ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ည၌ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
ရောမ 3:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ ကျွန်ုပ်တို့၏ လိမ်လည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မှန်ခြင်းက ကိုယ်တော်၏ဘုန်းတော်ကို ပိုမိုပေါ်လွင်ထင်ရှားစေလျှင် အဘယ်ကြောင့် ကျွန်ုပ်တို့သည် အပြစ်ရှိသောသူအဖြစ် စီရင်ခံရသေးသနည်း။ Common Language Bible အကယ်၍ငါ၏သစ္စာမဲ့မှုသည်ဘုရားသခင် ၏သစ္စာတော်ကိုပိုမိုထင်ရှားစေသောအားဖြင့် ကိုယ်တော်၏ဂုဏ်အသရေတော်ကိုတောက်ပ စေသည်ဆိုပါက အဘယ်ကြောင့်ငါသည် အပြစ်ကူးသူအဖြစ်ဖြင့်အပြစ်ဒဏ်စီရင် ခြင်းကိုခံရသနည်း။- Garrad Bible ၎င်း ပြင် ငါ၏ သ စ္စာ ဖျက် မှု ကြောင့် ဘု ရား သ ခင်၏ ဘုန်း တော် ထင် ရှား စေ ခြင်း ငှါ၊ သ စ္စာ တော် ထွန်း ကား သည် မှန် က၊ ငါ သည် အပြစ် သား ကဲ့ သို့ အ ဘယ် ကြောင့် စီ ရင် ခံ ရ တော့ အံ့ နည်း ဟူ ၍ လည်း ကောင်း၊ Judson Bible ထိုမှတစ်ပါး ငါသည် သစ္စာပျက်သောအားဖြင့် ဘုရားသခင်၏ သစ္စာတော်သည် ဂုဏ်အသရေတော်ကို တိုးပွားစေလျှင်၊ ငါ့ကို အပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ၍ မေးပြန်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါ၏လိမ်လည်ခြင်းအားဖြင့် ဘုရားသခင်၏သမ္မာတရားသည် ကိုယ်တော်၏ဘုန်းအသရေတော်အဖြစ်သို့ တိုးပွားလျှင် ငါသည် အဘယ်ကြောင့် အပြစ်သားတစ်ဦးအဖြစ် စီရင်ခြင်းကိုခံရသေးသနည်း။ |
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ည၌ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
ဘုရားသခင်၏တိကျသောအကြံအစည်တော်အားဖြင့်လည်းကောင်း၊ ကြိုတင်သိမြင်သောဉာဏ်တော်အားဖြင့်လည်းကောင်း သင်တို့လက်၌ အပ်နှံခံရသောဤယေရှုကို သင်တို့သည် တရားမဲ့သောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။
လုံးဝ မပျက်ပြယ်စေနိုင်ပါ။ “ကိုယ်တော်မိန့်တော်မူသော စကားတော်အားဖြင့် ကိုယ်တော်သည် မှန်ကန်ကြောင်း သက်သေခိုင်လုံလိမ့်မည်။ တရားရင်ဆိုင်ရလျှင်လည်း အနိုင်ရတော်မူလိမ့်မည်” ဟု ကျမ်းစာ၌ ရေးသားထားသည်နှင့်အညီ လူအပေါင်းတို့သည် လိမ်လည်သောသူများဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်သောအရှင်ဖြစ်တော်မူပါစေသော။