ဖာရိရှဲသည် တစ်ဦးတည်း ရပ်လျက် ‘ဘုရားသခင်… အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လှည့်ဖြားသူ၊ မတရားသောသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်သောကြောင့် ကျေးဇူးတင်ပါ၏။ ထို့ပြင် ဤအခွန်ကောက်သူကဲ့သို့ မဟုတ်သည့်အတွက်လည်း ကျေးဇူးတင်ပါ၏။
ရောမ 2:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် ပညတ်တရားကို သိသည်ဟူ၍ အလွန်ကြွားဝါလျက်နှင့် ထိုတရားကို ချိုးဖောက်ခြင်းအားဖြင့် ဘုရားသခင်ကို မရိုမသေပြုသလော။ Common Language Bible သင်သည်ပညတ်တရားကိုအမှီပြု၍ဂုဏ် ယူဝါကြွားပါလျက် အဘယ်ကြောင့်ထိုပညတ် တရားကိုချိုးဖောက်ခြင်းအားဖြင့် ဘုရား သခင်၏အသရေတော်ကိုဖျက်နေပါသနည်း။- Garrad Bible ပ ညတ် တ ရား ကြောင့် ဝါ ကြွား သော သင် ကား ထို ပ ညတ် တ ရား ကို ကျူး လွန် သ ဖြင့် ဘု ရား သ ခင့် နာ မ တော် ကို ရှုတ် ချ ရက် လေ စွ။ Judson Bible ပညတ်တရားတော်ကိုအမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချသလော။- မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရား၌ဝါကြွားလျက်ပင် သင်ကိုယ်တိုင်ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်ခြင်းဖြင့် ဘုရားသခင်ကိုမထီလေးစားပြုရသလော။ |
ဖာရိရှဲသည် တစ်ဦးတည်း ရပ်လျက် ‘ဘုရားသခင်… အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လှည့်ဖြားသူ၊ မတရားသောသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်သောကြောင့် ကျေးဇူးတင်ပါ၏။ ထို့ပြင် ဤအခွန်ကောက်သူကဲ့သို့ မဟုတ်သည့်အတွက်လည်း ကျေးဇူးတင်ပါ၏။
ခမည်းတော် ရှေ့မှောက်တွင် ငါသည် သင်တို့အား ပြစ်တင်စွပ်စွဲလိမ့်မည်ဟု မထင်ကြနှင့်။ သင်တို့ကို ပြစ်တင်စွပ်စွဲမည့်သူမှာ သင်တို့ ကိုးစားသော မောရှေပင်ဖြစ်၏။
သင်သည် မိမိကိုယ်ကိုယ် ဂျူးလူမျိုးဟု ဆို၍ ဘုရားသခင်၏ပညတ်တရားကို အမှီပြုလျက် ဘုရားသခင်နှင့် သင်၏ဆက်နွယ်မှုကို ကြွားဝါ၏။
စင်စစ် အဘက်ဘက်၌ အကျိုးများစွာရှိ၏။ ဦးစွာ ဂျူးလူမျိုးတို့သည် ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံယူရရှိကြ၏။
သို့ဖြစ်လျှင် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းအတွက် ကြွားဝါစရာရှိသလော။ မရှိပါ။ ထိုကြွားဝါစရာသည် ဖယ်ရှားခံရပြီ။ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ ပညတ်တရားကို လိုက်နာကျင့်သုံးသောကြောင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်သောကြောင့်သာ ဖြစ်၏။
သူတို့သည် ဘုရားသခင်၏ သားသမီးအဖြစ် ရွေးချယ်ခြင်းခံရသော အစ္စရေးလူမျိုးများ ဖြစ်ကြ၏။ ဘုရားသခင်သည် မိမိ၏ဘုန်းအသရေတော်ကို သူတို့အား ဖော်ပြတော်မူ၏။ သူတို့နှင့် ပဋိညာဉ်များဖွဲ့၍ ပညတ်တရားကိုလည်း ပေးတော်မူ၏။ ကိုးကွယ်ရမည့်နည်းနှင့် မိမိ၏ကတိတော်များကို သူတို့အား ပေးတော်မူ၏။