သို့မဟုတ် ဘုရားသခင်၏ ကြင်နာခြင်းသည် သင့်ကို နောင်တရစေရန်ဖြစ်သည်ကို နားမလည်ဘဲ ကိုယ်တော်၏ ကြွယ်ဝသောကျေးဇူးပြုခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို သင်သည် မထီမဲ့မြင်ပြုသလော။
ရောမ 11:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ ဉာဏ်တော်နှင့် အသိပညာတို့သည် အလွန်နက်နဲလှ၏။ ဘုရားသခင်၏ ဆုံးဖြတ်တော်မူချက်နှင့် နည်းလမ်းတော်တို့ကို မည်သူနားလည်နိုင်သနည်း။ Common Language Bible ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။- Garrad Bible ဘု ရား သ ခင်၏ ကြွယ် ဝ သော ဉာဏ် ပ ညာ နှင့် အ သိ ပ ညာ တော် သည် အ လွန် နက် နဲ လျက် စီ ရင် တော် မူ ချက် များ ကို ရှာ ဖွေ ၍ မ ရ။ နည်း လမ်း တော် များ ကို လည်း နှိုက်၍ မ မီ နိုင် ပါ တ ကား။ Judson Bible ဘုရားသခင်၏ပညာနှင့် ဉာဏ် တော်သည် အလွန် ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။ |
သို့မဟုတ် ဘုရားသခင်၏ ကြင်နာခြင်းသည် သင့်ကို နောင်တရစေရန်ဖြစ်သည်ကို နားမလည်ဘဲ ကိုယ်တော်၏ ကြွယ်ဝသောကျေးဇူးပြုခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို သင်သည် မထီမဲ့မြင်ပြုသလော။
ဤသို့ပြုတော်မူခြင်းမှာ ဘုရားသခင်သည် မိမိဘုန်းတော်၏ကြွယ်ဝခြင်းကို မိမိကရုဏာထားတော်မူသောသူတို့ သိစေရန် ဖြစ်၏။ ထိုသူတို့မှာ ဘုန်းတော်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းခံရသောသူများ ဖြစ်ကြ၏။
သို့သော် ဘုရားသခင်သည် ဤအရာများကို ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။ ဝိညာဉ်တော်သည် အရာအားလုံးကို ဆန်းစစ်၍ ဘုရားသခင်၏ နက်နဲသောလျှို့ဝှက်ချက်များကိုပင် ကျွန်ုပ်တို့အား ဖော်ပြပေးတော်မူ၏။
ဘုရားသခင်၏ ကျေးဇူးတော် ကြွယ်ဝလှသဖြင့် ကျွန်ုပ်တို့သည် သားတော်နှင့် သားတော်၏ အသွေးတော်အားဖြင့် ရွေးနုတ်ခံကြရ၏။ ထိုရွေးနုတ်ခြင်းသည် အပြစ်ခွင့်လွှတ်ခြင်းပင် ဖြစ်၏။
ဤသည်မှာ ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အပေါ် ကျေးဇူးပြု၍ သာလွန်ထူးကဲသော ကျေးဇူးတော်၏ကြွယ်ဝခြင်းကို အနာဂတ်အစဉ်အဆက်တွင် ဖော်ပြရန် ဖြစ်၏။
ဤသို့ပြုခြင်းသည် ကောင်းကင်အရပ်ရှိ အုပ်ချုပ်သူများနှင့် အာဏာရှိသူများက အဘက်ဘက်၌ ပြည့်စုံသော ဘုရားသခင်၏ ပညာတော်ကို အသင်းတော်မှတစ်ဆင့် သိမြင်လာကြစေရန် ဖြစ်၏။
ဘုရားသခင်၏ ဘုန်းတော် ကြွယ်ဝသည်နှင့်အညီ သင်တို့၏ အတွင်းစိတ်ကို ဝိညာဉ်တော်မှတစ်ဆင့် တန်ခိုးတော်ဖြင့် ကြံ့ခိုင်သန်မာစေတော်မူရန် ဆုတောင်း၏။
ထိုမေတ္တာတော်၏ အလျား၊ အနံ၊ အမြင့်၊ အစောက်တို့ မည်မျှ ရှိသည်ကို ယုံကြည်သူအားလုံးနှင့်အတူ နားလည်သဘောပေါက်နိုင်စွမ်း ရှိရန် ကျွန်ုပ်ဆုတောင်း၏။ ခရစ်တော်၏မေတ္တာတော်သည် ကြီးမားလှသဖြင့် မည်သည့်အခါမျှ သင်တို့ အပြည့်အဝ နားလည်နိုင်မည် မဟုတ်သော်လည်း ထိုမေတ္တာတော်ကို သင်တို့ သိရှိခံစား၍ ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းအပေါင်းတို့ဖြင့် ပြည့်ဝလာကြရန် ကျွန်ုပ် ဆုတောင်း၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
ဤလျှို့ဝှက်နက်နဲသောအရာ၏ ဘုန်းစည်းစိမ်သည် လူမျိုးခြားတို့အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိစေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာသည် သင်တို့ထဲ၌ ကိန်းအောင်းတော်မူသည့်ခရစ်တော်ပင် ဖြစ်၏။ ခရစ်တော်ကြောင့် သင်တို့သည် ဘုရားသခင်၏ ဘုန်းအသရေကို ရရှိရန် မျှော်လင့်ရ၏။