိုင်ကြောင်း အာဗြဟံသည် ဆင်ခြင်သုံးသပ်ခဲ့၏။ ပုံဥပမာအားဖြင့် ဆိုရလျှင် ဣဇာက်ကို သေခြင်းမှ ပြန်လည်ရရှိခဲ့၏။