လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ရောမ 2:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့၏ အကျင့်နှင့်အညီ အကျိုးအပြစ်ကို စီရင်တော်မူလိမ့်မည်။ Common Language Bible ထိုနေ့ရက်၌ကိုယ်တော်သည်လူအသီးသီး တို့အား မိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလတ္တံ့။- Garrad Bible ကိုယ် တော် သည် လူ အ သီး အ သီး အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ သည် မှာ တည် ကြည် စွာ သု စ ရိုက် ပြု လျက်၊ Judson Bible ဘုရားသခင်သည် လူအသီးအသီးတို့အား မိမိတို့ အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့၊- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။ |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
သင်ပြုသောအမှုကိစ္စနှင့်ပတ်သက်၍ အမှားမရှိဟု သင်ယုံကြည်လျှင်လည်း ထိုယုံကြည်ခြင်းကို သင်နှင့် ဘုရားသခင်အကြား၌သာ ရှိစေလော့။ မိမိမှန်သည်ဟု လက်ခံထားသည့်အမှုကိစ္စကို ပြုလုပ်ခြင်းအတွက် အပြစ်မရှိဟု ခံစားရသောသူသည် မင်္ဂလာရှိ၏။
မျိုးစေ့စိုက်သူနှင့် ရေလောင်းသူတို့သည် တူညီသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ကြပြီး မိမိတို့၏ ကြိုးပမ်းအားထုတ်မှုနှင့်အညီ ဆုလာဘ်ကို ရရှိကြလိမ့်မည်။
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
သို့ဖြစ်၍ စာတန်၏ နောက်လိုက်တို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူများအဖြစ် အယောင်ဆောင်တတ်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ နောက်ဆုံးတွင် သူတို့သည် မိမိတို့ပြုသည့်လုပ်ဆောင်မှုနှင့် ထိုက်သင့်သော ပြစ်ဒဏ်ကို ခံရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ခန္ဓာ၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသောအမှုအတွက်ဖြစ်စေ၊ မကောင်းသောအမှုအတွက်ဖြစ်စေ ထိုက်သင့်ရာအကျိုးအပြစ် အသီးသီးကို ခံစားရန် ခရစ်တော်၏ တရားပလ္လင်ရှေ့မှောက်သို့ ရောက်ရှိလာကြရမည်ဖြစ်သောကြောင့်ဖြစ်၏။
ပန်းတဉ်းဆရာ အလက်ဇန်းဒါးသည် ကျွန်ုပ်ကို အလွန်ဆိုးရွားစွာ ပြုခဲ့၏။ သူပြုခဲ့သည့် အပြုအမူများအတွက် သခင်ဘုရားစီရင်တော်မူလိမ့်မည်။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။
သေလွန်သောသူ အကြီးအငယ်တို့သည် ရာဇပလ္လင်တော်ရှေ့၌ ရပ်နေကြသည်ကို ကျွန်ုပ်မြင်ရ၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်ဖြစ်သော အခြားစာစောင်တစ်စောင်ကိုလည်း ဖွင့်ထား၏။ သေလွန်သောသူတို့သည် စာစောင်ထဲတွင် မှတ်တမ်းတင်ထားသည့်အတိုင်း မိမိတို့အကျင့်နှင့်အညီ တရားစီရင်ခံရ၏။
ယေရှုက “ကြည့်လော့။ ငါသည် မကြာမီလာမည်။ ငါသည် ဆုလာဘ်နှင့် ပြစ်ဒဏ်ကို ယူဆောင်လာပြီး လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ငါပေးဆပ်မည်။