Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 3:7 - Common Language Bible

7 အ​ကယ်​၍​ငါ​၏​သစ္စာ​မဲ့​မှု​သည်​ဘု​ရား​သ​ခင် ၏​သစ္စာ​တော်​ကို​ပို​မို​ထင်​ရှား​စေ​သော​အား​ဖြင့် ကိုယ်​တော်​၏​ဂုဏ်​အ​သ​ရေ​တော်​ကို​တောက်​ပ စေ​သည်​ဆို​ပါ​က အ​ဘယ်​ကြောင့်​ငါ​သည် အ​ပြစ်​ကူး​သူ​အ​ဖြစ်​ဖြင့်​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​ကို​ခံ​ရ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ၎င်း ပြင် ငါ၏ သ စ္စာ ဖျက် မှု ကြောင့် ဘု ရား သ ခင်၏ ဘုန်း တော် ထင် ရှား စေ ခြင်း ငှါ၊ သ စ္စာ တော် ထွန်း ကား သည် မှန် က၊ ငါ သည် အပြစ် သား ကဲ့ သို့ အ ဘယ် ကြောင့် စီ ရင် ခံ ရ တော့ အံ့ နည်း ဟူ ၍ လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​မှ​တစ်​ပါး ငါ​သည် သ​စ္စာ​ပျက်​သော​အား​ဖြင့် ဘု​ရား​သ​ခင်၏ သ​စ္စာ​တော်​သည် ဂုဏ်​အ​သ​ရေ​တော်​ကို တိုး​ပွား​စေ​လျှင်၊ ငါ့​ကို အ​ပြစ်​ရှိ​သော​သူ​ကဲ့​သို့ အ​ဘယ်​ကြောင့် စီ​ရင်​သေး​သ​နည်း​ဟူ၍ မေး​ပြန်​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သို့သော် ငါ​၏​လိမ်လည်​ခြင်း​အားဖြင့် ဘုရားသခင်​၏​သမ္မာတရား​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​အဖြစ်​သို့ တိုးပွား​လျှင် ငါ​သည် အဘယ်ကြောင့် အပြစ်သား​တစ်ဦး​အဖြစ် စီရင်​ခြင်း​ကို​ခံရ​သေး​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 အကယ်၍ ကျွန်ုပ်တို့​၏ လိမ်လည်ခြင်း​အားဖြင့် ဘုရားသခင်​၏ ဖြောင့်မှန်ခြင်း​က ကိုယ်တော်​၏​ဘုန်းတော်​ကို ပိုမို​ပေါ်လွင်​ထင်ရှားစေ​လျှင် အဘယ်ကြောင့် ကျွန်ုပ်တို့​သည် အပြစ်​ရှိသောသူ​အဖြစ် စီရင်ခံရ​သေးသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 3:7
17 ပူးပေါင်းရင်းမြစ်များ  

လာ​ကြ၊ သူ့​ကို​သတ်​၍​တွင်း​တစ်​တွင်း​ထဲ​သို့ သူ့​အ​လောင်း​ကို​ပစ်​လိုက်​ကြ​စို့။ သူ့​ကို​သား​ရဲ တိ​ရစ္ဆာန်​တစ်​ကောင်​က​ကိုက်​သတ်​ပြီ​ဟု​ဖ​ခင် အား​ပြော​ကြ​မည်။ ထို​အ​ခါ​ကျ​မှ​သူ​၏ အိပ်​မက်​အ​တိုင်း​တ​ကယ်​ဖြစ်​မ​ဖြစ်​ကို​သိ ရ​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။


ထို​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့ ၏​လက်​မှ​ကယ်​တင်​တော်​မူ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အီ​ဂျစ်​အ​မျိုး​သား​တို့ ၏​အ​လောင်း​များ​ကို​ပင်​လယ်​ကမ်း​ပေါ်​၌ အ​တုံး​အ​ရုံး​ရှိ​သည်​ကို​တွေ့​မြင်​ကြ လေ​၏။-


အီ​ဂျစ်​ဘု​ရင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ပြေး​ကုန်​ကြ​ပြီ​ဖြစ်​ကြောင်း​ကြား​သိ​ရ သော​အ​ခါ သူ​နှင့်​သူ​၏​မှူး​မတ်​တို့​သည်​စိတ် သ​ဘော​ထား​ပြောင်း​လဲ​၍``ငါ​တို့​သည်​ငါ​တို့ ၏​အ​စေ​ခံ​ကျွန်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို လွတ်​မြောက်​ထွက်​ပြေး​သွား​စေ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-


အီ​ဂျစ်​ဘု​ရင်​သည်၊ အင်​အား​ကြီး​မား​သော လက်​တော်​ဖြင့်​တိုက်​တွန်း​ခြင်း​မ​ပြု​လျှင် သင် တို့​အား​သွား​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​ငါ သိ​၏။-


သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား၊ ယ​နေ့​ည​၌​ပင်​ကြက်​မ​တွန်​မီ​သင် သည်​ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ဆို လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။


ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရည်​ရွယ်​ပြ​ဋ္ဌာန်း​ချက် နှင့်​အ​ညီ သ​ခင်​ယေ​ရှု​ကို​ရန်​သူ​လက်​သို့​ပေး အပ်​တော်​မူ​၏။ သင်​တို့​သည်​အ​ပြစ်​ကူး​သူ​တို့ လက်​ဖြင့် ထို​အ​ရှင်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ခဲ့​ကြ​၏။-


မည်​သည့်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဆို​နိုင်။ လူ​တိုင်း ပင်​လိမ်​လည်​ကြ​စေ​ကာ​မူ​ဘု​ရား​သ​ခင်​မူ ကား က​တိ​သစ္စာ​တည်​တော်​မူ​မည်​သာ​ဖြစ်​၏။ ကျမ်း​စာ​တော်​က၊ ``ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​သည် မှန်​ကန်​ရ​မည်။ တ​ရား​ဆိုင်​တော်​မူ​ရ​လျှင်​လည်း​ကိုယ်​တော် သာ​လျှင် အ​နိုင်​ရ​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ