ချစ်ခြင်းမေတ္တာသည် ကိုယ်နှင့် သက်ဆိုင်သောသူတို့အား အကျိုးမယုတ်စေပါ။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏ ပညတ်တော်ကို ပြည့်စုံစေ၏။
ရောမ 14:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားယုံကြည်သောသူတစ်ယောက်သည် သင်စားသောအစာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လျှင် သင်သည် မေတ္တာတရားဖြင့် အသက်ရှင်နေထိုင်ရာ မကျတော့ပေ။ ထိုသူအတွက် ခရစ်တော်အသေခံပေးတော်မူခဲ့သည်ဖြစ်ရာ သင်စားသောအစားအစာကြောင့် သူ့ကို မပျက်စီးစေနှင့်။ Common Language Bible အကယ်၍သင်သည်မိမိစားသောအစား အစာအားဖြင့်ညီအစ်ကိုတစ်စုံတစ်ယောက် အားစိတ်အနှောင့်အယှက်ဖြစ်စေပါမူ ထို သူ၏အပေါ်တွင်မေတ္တာတရားကင်းမဲ့စွာ ပြုကျင့်ရာရောက်၏။ ထိုသူ၏အတွက်ခရစ် တော်သည်အသေခံတော်မူခဲ့သည်ဖြစ်ရာ တစ်စုံတစ်ခုသောအစားအစာကိုသင် စားခြင်းကြောင့်ထိုသူအားအကျိုးမနည်း စေနှင့်။- Garrad Bible စား ဖွယ် ခဲ ဖွယ် အ ကြောင်း ကြောင့် သင့် ညီ အစ် ကို စိတ် နာ လျှင် သင် သည် မေ တ္တာ တ ရား အ လျောက် ကျင့် ကြံ ပြု မူ တော့ သည် မ ဟုတ် ပြီ။ ခ ရစ် တော် အ သေ ခံ တော် မူ ရ သော သူ့ ကို သင့် စား ဖွယ် ခဲ ဖွယ် ကြောင့် ပျက် စီး ရာ မ ရောက် စေ နှင့်။ Judson Bible သင်၏ညီအစ်ကိုသည် သင်စားသော အစာကြောင့် စိတ်နာရလျှင်၊ သင်သည် မေတ္တာတရားကို မကျင့်။ ခရစ်တော်သည် အသေခံတော်မူသော ကျေးဇူးတော်ကို ခံသောသူကို သင်၏အစာအားဖြင့် အကျိုးမနည်းစေနှင့်။- မြန်မာ့စံမီသမ္မာကျမ်း အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။ |
ချစ်ခြင်းမေတ္တာသည် ကိုယ်နှင့် သက်ဆိုင်သောသူတို့အား အကျိုးမယုတ်စေပါ။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏ ပညတ်တော်ကို ပြည့်စုံစေ၏။
အစားအစာကြောင့် ဘုရားသခင်၏ အမှုတော်ကို မပျက်စီးစေနှင့်။ အစားအစာအားလုံးသည် စားသုံးသင့်သောအရာဖြစ်သော်လည်း ထိုအစာကို စားသုံး၍ တစ်ပါးသူအတွက် ထိမိ၍ လဲစရာဖြစ်စေလျှင် ထိုအခြင်းအရာသည် အပြစ်ဖြစ်၏။
ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ်နှင့်သက်ဆိုင်သောသူကို တည်ဆောက်ပျိုးထောင်ရာတွင် သူ၏အကျိုးကို ထောက်၍ သူ့ကို စိတ်ကျေနပ်စေရမည်။
ကျွန်ုပ်သည် လူဘာသာစကားများနှင့် ကောင်းကင်တမန်ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် ဆူညံသောမောင်း သို့မဟုတ် မြည်ဟည်းနေသောလင်းကွင်းကဲ့သို့သာ ဖြစ်၏။
ရုပ်တုများအား ပူဇော်သည့်အစားအစာနှင့်ပတ်သက်၍ “ကျွန်ုပ်တို့အားလုံး၌ အသိပညာရှိသည်” ဟူ၍ကျွန်ုပ်တို့သိထားကြ၏။ သို့သော် အသိပညာသည် လူကို မာနထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမှာမူ တည်ဆောက်ပေးတတ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
ယခင်က ပရောဖက်အတုအယောင်များသည် အစ္စရေးလူမျိုးထဲတွင် ပေါ်ပေါက်ခဲ့ကြသကဲ့သို့ သင်တို့ထဲတွင်လည်း ဆရာအတုအယောင်များ ပေါ်ပေါက်လာကြလိမ့်မည်။ သူတို့သည် ပျက်စီးစေမည့် အယူဝါဒအမှားများကို လျှို့ဝှက်စွာ ရိုက်သွင်းပေး၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောအရှင်ကိုပင် ငြင်းပယ်လျက် မိမိတို့အပေါ် ပျက်စီးခြင်းဘေးကို မကြာမီကျရောက်စေလိမ့်မည်။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း အပြစ်ဖြေရာယဇ်ဖြစ်တော်မူ၏။