သို့ဖြစ်၍ ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်၌ အသက်ရှင်သောသူများဖြစ်သည်” ဟု မိန့်တော်မူ၏။
ရောမ 14:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် အသက်ရှင်လျှင် သခင်ဘုရားအတွက် ရှင်၏။ သေလျှင်လည်း သခင်ဘုရားအတွက် သေ၏။ ထို့ကြောင့် အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ကျွန်ုပ်တို့သည် သခင်ဘုရားပိုင်သောသူများ ဖြစ်ကြ၏။ Common Language Bible ငါတို့အသက်ရှင်လျှင်သခင်ဘုရား၏ အတွက်ဖြစ်၍သေလျှင်လည်း သခင်ဘုရား ၏အတွက်ဖြစ်၏။ ထို့ကြောင့်ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်ရာဖြစ်၏။- Garrad Bible ငါ တို့ အ သက် ရှင် သည် မှာ အ ရှင် ဘု ရား အ ဖို့ ရှင်၏။ သေ သည် မှာ လည်း အ ရှင် ဘု ရား အ ဖို့ သေ၏။ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ အ ရှင် ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် ကြ၏။ Judson Bible အသက်ရှင်လျှင်၊ သခင်ဘုရားအဖို့အလိုငှာ ရှင်၏။ သေလျှင်လည်း၊ သခင်ဘုရားအဖို့အလိုငှာ သေ၏။ ထိုကြောင့် အသင်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သခင်ဘုရားဆိုင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် အသက်ရှင်လျှင် သခင်ဘုရားအတွက်အသက်ရှင်၍ သေလျှင် သခင်ဘုရားအတွက်သေ၏။ ထို့ကြောင့် ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်တော်မူရာဖြစ်ကြ၏။ |
သို့ဖြစ်၍ ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်၌ အသက်ရှင်သောသူများဖြစ်သည်” ဟု မိန့်တော်မူ၏။
ဤသို့ ယေရှုမိန့်တော်မူခြင်းမှာ ပေတရုသည် မည်သို့သော သေခြင်းဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အရိပ်အမြွက်ကို ဖော်ပြတော်မူခြင်းဖြစ်၏။ ထိုသို့မိန့်တော်မူပြီးနောက် ယေရှုက “ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ဒါဝိဒ်မင်းသည် မိမိလက်ထက်တွင် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးနောက် ကွယ်လွန်၍ မိမိဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ခံရပြီး ပုပ်ပျက်ခဲ့ရ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
သို့ရာတွင် ပေါလုက “သင်တို့သည် ငိုကြွေးလျက် ကျွန်ုပ်စိတ်နှလုံးကို ပူဆွေးဝမ်းနည်းစေရန် အဘယ်ကြောင့် ပြုကြသနည်း။ ကျွန်ုပ်သည် ဂျေရုဆလင်မြို့၌ ထောင်ကျခံရန်မျှသာမက သခင်ယေရှု၏အမည်နာမအတွက် အသေခံရန်ပင် အသင့်ရှိပါ၏” ဟု ပြန်ပြောလေ၏။
သို့သော် ထမြောက်ခြင်းတွင် အလှည့်ကျရှိမည်ဖြစ်ပြီး ခရစ်တော်သည် အဦးဆုံးရှင်ပြန်ထမြောက်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည် ခရစ်တော် ပြန်လည်ကြွလာတော်မူသောအခါ ထမြောက်ကြလိမ့်မည်။
ကျွန်ုပ်သည် မည်သည့်အခါမျှ မရှက်ကြောက်ဘဲ ယခင်ကကဲ့သို့ ယခုအချိန်တွင်လည်း အစဉ်ရဲရင့်နိုင်မည်ဟု အပြည့်အဝယုံကြည်၍ မျှော်လင့်ပါ၏။ ကျွန်ုပ်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်ုပ်ပြောဆိုပြုမူသောအရာများကြောင့် ခရစ်တော်သည် ချီးမွမ်းခံရမည်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ဘုရားသခင်အား ပူဇော်ပြီး မိမိအသက်ကို သွန်းလောင်းရာပူဇော်စရာကဲ့သို့ သွန်းလောင်းရမည်ဆိုလျှင်ပင် ဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ကျွန်ုပ်ဝမ်းမြောက်၏။
အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အား သင်တို့မပေးနိုင်သည့် အကူအညီကို ပေးရန် မိမိအသက်ကို စွန့်စားကာ ခရစ်တော်၏ အမှုတော်အတွက် သေလုနီးပါးဖြစ်ခဲ့သောကြောင့် ဖြစ်၏။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံခဲ့သောကြောင့် ကျွန်ုပ်တို့သည် အသက်ရှင်ဆဲရှိသည်ဖြစ်စေ၊ သေလွန်ပြီးသည်ဖြစ်စေ ထိုသခင်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။