သို့ဖြစ်၍ အသင်းတော်၌ ငြိမ်းချမ်းစွာ နေစေရန်နှင့် အပြန်အလှန်ဆောက်တည်ဖွယ်ဖြစ်စေရန် ကြိုးပမ်းကြပါစို့။
ရောမ 15:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ်နှင့်သက်ဆိုင်သောသူကို တည်ဆောက်ပျိုးထောင်ရာတွင် သူ၏အကျိုးကို ထောက်၍ သူ့ကို စိတ်ကျေနပ်စေရမည်။ Common Language Bible ငါတို့ရှိသမျှသည်ယုံကြည်ခြင်းမခိုင်မာသေး သောညီအစ်ကိုများ၏ယုံကြည်ခြင်းခိုင်မာလာ စေရန် သူတို့၏အကျိုးကိုထောက်၍သူတို့၏ အလိုကိုလိုက်သင့်၏။- Garrad Bible အ ပေါင်း အ ဖော်၌ ဆောက် တည် ခြင်း ကောင်း ကျိုး ရှိ စေ ရန် သူ့ စိတ် တွေ့ တိုင်း ပြု ကြ ကုန် အံ့။ Judson Bible ထိုသို့ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သော သူ၏အကျိုးကို ထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏အလိုသို့ လိုက်ကြကုန်အံ့။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့အသီးသီးသည် မိမိဝန်းကျင်၌ရှိသောသူကိုတည်ဆောက်မြှင့်တင်ပေးရန် သူ၏ကောင်းကျိုးကိုထောက်၍ သူ့ကိုနှစ်သက်စေရမည်။ |
သို့ဖြစ်၍ အသင်းတော်၌ ငြိမ်းချမ်းစွာ နေစေရန်နှင့် အပြန်အလှန်ဆောက်တည်ဖွယ်ဖြစ်စေရန် ကြိုးပမ်းကြပါစို့။
သင်တို့က “ငါ၌ မည်သည့်အရာကိုမဆို လုပ်ပိုင်ခွင့်ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာတိုင်းသည် သင်တို့အတွက် ကောင်းသည်မဟုတ်။ သင်တို့က “ငါ၌ မည်သည့်အရာကိုမဆို လုပ်ပိုင်ခွင့်ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာအားလုံးသည် အကျိုးရှိစေသည်မဟုတ်။
မရိုင်းစိုင်းတတ်။ ကိုယ်ကျိုးကို မရှာတတ်။ ဒေါသမထွက်တတ်။ သူတစ်ပါး၏ အပြစ်ကို မှတ်မထားတတ်။
သို့ဖြစ်လျှင် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ သင်တို့စုဝေးကြသောအခါ တစ်ဦး က ဓမ္မသီချင်းဆိုခြင်း၊ တစ်ဦးက သင်ကြားခြင်း၊ တစ်ဦးက ဗျာဒိတ်တော်ကို ဖွင့်ပြခြင်း၊ တစ်ဦးက အခြားဘာသာစကားကို ပြောခြင်းနှင့် တစ်ဦးက ထိုဘာသာစကားကို အနက်ပြန်ခြင်းဟူ၍ အသီးသီးဆောင်ရွက်ကြ၏။ ထိုအခြင်းအရာအားလုံးကို သင်တို့လုပ်ဆောင်ရာတွင် အသင်းတော် တည်ဆောက်စရာအတွက် ဖြစ်စေကြလော့။
ပရောဖက်ပြုဟောပြောသောသူကမူ လူတို့အား ဆောက်တည်စရာစကား၊ အားပေးစကား၊ နှစ်သိမ့်စကားတို့ကို ဟောပြော၏။
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုနေကြသည်ဟု သင်တို့ တစ်ချိန်လုံးထင်မှတ်နေကြသလော။ ကျွန်ုပ်တို့သည် ခရစ်တော်ပြောဆိုစေတော်မူလိုသည့်အတိုင်း ဘုရားသခင် ရှေ့တော်မှောက်၌ ပြောဆိုကြ၏။ ချစ်ရသောသူတို့… ကျွန်ုပ်တို့လုပ်ဆောင်သမျှ အရာရာတိုင်းသည် သင်တို့ကို ဆောက်တည်ပေးနိုင်ရန်ဖြစ်၏။
ကျွန်ုပ်တို့အားနည်းနေလျှင်ပင် သင်တို့အားကြီးပါက ကျွန်ုပ်တို့ဝမ်းမြောက်၏။ ကျွန်ုပ်တို့ဆုတောင်းသည်မှာ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် ဖြစ်၏။
သူတို့၏တာဝန်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်ကို တည်ဆောက်နိုင်ရန်အတွက် ယုံကြည်သူတို့ကို အမှုတော်လုပ်ငန်းအတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။
သင်တို့၏ နှုတ်မှ ဆိုးညစ်သောစကား တစ်ခွန်းကိုမျှ မထွက်စေနှင့်။ နားထောင်သူတို့အတွက် အကျိုးရှိစေရန် အချိန်အခါကို ကြည့်၍ ကောင်းသောစကားကို အပြုသဘောနှင့် ပြောကြလော့။