ငါ့ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မဟုတ်မမှန်ဘဲအမျိုးမျိုးစွပ်စွဲပြောဆိုခြင်းတို့ကို ခံရသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။
ရောမ 3:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် “ကောင်းကျိုးဖြစ်လာစေရန် မကောင်းမှုကို ပြုကြစို့” ဟု ဆို၍ မရနိုင်သလော။ လူတချို့သည် ထိုသို့ ကျွန်ုပ်တို့ပြောဆိုသည်ဟူ၍ ဆိုလျက် ကျွန်ုပ်တို့ကို အသရေဖျက်ကြ၏။ ထိုသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်ကြ၏။ Common Language Bible ``အကောင်းကိုဖြစ်ပွားစေရန်အဆိုးကိုငါ တို့ပြုကြကုန်အံ့'' ဟုဆိုရမည်လော။ ဤကဲ့ သို့ပင်ငါပြောဆိုသည်ဟူ၍လူအချို့က ပြစ်တင်စွပ်စွဲကာငါ့အားစော်ကားကြလေ ပြီ။ ထိုသူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်သည်အတိုင်းအမှန်ပင်ခံရကြ လိမ့်မည်။ Garrad Bible ကောင်း ကျိုး ရှိ စေ ရန် မ ကောင်း ပြု ကျင့် ကြ ကုန် အံ့ ဟု ငါ တို့ ဆို ကြောင်း အ ချို့ တို့ ကုန်း ချော လျက် စွဲ ဆို ကြ သည့် အ တိုင်း ပင် အ ဘယ် ကြောင့် မ ပြု အပ် သ နည်း ဟူ၍ လည်း ကောင်း၊ အောက် မေ့ သော သူ တို့ သည် အ ပြစ် စီ ရင် ခံ ထိုက် ၏။ Judson Bible ကောင်းသောအကျိုးရှိစေခြင်းငှာ မကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကို ကဲ့ရဲ့လျက်၊ ငါတို့စကားကို ပြန်ပြောသည်အတိုင်း ဆိုဦးမည်လော။ ထိုသို့ဆိုသောသူတို့သည် ကိုယ်အပြစ်ဒဏ်ကို ခံထိုက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း “ကောင်းကျိုးသက်ရောက်စေရန် မကောင်းသောအမှုကို ပြုကြကုန်စို့”ဟု ဆို၍မရနိုင်သလော။ လူအချို့တို့က ထိုကဲ့သို့ငါတို့ပြောဆိုနေသည်ဟုဆိုလျက် ငါတို့ကို စော်ကားပြောဆိုကြ၏။ ထိုသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်ကြ၏။ |
ငါ့ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မဟုတ်မမှန်ဘဲအမျိုးမျိုးစွပ်စွဲပြောဆိုခြင်းတို့ကို ခံရသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။
လူတို့အနေဖြင့် မိမိတို့မည်မျှအပြစ်များကြောင်း သိမြင်လာကြရန် ဘုရားသခင်သည် ပညတ်တရားကို ချမှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့ပို၍ အပြစ်ကျူးလွန်လေ ဘုရားသခင်၏ကျေးဇူးတော်သည် ပို၍ ကြွယ်ဝလေဖြစ်၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အံ့ဖွယ်ကျေးဇူးတော်ကို ပိုမို ခံစားနိုင်ရန် ဆက်၍ အပြစ်ကျူးလွန်နေရမည်လော။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ပညတ်တရား၏ လက်အောက်၌ မရှိတော့ဘဲ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ ရှိကြသောကြောင့် ဆက်၍ အပြစ်ကျူးလွန်နိုင်သည်ဟု ဆိုရမည်လော။ ထိုသို့ မဆိုရပေ။
သို့ဖြစ်လျှင် မည်သို့ဆိုမည်နည်း။ ပညတ်တရားသည် အပြစ်လော။ အပြစ်မဟုတ်။ အမှန်တွင်မူ ပညတ်တရားမရှိလျှင် အပြစ်ကို ကျွန်ုပ်သိမည်မဟုတ်။ ပညတ်တရားက “မတပ်မက်နှင့်” ဟု မဆိုထားလျှင် တပ်မက်ခြင်းသည် အပြစ်ဖြစ်ကြောင်းကို ကျွန်ုပ်သိမည်မဟုတ်။
သို့ဖြစ်၍ စာတန်၏ နောက်လိုက်တို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူများအဖြစ် အယောင်ဆောင်တတ်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ နောက်ဆုံးတွင် သူတို့သည် မိမိတို့ပြုသည့်လုပ်ဆောင်မှုနှင့် ထိုက်သင့်သော ပြစ်ဒဏ်ကို ခံရလိမ့်မည်။
ချီးမွမ်းခံရခြင်းနှင့် ကဲ့ရဲ့ခံရခြင်း၊ အကောင်းပြောခံရခြင်းနှင့် မကောင်းပြောခံရခြင်းအားဖြင့်လည်းကောင်း အရာရာတို့၌ ဘုရားသခင်၏ အစေခံများဖြစ်ကြောင်း ပေါ်လွင်စေကြ၏။ ကျွန်ုပ်တို့သည် လှည့်ဖြားသူများအဖြစ် သတ်မှတ်ခံရသော်လည်း ဖြောင့်မှန်သောသူများဖြစ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။