ဆိုးညစ်သောကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်း၊ စော်ကားပြောဆိုခြင်း စသည်တို့သည် စိတ်နှလုံးမှ ထွက်လာ၏။
ရောမ 3:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ ဖော်ပြထားသည်မှာ “ဖြောင့်မတ်သောသူမရှိ။ တစ်ယောက်မျှပင် မရှိ။ Common Language Bible ကျမ်းစာတော်တွင်၊``ဖြောင့်မတ်သူဟူ၍ တစ်ယောက်မျှမရှိ။ Garrad Bible ကျမ်း အ ဆို မှာ လည်း ဖြောင့် မတ် သူ တစ် ဦး တစ် ယောက် မျှ မ ရှိ။ Judson Bible ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား “ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။ |
ဆိုးညစ်သောကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်း၊ စော်ကားပြောဆိုခြင်း စသည်တို့သည် စိတ်နှလုံးမှ ထွက်လာ၏။
ယေရှုက “ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ဘုရားသခင်မှတစ်ပါး မည်သူမျှ မကောင်းမြတ်ပါ။
ကျမ်းစာ၌ “ဘုရားသခင်သည် သူတို့၏ စိတ်ကို ထိုင်းမှိုင်းစေတော်မူ၏။ ယနေ့ထိတိုင် သူတို့၏ မျက်စိကို မမြင်စေရန်၊ သူတို့၏ နားကို မကြားစေရန် ဘုရားသခင် ပြုတော်မူ၏” ဟု ရေးသားထား၏။
လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် ဘုရားသခင်၏ ဘုန်းကြီးသောစံနှုန်းကို မမီနိုင်ကြ။
လုံးဝ မပျက်ပြယ်စေနိုင်ပါ။ “ကိုယ်တော်မိန့်တော်မူသော စကားတော်အားဖြင့် ကိုယ်တော်သည် မှန်ကန်ကြောင်း သက်သေခိုင်လုံလိမ့်မည်။ တရားရင်ဆိုင်ရလျှင်လည်း အနိုင်ရတော်မူလိမ့်မည်” ဟု ကျမ်းစာ၌ ရေးသားထားသည်နှင့်အညီ လူအပေါင်းတို့သည် လိမ်လည်သောသူများဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်သောအရှင်ဖြစ်တော်မူပါစေသော။
တစ်ချိန်က ကျွန်ုပ်တို့သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့၌ ကျွန်ခံသူ၊ ဆိုးညစ်သောစိတ်နှင့် မနာလိုသောစိတ်တို့ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်းကို ခံရသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် သန့်ရှင်းသည်ဖြစ်၍ သင်တို့သည်လည်း သန့်ရှင်းကြလော့” ဟု ရေးထားသောကြောင့်ဖြစ်၏။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။
မြို့ပြင်တွင်မူ ခွေးဖြစ်သောသူများ၊ ပြုစားသောသူများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ခြင်းကို နှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ ရှိကြ၏။