အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 16:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သင်တို့​အတွက် အလုပ်​အလွန်​ကြိုးစားသော မာရိ​ကို နှုတ်ဆက်ပေးကြလော့။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​အ​တွက်​အ​လုပ်​ကို​ကြိုး​စား​လုပ်​ဆောင်​သူ မာ​ရိ​ကို​နှုတ်​ဆက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ အ ဘို့ များ စွာ ကြိုး စား အား ထုတ် ခဲ့ သော မာ ရိ ကို နှုတ် ဆက် ကြ လော့။

အခန်းကိုကြည့်ပါ။

Judson Bible

ငါ​တို့​အ​မှု​ကို ကြိုး​စား၍ ဆောင်​ရွက်​သော မာ​ရိ​ကို နှုတ်​ဆက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​အတွက် အလွန်​ကြိုးစား​လုပ်ဆောင်​ခဲ့​သူ မာရိ​ကို နှုတ်ဆက်​ပေး​ကြ​လော့။

အခန်းကိုကြည့်ပါ။



ရော​မ 16:6
7 ပူးပေါင်းရင်းမြစ်များ  

ယေရှု​ကို အလုပ်အကျွေးပြု​ရန် ဂါလိလဲပြည်​မှ အတူပါလာကြသည့် အမျိုးသမီး​များစွာတို့​သည်လည်း အဝေး​က ရပ်​လျက် စောင့်ကြည့်နေကြ၏။


ထို့ပြင် သင်တို့​၏ မိတ်ဆွေများ​ကိုသာ နှုတ်ဆက်​လျှင် အခြားသူများ​နှင့် မည်သို့​ခြားနားမှု​ရှိမည်နည်း။ ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​ပင် ထိုသို့​ပြုကြသည် မဟုတ်လော။


သခင်ဘုရား​၏ အမှုတော်​ကို ကြိုးစား​လုပ်ဆောင်ကြသည့် အမျိုးသမီးများ​ဖြစ်သော တရုဖဲန​နှင့် တရုဖောသ​ကို​လည်းကောင်း၊ အလုပ်​အလွန်​ကြိုးစားသည့် ချစ်သော ပေရသိ​ကို​လည်းကောင်း နှုတ်ဆက်ပေးကြလော့။


သူတို့​အိမ်​၌ စုဝေးကြသည့် အသင်းတော်​ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်​တွင် ပထမဦးဆုံး ခရစ်တော်​ကို ယုံကြည်​လက်ခံသူ​ဖြစ်သည့် ကျွန်ုပ်​ချစ်သော ဧပဲနက်​ကို နှုတ်ဆက်ပေးကြလော့။


ကျွန်ုပ်​နှင့်အတူ အကျဉ်း​ချခံခဲ့ဖူးသည့် ကျွန်ုပ်​၏​အမျိုးသားချင်း​ဖြစ်သော အန္ဒြောနိတ်​နှင့် ယုနိ​ကို နှုတ်ဆက်ပေးကြလော့။ ထို​သူတို့​သည် တမန်တော်​ထဲ၌ အလွန်​ထင်ပေါ်သော​သူများ​ဖြစ်ကြ၏။ ကျွန်ုပ်​ထက်​စော​၍ ခရစ်တော်​ကို ယုံကြည်​လက်ခံလာသူများ​လည်း ဖြစ်ကြ၏။


ညီအစ်ကို​မောင်နှမ​တို့… ကျွန်ုပ်တို့ တိုက်တွန်း​လို၏။ သင်တို့​အထဲ​တွင် အမှုတော်​ကို ကြိုးစား​ဆောင်ရွက်​၍ ဝိညာဉ်​ရေးရာ​၌ ဦးဆောင်ပြီး သင်တို့​ကို သတိပေး​ဆုံးမ​သွန်သင်နေသော​သူများ​ကို ရိုသေလေးစားကြလော့။


သူ​သည် မိမိ​သားသမီးများ​ကို ပြုစု​ပျိုးထောင်ခြင်း၊ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုခြင်း၊ ယုံကြည်သူများ​၏​ခြေ​ကို ဆေးခြင်း၊ ဆင်းရဲဒုက္ခ​ကြုံတွေ့နေသူများ​ကို ကူညီခြင်း၊ အမျိုးမျိုးသော​ကောင်းမှုများ​ကို အားထုတ်​လုပ်ဆောင်ခြင်း စသည့် ကောင်းမှု​ကုသိုလ်များ​ကြောင့် နာမည်ကောင်းရသူ​ဖြစ်ရမည်။