ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက် တိမောသေမှစ၍ ကျွန်ုပ်၏အမျိုးသားချင်းဖြစ်ကြသော လုကိ၊ ယာသုန်၊ သောသိပရုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ရောမ 16:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်၏ အမှုတော်ကို ဆောင်ရွက်သည့် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ဥရဗန်နှင့် ကျွန်ုပ်ချစ်သောမိတ်ဆွေ သတာခုကို နှုတ်ဆက်ပေးကြလော့။ Common Language Bible ခရစ်တော်၏အမှုတော်ကိုဆောင်ရွက်ရာတွင်ငါ၏ လုပ်ဖော်ဆောင်ဘက်ဖြစ်သူဥရဗန်နှင့်ငါ၏ရင်းနှီး သောမိတ်ဆွေ သတာခုကိုနှုတ်ဆက်ကြလော့။- Garrad Bible ခ ရစ် တော်၌ ငါ တို့ လုပ် ဘော် ဆောင် ဘက် ဖြစ် သူ ဥ ရ ဗန် နှင့် ငါ့ ချစ် ဆွေ သေ တာ ခု တို့ ကို နှုတ် ဆက် ကြ လော့။ Judson Bible ငါတို့နှင့်အတူ ခရစ်တော်၏အမှုကိုဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သားသတာခုကို နှုတ်ဆက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်၌ ငါတို့၏လုပ်ဖော်ဆောင်ဖက်ဥရဗန်နှင့် ငါချစ်သောသတာခုတို့ကို နှုတ်ဆက်ပေးကြလော့။ |
ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက် တိမောသေမှစ၍ ကျွန်ုပ်၏အမျိုးသားချင်းဖြစ်ကြသော လုကိ၊ ယာသုန်၊ သောသိပရုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ကျွန်ုပ်နှင့်အတူ အကျဉ်းချခံခဲ့ဖူးသည့် ကျွန်ုပ်၏အမျိုးသားချင်းဖြစ်သော အန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ပေးကြလော့။ ထိုသူတို့သည် တမန်တော်ထဲ၌ အလွန်ထင်ပေါ်သောသူများဖြစ်ကြ၏။ ကျွန်ုပ်ထက်စော၍ ခရစ်တော်ကို ယုံကြည်လက်ခံလာသူများလည်း ဖြစ်ကြ၏။
ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသော ထိုဝိညာဉ်တော်အားဖြင့် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကိုပင် ရှင်စေတော်မူလိမ့်မည်။
လွန်ခဲ့သောဆယ့်လေးနှစ်က တတိယကောင်းကင်ဘုံသို့ ချီဆောင်ခံရသည့် ခရစ်တော်၏ တပည့်တစ်ယောက်ကို ကျွန်ုပ်သိ၏။ သူသည် ကိုယ်ခန္ဓာပါလျက် ချီဆောင်ခံရသလော၊ မပါဘဲချီဆောင်ခံရသလော ကျွန်ုပ်မသိ။ ဘုရားသခင်သာ သိတော်မူ၏။
မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
ထိုအချိန်တွင် ခရစ်တော်ကို ယုံကြည်သော ယုဒပြည်ရှိ အသင်းတော်ဝင်များသည် ကျွန်ုပ်နှင့် လူချင်း မတွေ့ဆုံကြသေးပေ။
သို့သော် ဤအတောအတွင်း ဧပဖြောဒိတ်ကို သင်တို့ထံသို့ ပြန်လည်စေလွှတ်သင့်သည်ဟု ကျွန်ုပ်ထင်မြင်ယူဆ၏။ သူသည် ကျွန်ုပ်၏လိုအပ်ချက်များကို ကူညီဖြည့်ဆည်းရန် သင်တို့စေလွှတ်လိုက်သော သင်တို့၏တမန်၊ ကျွန်ုပ်၏ညီ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်ဖြစ်၏။