ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။
ရောမ 11:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အစ္စရေးလူမျိုးတို့၏ မနာခံခြင်းသည် လောကီသားတို့၏ ကြွယ်ဝခြင်းကိုလည်းကောင်း၊ အစ္စရေးလူမျိုးတို့၏ ဆုံးရှုံးခြင်းသည် လူမျိုးခြားတို့၏ ကြွယ်ဝခြင်းကိုလည်းကောင်း ဖြစ်စေလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို သူတို့လက်ခံသောအခါ မည်မျှကြီးသော ကြွယ်ဝမှုကို ဖြစ်စေမည်နည်း။ Common Language Bible ယုဒအမျိုးသားတို့အပြစ်ကူးမှုသည်ကမ္ဘာ အား ကြွယ်ဝစွာကောင်းချီးခံစားစေသည်။ သူ တို့၏ဆုံးရှုံးမှုသည်လူမျိုးခြားတို့အားကောင်း ချီးများစွာခံစားစေပါလျှင် ယုဒအမျိုးသား တစ်ရပ်လုံးကခရစ်တော်ကိုယုံကြည်လက်ခံ လာကြသောအခါပို၍ပင်ကောင်းချီးခံစား ရကြလိမ့်မည်။ Garrad Bible ထို သူ တို့ လဲ ပြို ခြင်း ကြောင့် ဤ လော က ၌ လည်း ကောင်း၊ ဆုံး ရှုံး ခြင်း ကြောင့် လူ မျိုး ခြား တို့ ၌ လည်း ကောင်း၊ သု ခ ချမ်း သာ ဖြစ် လျှင် သူ တို့ စုံ လင် ရာ ရောက် ခြင်း ကြောင့် မည် မျှ သု ခ ချမ်း သာ ဖြစ် မည် နည်း။ Judson Bible သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွားကိုလည်းကောင်း၊ သူတို့၏ရှုံးခြင်းအရာသည် တစ်ပါးအမျိုးသားတို့၏ စီးပွားကိုလည်းကောင်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်းအရာသည် သာ၍ ပြုစုမည်မဟုတ်လော။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့ကျူးလွန်သောအပြစ်သည် လောကီသားတို့၏ကြွယ်ဝမှုဖြစ်ခဲ့ပြီး သူတို့၏ရှုံးနိမ့်ခြင်းသည် လူမျိုးခြားတို့၏ကြွယ်ဝခြင်းဖြစ်ခဲ့လျှင် သူတို့၏ပြည့်စုံခြင်းသည် မည်မျှပို၍များသောအကျိုးကို ဖြစ်စေလိမ့်မည်နည်း။ |
ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။
သူတို့ကို ဘုရားသခင် စွန့်ပယ်တော်မူခြင်းသည် လောကီသားတို့အား ပြန်လည်သင့်မြတ်ခွင့်ကို ဖြစ်စေလျှင် သူတို့ကို လက်ခံတော်မူခြင်းသည် ပို၍ပင် အံ့ဖွယ်ဖြစ်လိမ့်မည်။ သေလွန်သောသူတို့ အသက်ပြန်ရှင်သကဲ့သို့ပင် ဖြစ်လိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
ဘုရားသခင်၏ ဉာဏ်တော်နှင့် အသိပညာတို့သည် အလွန်နက်နဲလှ၏။ ဘုရားသခင်၏ ဆုံးဖြတ်တော်မူချက်နှင့် နည်းလမ်းတော်တို့ကို မည်သူနားလည်နိုင်သနည်း။
ဤသို့ပြုတော်မူခြင်းမှာ ဘုရားသခင်သည် မိမိဘုန်းတော်၏ကြွယ်ဝခြင်းကို မိမိကရုဏာထားတော်မူသောသူတို့ သိစေရန် ဖြစ်၏။ ထိုသူတို့မှာ ဘုန်းတော်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းခံရသောသူများ ဖြစ်ကြ၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
ဤလျှို့ဝှက်နက်နဲသောအရာ၏ ဘုန်းစည်းစိမ်သည် လူမျိုးခြားတို့အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိစေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာသည် သင်တို့ထဲ၌ ကိန်းအောင်းတော်မူသည့်ခရစ်တော်ပင် ဖြစ်၏။ ခရစ်တော်ကြောင့် သင်တို့သည် ဘုရားသခင်၏ ဘုန်းအသရေကို ရရှိရန် မျှော်လင့်ရ၏။