ငါသည် လာ၍ ထိုသူတို့ကို မဟောပြောခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် သူတို့၏အပြစ်များအတွက် ဆင်ခြေမပေးနိုင်တော့ပေ။
ရောမ 4:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်တရားကို မနာခံသောသူတို့သည် ပြစ်ဒဏ်ပေးခြင်းခံရ၏။ ပညတ်တရားမရှိလျှင်မူ ချိုးဖောက်စရာလည်း မရှိပေ။ Common Language Bible ပညတ်တရားသည်ဘုရားသခင်၏အမျက် တော်ကိုဖြစ်ပွားစေ၏။ သို့ရာတွင်တရား ဥပဒေမရှိလျှင်တရားဥပဒေကိုချိုး ဖောက်ခြင်းလည်းမရှိနိုင်။ Garrad Bible ပ ညတ် တ ရား မ ရှိ လျှင် လွန် ကျူး မှု မ ရှိ ဖြစ်၍ ပ ညတ် တ ရား အား ဖြင့် အ မျက် တော် ဒဏ် ဖြစ် ပွား ရ၏။ Judson Bible ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။- မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားသည် အမျက်တော်ကိုဖြစ်ပေါ်စေ၏။ သို့သော် ပညတ်တရားမရှိသောနေရာ၌ ဖောက်ဖျက်ကျူးလွန်မှုလည်းမရှိ။ |
ငါသည် လာ၍ ထိုသူတို့ကို မဟောပြောခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် သူတို့၏အပြစ်များအတွက် ဆင်ခြေမပေးနိုင်တော့ပေ။
သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်၏စကားကို နားမထောင်သောသူမှာမူ ထာဝရအသက်ကို မရဘဲ ဘုရားသခင်၏ အမျက်တော်သည်သာ ထိုသူအပေါ်၌ တည်နေမည်ဖြစ်၏” ဟု ဟောလေ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ဖြောင့်မတ်စေတော်မူကြောင်း ထိုသတင်းကောင်းက ဖော်ပြ၏။ ထိုသို့ဖြောင့်မတ်ရန် ယုံကြည်ခြင်းနှင့် စတင်၍ ယုံကြည်ခြင်းနှင့် အဆုံးသတ်၏။ ဤအရာသည် ကျမ်းစာ၌ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
ပညတ်တရားမပေါ်မီကပင် လူတို့သည် အပြစ်ကျူးလွန်ကြ၏။ သို့သော် ချိုးဖောက်စရာ ပညတ်တရားမရှိသေးသောကြောင့် ထိုကျူးလွန်ခြင်းကို အပြစ်ဟူ၍ မသတ်မှတ်ခဲ့ကြပေ။
ကျမ်းစာတွင် “ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက်” ဟူ၍ ရေးသားထား၏။ ထို့ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို လိုက်နာခြင်းကို အားကိုးသော သူတို့သည် ကျိန်ဆိုခြင်းကိုခံရ၏။
သို့ဖြစ်လျှင် ပညတ်တရားကို အဘယ်ကြောင့် ပေးထားသနည်း။ ပညတ်တရားကို ပေးထားရခြင်းမှာ အပြစ်၏ သဘောသဘာဝကို ဖော်ပြရန်ဖြစ်ပြီး ကတိတော်ကို ရရှိသော အမျိုးအနွယ် မပေါ်မီကာလတိုင်အောင် ထားရှိမည်ဖြစ်၏။ ဘုရားသခင်သည် ထိုပညတ်တရားကို ကောင်းကင်တမန်များဖြင့် ကြားဝင်စေ့စပ်သူ မောရှေထံမှတစ်ဆင့် ပေးအပ်တော်မူ၏။
အချည်းနှီးသော စကားများဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များကြောင့် မနာခံသောသူတို့အပေါ် ဘုရားသခင်၏ အမျက်တော် ကျရောက်၏။
ထိုသို့သောအကျင့်များကြောင့် ဘုရားသခင်၏အမျက်တော်သည် မနာခံသောသူတို့အပေါ် သက်ရောက်၏။
အပြစ်ကျူးလွန်သောသူသည် ပညတ်တရားကို ချိုးဖောက်၏။ အပြစ်ဟူသည်မှာ ပညတ်တရားကို ချိုးဖောက်ခြင်းဖြစ်၏။
ဘုရားသခင်ကို ဆန့်ကျင်သောလူမျိုးတို့ကို နှိမ်နင်းရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းမှ ထွက်၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကြီးမားသောအမျက်တော်ဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။