သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
ရောမ 14:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသားစားခြင်း၊ စပျစ်ဝိုင်သောက်ခြင်းစသော သင်၏ ညီအစ်ကိုမောင်နှမတစ်ဦးဦး တိုက်မိ၍လဲစရာဖြစ်စေမည့် အရာမှန်သမျှကို ရှောင်သင့်၏။ Common Language Bible အသားစားခြင်း၊ စပျစ်ရည်သောက်ခြင်းစ သောသင့်ညီအစ်ကိုအားတိုက်လဲစေရန် မည်သည်ကိုမျှမပြုသင့်။- Garrad Bible အ သား စား ခြင်း၊ စ ပျစ် ရည် သောက် ခြင်း စ သော သင့် ညီ အစ် ကို ကို တိုက် လဲ စေ ရန် မည် သည် ကို မျှ မ ပြု ဘဲ နေ သင့်၏။ Judson Bible အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်းကိစ္စမှစ၍၊ ညီအစ်ကိုထိမိ၍ လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။- မြန်မာ့စံမီသမ္မာကျမ်း အသားကိုမစား၊ စပျစ်ဝိုင်ကိုမသောက်၊ သင့်ညီအစ်ကိုအား ခလုတ်တိုက်စေသောအရာကိုလည်း မပြုဘဲနေလျှင် ကောင်း၏။ |
သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
သို့သော် ယေရှုသည် ပေတရုထံသို့ မျက်နှာမူလျက် “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည်ငါ့အတွက် ဆူးငြောင့်ခလုတ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
ထို့ကြောင့် အချင်းချင်း အပြစ်မတင်ဘဲ နေကြပါစို့။ အပြစ်တင်မည့်အစား အခြားယုံကြည်သောသူတစ်ယောက်အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ၍ လဲစရာမဖြစ်စေရန် ဆင်ခြင်ကြပါစို့။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
ထို့ကြောင့် ရုပ်တုအား ပူဇော်ထားသော အသားကို ကျွန်ုပ်စားသဖြင့် အခြားယုံကြည်သူကို မှားယွင်းစေမည်ဆိုပါက ထိုသို့မမှားယွင်းစေရန် ကျွန်ုပ် အသက်ရှင်သမျှကာလပတ်လုံး အသားကို မစားဘဲနေမည်။ အဘယ်ကြောင့်ဆိုသော် အခြားယုံကြည်သူကို မမှားယွင်းစေလိုသောကြောင့်ဖြစ်၏။
သို့သော်လည်း သင်တို့၏ လွတ်လပ်မှုသည် အသိစိတ်အားနည်းသူတို့အတွက် ထိမိ၍ လဲစရာ မဖြစ်စေရန် သတိပြုကြလော့။
ဤသည်မှာ သင်တို့သည် အကောင်းဆုံးဖြစ်သောအရာကို ပိုင်းခြားသိမြင်နိုင်၍ ခရစ်တော် ပြန်ကြွလာမည့်နေ့တိုင်အောင် ဖြူစင်ရိုးသားပြီး အပြစ်ဆိုဖွယ်မရှိစေရန် ဖြစ်၏။
ခြေမသန်သောသူတို့သည် အဆစ်မလွဲဘဲ ကျန်းမာသန်စွမ်းလာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းကို ပြင်ဆင်ကြလော့။
သို့ရာတွင် ငါသည် သင့်အား အပြစ်ပြောစရာ အနည်းငယ်ရှိ၏။ သင်တို့တွင် မှားယွင်းသည့်ပရောဖက်ဗာလမ်၏ သွန်သင်ချက်ကို လိုက်နာသောသူများရှိကြ၏။ အစ္စရေးလူမျိုးတို့သည် ရုပ်တုများအား ပူဇော်သည့်အစားအစာကို စားရန်လည်းကောင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း အစ္စရေးလူမျိုးတို့ရှေ့မှောက်၌ တိုက်မိစရာ ဆူးငြောင့်ခလုတ်ကိုချထားရန် ဗာလမ်သည် ဗာလက်မင်းအား သွန်သင်ခဲ့၏။