သို့ရာတွင် ယေရှုက “ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်။
ရောမ 2:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတစ်ပါးသားမယားကို မပြစ်မှားရန် တားမြစ်လျက်နှင့် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုများကို ရွံမုန်းလျက်နှင့် ၎င်းတို့၏ ဗိမာန်များကို ကိုယ်တိုင်လုယက်သလော။ Common Language Bible သင်သည်အခြားသူတို့အားသူတစ်ပါး၏ အိမ်ရာကိုမပြစ်မှားရန်တားမြစ်ပါလျက် အဘယ်ကြောင့်သင်ကိုယ်တိုင်ပြစ်မှားပါ သနည်း။ သင်သည်ရုပ်တုကိုရွံရှာပါလျက် အဘယ်ကြောင့် သင်ကိုယ်တိုင်ရုပ်တုတည်ရာ ဗိမာန်ကိုလုယက်ပါသနည်း။- Garrad Bible သူ့ သား အိမ် ရာ ကို မ ပြစ် မှား ရ ဟု ဆို လျက် ကိုယ် တိုင် ပြစ် မှား သ လော။ ရုပ် ပွား ဆင်း တု ကို ရွံ ရှာ လျက် ၎င်း ကျောင်း များ ကို လု ရက် သ လော။ Judson Bible သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုကိုစက်ဆုပ်ရွံရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။- မြန်မာ့စံမီသမ္မာကျမ်း အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရဟုဆိုလျက်ပင် သင်ကိုယ်တိုင်ကျူးလွန်ရသလော။ ရုပ်တုများကိုရွံရှာလျက်ပင် ၎င်းတို့၏ဗိမာန်များကို သင်ကိုယ်တိုင်ဖောက်ထွင်းလုယူရသလော။ |
သို့ရာတွင် ယေရှုက “ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်။
ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ကြွတော်မူ၏။
ကိုယ်တော်က “ကျမ်းစာတွင် ‘ငါ၏ အိမ်တော်သည် လူမျိုးအပေါင်းတို့၏ ဆုတောင်းရာအိမ်တော်ဟု ခေါ်ဆိုရမည်’ ဟူ၍ ရေးသားထားသော်လည်း သင်တို့သည် အိမ်တော်ကို ဓားပြစခန်းဖြစ်စေကြပြီ” ဟု သူတို့အား သွန်သင်လျက် မိန့်တော်မူ၏။
ဤနေရာသို့ သင်တို့ ခေါ်ဆောင်လာသောသူများသည် ဗိမာန်တော်ထဲသို့ ဝင်၍ လုယက်သူများမဟုတ်သကဲ့သို့ ကျွန်ုပ်တို့နတ်ဘုရားမ၏ဂုဏ်အသရေကို ရှုတ်ချသူများလည်းမဟုတ်ကြပါ။
သူတစ်ပါးကို ချစ်ခင်ဟန် မဆောင်နှင့်။ စစ်မှန်စွာ ချစ်လော့။ မကောင်းမှုကို မုန်းတီး၍ ကောင်းမှုကို စွဲလမ်းကြလော့။
သစ္စာမရှိသောသူတို့… လောကနှင့်မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောကနှင့် မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။