ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်ဘက်တော်သားများနှင့်တကွ ယေရှုထံတော်သို့ စေလွှတ်၍ “ဆရာတော်… ဆရာတော်သည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘက်မလိုက်တတ်ကြောင်း အကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်သည် လူ့မျက်နှာကို မထောက်ဘဲ ဘုရားသခင်၏တရားလမ်းအား မှန်ကန်စွာ သွန်သင်တတ်ပါ၏။