သူသည် အလင်းရှင်အကြောင်းကို သက်သေခံရန် လာ၏။ ဤသို့ သက်သေခံခြင်းမှာ လူအပေါင်းတို့သည် ထိုအလင်းရှင်ကို ယုံကြည်လာစေရန်ဖြစ်၏။
ရောမ 11:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအပေါင်းတို့သည် မနာခံကြသောကြောင့် ပြစ်ဒဏ်ခံထိုက်ကြောင်း ဘုရားသခင်ပြသတော်မူ၏။ ဤသို့ ပြသတော်မူရခြင်းမှာ လူအပေါင်းတို့အပေါ် ကရုဏာထားလိုသောကြောင့်ပင် ဖြစ်၏။ Common Language Bible လူသားအပေါင်းတို့သည်မနာခံကြသည့် အတွက် ဘုရားသခင်သည်သူတို့အားအကျဉ်း သားများသဖွယ်ဖြစ်စေတော်မူ၏။ ဤသို့ ကိုယ်တော်ပြုတော်မူရခြင်းမှာသူတို့အား ကရုဏာတော်ကိုပြတော်မူလိုသောကြောင့် ပင်ဖြစ်ပေသည်။ Garrad Bible အ သို့ ဆို သော် ဘု ရား သ ခင် သည် သူ ခပ် သိမ်း တို့ အ ပေါ် တွင် က ရု ဏာ သက် တော် မူ အံ သော ငှါ သူ ခပ် သိမ်း တို့ ကို နား မ ထောင် ခြင်း၌ အ ကျဉ်း ချ ထား တော် မူ ၏။ Judson Bible ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှာ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် လူအပေါင်းတို့အပေါ်ကရုဏာထားတော်မူရန် လူအပေါင်းတို့ကို မနာခံမှုအဖြစ်၌ချုပ်ထားတော်မူ၏။ |
သူသည် အလင်းရှင်အကြောင်းကို သက်သေခံရန် လာ၏။ ဤသို့ သက်သေခံခြင်းမှာ လူအပေါင်းတို့သည် ထိုအလင်းရှင်ကို ယုံကြည်လာစေရန်ဖြစ်၏။
ငါသည်လည်း မြေမှ မြှောက်ထားခြင်းခံရသောအခါ လူအပေါင်းတို့ကို ငါ့ထံသို့ ဆွဲခေါ်မည်” ဟု မိန့်တော်မူ၏။
ယခုအခါ သူတို့သည် မနာခံသောသူများဖြစ်ကာ ဘုရားသခင်၏သနားကြင်နာခြင်းသည် သင်တို့ထံ ရောက်လာခြင်းအားဖြင့် သူတို့သည်လည်း ထိုသနားကြင်နာခြင်းကို မျှဝေခံယူကြရန် ဖြစ်၏။
ထိုနည်းလမ်းမှာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည့်နည်းလမ်းဖြစ်၏။ ခွဲခြားထားခြင်းမရှိဘဲ ယုံကြည်သောသူတိုင်းအတွက်ဖြစ်၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့ဂျူးလူမျိုးသည် အခြားလူမျိုးတို့ထက် သာလွန်ကောင်းမွန်သည်ဟု ဆိုနိုင်မည်လော။ ထိုသို့ လုံးဝ မဆိုနိုင်ပါ။ ဂျူးလူမျိုးဖြစ်စေ လူမျိုးခြားဖြစ်စေ လူအပေါင်းတို့သည် အပြစ်တရားလက်အောက်၌ရှိကြောင်းကို အထက်က ကျွန်ုပ်ဖော်ပြခဲ့ပြီးဖြစ်၏။
လူတစ်ဦး၏ မနာခံခြင်းကြောင့် လူများစွာတို့သည် အပြစ်သားများအဖြစ် သတ်မှတ်ခြင်းခံကြရသကဲ့သို့ လူတစ်ဦး၏ နာခံခြင်းကြောင့် လူများစွာတို့သည် ဖြောင့်မတ်သူများအဖြစ် သတ်မှတ်ခြင်းခံကြရ၏။
သို့သော် လူအပေါင်းတို့သည် အပြစ်၏ ချုပ်နှောင်မှုအောက်၌ ကျရောက်လျက်ရှိကြောင်း ကျမ်းစာတွင် ဖော်ပြထား၏။ ဤသည်မှာ ဘုရားသခင်သည် ယေရှုခရစ်တော်ကို ယုံကြည်သောသူတို့အား မိမိကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကို ပေးသနားတော်မူရန် ဖြစ်၏။
ယုံကြည်ခြင်းတရား မရှိမီအချိန်က ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတရား ပေါ်လာသည်အထိ ပညတ်တရားအောက်၌ အကျဉ်းသားများအဖြစ် ချုပ်နှောင်ခံခဲ့ကြရ၏။