သို့သော်လည်း သတင်းကောင်းကို လူတိုင်း လက်ခံသည် မဟုတ်။ ပရောဖက်ဟေရှာယက “အို ထာဝရဘုရား… အကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို မည်သူယုံပါသနည်း” ဟု ဆိုခဲ့၏။
ရောမ 11:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုအခါ သူတို့သည် မနာခံသောသူများဖြစ်ကာ ဘုရားသခင်၏သနားကြင်နာခြင်းသည် သင်တို့ထံ ရောက်လာခြင်းအားဖြင့် သူတို့သည်လည်း ထိုသနားကြင်နာခြင်းကို မျှဝေခံယူကြရန် ဖြစ်၏။ Common Language Bible ထိုနည်းတူဘုရားသခင်၏ကရုဏာတော် ကိုသင်တို့ခံစားကြရခြင်းကြောင့် ယုဒ အမျိုးသားတို့သည်ကရုဏာတော်ကိုမိမိ တို့လည်းခံစားရအံ့သောငှာ ဘုရားသခင် ၏စကားတော်ကိုယခုအခါမနာခံဘဲ နေကြ၏။- Garrad Bible သူ တို့ လည်း သင် တို့ ခံ စား ရ သော က ရု ဏာ တော် ကို ခံ စား ခွင့် ရ အံ့ သော ငှါ နား မ ထောင် ဘဲ ယ ခု ရှိ နေ ကြ ၏။ Judson Bible ထိုနည်းတူ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်း သနားတော်မူခြင်းကို ခံရမည်အကြောင်း၊ ယခုတွင် သူတို့သည် နားမထောင်ဘဲ နေရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည်လည်း ထိုနည်းတူ ယခုနာခံခြင်းမရှိကြပေ။ ဤသည်ကား သင်တို့ခံရသောကရုဏာတော်အားဖြင့် ယခုအခါ သူတို့သည်လည်း ကရုဏာတော်ကိုခံစားရကြစေရန်ဖြစ်၏။ |
သို့သော်လည်း သတင်းကောင်းကို လူတိုင်း လက်ခံသည် မဟုတ်။ ပရောဖက်ဟေရှာယက “အို ထာဝရဘုရား… အကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို မည်သူယုံပါသနည်း” ဟု ဆိုခဲ့၏။
သူတို့ကို ဘုရားသခင် စွန့်ပယ်တော်မူခြင်းသည် လောကီသားတို့အား ပြန်လည်သင့်မြတ်ခွင့်ကို ဖြစ်စေလျှင် သူတို့ကို လက်ခံတော်မူခြင်းသည် ပို၍ပင် အံ့ဖွယ်ဖြစ်လိမ့်မည်။ သေလွန်သောသူတို့ အသက်ပြန်ရှင်သကဲ့သို့ပင် ဖြစ်လိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
ယခင်က သင်တို့သည် ဘုရားသခင်ကို မနာခံခဲ့ကြသော်လည်း ယခုတွင်မူ အစ္စရေးလူမျိုးတို့၏ မနာခံခြင်းကြောင့် သင်တို့သည် ဘုရားသခင်၏သနားကြင်နာခြင်းကို ခံရကြ၏။
လူအပေါင်းတို့သည် မနာခံကြသောကြောင့် ပြစ်ဒဏ်ခံထိုက်ကြောင်း ဘုရားသခင်ပြသတော်မူ၏။ ဤသို့ ပြသတော်မူရခြင်းမှာ လူအပေါင်းတို့အပေါ် ကရုဏာထားလိုသောကြောင့်ပင် ဖြစ်၏။